
ကမ်ပါလာ အောက်တိုဘာ ၂၅
ယူဂန္ဓာနိုင်ငံအလယ်ပိုင်း မူကွန်နို ခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်း တွင် အောက်တိုဘာ ၂၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေး ငယ် ၁၁ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါ ဝမ်းနည်းဖွယ်ရာ မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၁ နာရီ ဝန်းကျင်တွင် မျက်မမြင် ဆာလာမာကျောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ မီးလောင်ရခြင်း၏ အကြောင်းရင်းကို လတ်တလော မသိရှိရသေးကြောင်း၊ လက်ရှိ အချိန်အထိ သေဆုံးသူ ၁၁ ဦးရှိ ကြောင်းနှင့် ခြောက်ဦးမှာ ပြင်းထန် သော ဒဏ်ရာရရှိခဲ့သောကြောင့် ကီဆိုဂါရှိ ဟီရိုနာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ယူဂန္ဓာနိုင်ငံ၌ စာသင်ကျောင်း များ မီးလောင်မှုမှာ အဖြစ်များ သည်ဟု သိရသည်။ နောက်ဆုံး အကြိမ် မီးလောင်မှုမှာ ဇန်နဝါရီလ က မြို့တော် ကမ်ပါလာရှိ စာသင် ကျောင်းတစ်ခု၌ဖြစ်ပြီး လေးဦး သေဆုံးခဲ့သည်ဟု သိရသည်။
၂၀၁၈ ခုနှစ်က နိုင်ငံအလယ် ပိုင်း အထက်တန်းကျောင်းတစ်ခု တွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသား ကျောင်းသူ ကိုးဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဆင်ဟွာ