အာဆီယံ - တူကီယဲ Talent For Biz အစီအစဉ်

 

နေပြည်တော် အောက်တိုဘာ   ၂၅
၂၀၂၂  ခုနှစ်  အောက်တိုဘာ  ၂၉  ရက်တွင် မလေးရှားနိုင်ငံ  ကွာလာ လမ်ပူမြို့ရှိ    Ritz   calton    ဟိုတယ်၌   ကျင်းပပြုလုပ်သွားမည့် အာဆီယံ-တူကီယဲ     Talent   For Biz  အစီအစဉ်ကို  ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး  အဆိုပါအစီအစဉ်တွင်   ကမ္ဘာတစ်ဝန်းရှိ  ဈေးကွက် တွင်     ဦးတည်လျက်   တူကီယဲကုမ္ပဏီများဖြစ်သည့်    Aselsan, Havelsan, Ford,Turkish,   Aerospace (TUSAS), Turkish Airli-nes (THY),   Turkish    Airlines  Technology,    Turk     Telecom, Yunus   Emre   Institue  (YEE), General  Directorate  of State Airports    Authority  (DHMI)  မှ     ၎င်းတို့ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်     အလုပ်အကိုင်အခွင့်အလမ်းများနှင့်    ပတ်သက်၍ သတင်းအချက်အလက်များ   မျှဝေသွားမည်ဖြစ်သည်။       ထို့ပြင် ထိပ်တန်းမန်နေဂျာများ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များနှင့် တိုက်ရိုက်ပြောဆိုဆွေးနွေးနိုင်မည်  ဖြစ်သည့်အပြင်      အစီအစဉ်တွင်  အလုပ်ရုံဆွေးနွေးပွဲများ၊   လေ့လာဆန်းစစ်မှုများ၊        အလုပ်အကိုင်   လျှောက်ထားခြင်းများ၊     အလုပ်အင်တာဗျူးများနှင့်  ပတ်သက်၍ ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။
အဆိုပါ   အလုပ်အကိုင်ပြပွဲ    အစီအစဉ်သို့     ပါဝင်တက်ရောက် လိုသည့်  မြန်မာလူငယ်များအနေဖြင့်    Online မှတစ်ဆင့်      ပါဝင်  တက်ရောက်နိုင်ပြီး    ပါဝင်တက်ရောက်ရန်   Talent  Gate  Website (https://www. talentgate. org/register)  တွင်    အမည်စာရင်း ပေးသွင်း၍   အသေးစိတ်အချက်အလက်များကို  https://talent- forbiz.org  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အစီအစဉ်နှင့်ပတ်သက်၍   အသေးစိတ်သိရှိလိုပါက  အားကစား နှင့်       လူငယ်ရေးရာဝန်ကြီးဌာန၊  လူငယ်ရေးရာဦးစီးဌာန၊   တယ်လီ ဖုန်းနံပါတ် ၀၆၇ - ၃၄၁၃၉၅၀၊ ၀၉-၇၇၇၃၃၃၅၄၅ ၊ ၀၉ - ၄၂၅၃၂၅၁၃၃    များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။               
သတင်းစဉ်