ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန် ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ

 

နေပြည်တော် အောက်တိုဘာ ၂၅


ဒေသတွင်း     စားနပ်ရိက္ခာ    ဖူလုံ ရေး၊ စစ်မှုထမ်းဟောင်း  အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ  ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ  စားသောက်ရေး    အထောက်အကူဖြစ်စေရန် ရည်ရွယ် ၍  တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌    နယ်မြေခံ  တပ်မတော်သားများက   တန်ဖိုး သင့်  ထမင်းဟင်းများ၊   ဟင်းသီး        ဟင်းရွက်များနှင့်    တပ်မတော် စက်ရုံထုတ်  အသား၊  ငါးဘူးများ နှင့် စားသောက်ကုန်ပစ္စည်းများ ကို  ရောင်းချပေးလျက်ရှိသည်။

 


ထိုသို့ ရောင်းချပေးလျက်ရှိရာ အောက်တိုဘာ ၂၄ ရက်နှင့် ယနေ့ တွင်    ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းရှိ    မြို့နယ်သုံးမြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ် မြို့နှင့် မိုင်းတုံမြို့၊ ကရင်ပြည်နယ် လှိုင်းဘွဲမြို့၊ တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်၊ ရန်ကုန်တိုင်း  ဒေသကြီးအတွင်းရှိ မြို့နယ်၄၄ မြို့နယ်၊   ဧရာဝတီ တိုင်းဒေသကြီး   ပုသိမ်မြို့၊ ရခိုင် ပြည်နယ် စစ်တွေမြို့၊ မကွေးတိုင်း ဒေသကြီး     ရေစကြိုမြို့နှင့်   ငဖဲ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်သုံးမြို့နယ်တို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ ရှိ နယ်မြေခံ  တပ်မတော်သားများ နှင့် တာဝန်ရှိသူများက  တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်   စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းနှင့်  ဘက်စုံစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ  ထွက်ရှိ သည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန် နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော် စက်ရုံများမှ        ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊   ဘီစကစ်နှင့် စည်သွတ်ဘူးများ         စသည့် စားသောက်ကုန်    ပစ္စည်းများကို ပြင်ပ ပေါက်ဈေးထက်  သက်သာ သော  ဈေးနှုန်းများဖြင့် ရောင်းချ ပေးကြောင်း သတင်းရရှိသည်။


သတင်းစဉ်