မုဒုံမြို့နယ် တာပတွန်ကျေးရွာ၌ တန် ၆၀ ကျ ဆန်ကြိတ်ခွဲစက် တည်ဆောက်နိုင်ရေး ဆွေးနွေးပွဲကျင်းပ

 

မုဒုံ    အောက်တိုဘာ   ၂၅


မွန်ပြည်နယ်အတွင်း   စိုက်ပျိုးရေး ထွက်ကုန်များကို    အခြေခံသည့်  ပြည်တွင်းထုတ်ကုန်များ      ပိုမို အားကောင်းစွာ ထုတ်လုပ်နိုင်ရန် နှင့်       ဒေသတွင်းတောင်သူများ စီးပွားရေး         အခွင့်အလမ်းများ ကောင်းမွန်စေရန်     ရည်ရွယ်၍ မုဒုံမြို့နယ်တွင်  တန်   ၆၀ ကျ  ဆန် ကြိတ်ခွဲစက် တည်ဆောက် နိုင်ရေးအတွက်   အောက်တိုဘာ ၂၄ ရက်က    မော်လမြိုင်မြို့ရှိ ငွေမိုးဟိုတယ်၌    မွန်ပြည်နယ် အစိုးရအဖွဲ့နှင့်       အောင်သဇင်  စိုက်ပျိုးရေးနှင့်    အထွေထွေ စီးပွားရေး    သမဝါယမအသင်းမှ တာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်း ရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ သည်။

 


ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက   မွန်ပြည်နယ် သည်  စီးပွားရေးအရ အချက်အချာ ကျသော     ပြည်နယ်ဖြစ်ပြီး   ကုန်းလမ်းသာမက     ရေလမ်းဖြင့် လည်း ကုန်စည်စီးဆင်းမှုလွယ်ကူ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင် ကြောင်း၊   မိုးစပါး    ရာနှုန်းပြည့် ကျော်လွန်စိုက်ပျိုးပြီး   နွေစပါး အပါအဝင်   အခြားဆီထွက်သီးနှံ များ           ပိုမိုတိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ဆန်စပါးကို ဒေသ အတွင်း  စားသုံးမှုဖူလုံသည့်အပြင် အခြားဒေသများနှင့်       ပြည်ပသို့ တင်ပို့နိုင်ရေး          ဆောင်ရွက်ရန်၊ မိရိုးဖလာ         စိုက်ပျိုးခြင်းထက် ခေတ်မီနည်းပညာများကို  အသုံး ပြု၍    စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဆန်ကြိတ်            စက်ကြီးများ တည်ထောင်ခြင်းဖြင့်    ဆန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ  အရည် အသွေးမီ ထုတ်လုပ်ရန်၊ တောင်သူ များ     ဝင်ငွေတိုးတက်ရေးအတွက်  ကာလတိုကာလရှည် စီမံကိန်းများ  အကောင်အထည်ဖော် ဆောင်ရွက် ရေး ဝိုင်းဝန်းပူးပေါင်း  ဆောင်ရွက် ရန် ပြောကြားသည်။ ဆက်လက်၍ အောင်သဇင်        စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး   သမဝါယမ အသင်းဥက္ကဋ္ဌ   ဦးအောင်ဇော်ဦးက  တန်   ၆၀    ကျ      ဆန်ကြိတ်ခွဲ စက်     တည်ဆောက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဒေသတွင်း    စပါးစိုက်တောင်သူ များနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်းကာ          စိုက်ပျိုးရေး ထုတ်ကုန်များ           တိုးတက် ကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့်    အစီအစဉ်များ၊ လယ်ယာသုံး     စက်ကိရိယာများ  အငှားစနစ်ဖြင့်    ကူညီထောက်ပံ့ မည့် အခြေအနေများကို  ရှင်းလင်း တင်ပြသည်။

 


ထို့နောက်       တက်ရောက် လာသူများက     တောင်သူများ အတွက် လိုအပ်သော သွင်းအားစု များဖြည့်ဆည်းရေး၊   ကန်ထရိုက် လယ်ယာစနစ်ဖြင့်     ဆောင်ရွက် မည့် လုပ်ငန်းများ၊ စိုက်ပျိုးစရိတ် ထုတ်ပေးနိုင်ရေးနှင့်  ပတ်သက်၍  ဆွေးနွေးတင်ပြပြီး         ပြည်နယ် ဝန်ကြီးချုပ်က    လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ကာ     မုဒုံမြို့နယ်    တာပတွန် ကျေးရွာ၌    တန်    ၆၀   ကျ ဆန်ကြိတ်ခွဲစက်   တည်ဆောက် မ ည့်           လျာထားမြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း      သိရ သည်။        

သားငယ် (ပြန်/ဆက်)