
နေပြည်တော် အောက်တိုဘာ ၂၅
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၆၉) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈နာရီတွင် အဆိုပါတက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက် ရာတွင် နိုင်ငံသားများ၏ ပညာ ရည်မြင့်မားရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အနာဂတ်မျိုးဆက်သစ် များကို ပုံသွင်းပေးရသောအခြေခံ ပညာ ဆရာ ဆရာမများ၏ အခန်း ကဏ္ဍသည် အလွန်အရေးကြီး သဖြင့် အခြေခံပညာဆရာ ဆရာမ များ အထူးမွမ်းမံသင်တန်းများကို နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ပြန်လည်ဖွင့်လှစ် လေ့ကျင့်ပေး ခြင်းဖြစ်ကြောင်း။
သင်တန်းကို အခြေခံပညာ ဦးစီးဌာနရှိ မူလတန်းပြ၊ အလယ် တန်းပြ၊ အထက်တန်းပြအဆင့် အခြေခံပညာ ဆရာ ဆရာမများ ကို နိုင်ငံတော်၏ မူဝါဒလုပ်ငန်း စဉ်များ၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ အခြေအနေများအား သိရှိစေရန်၊ ကျောင်းသားများနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို လေ့လာနိုင်စေ ရန်၊ ဆရာ့သိက္ခာနှင့် ဆရာ့ ကျင့်ဝတ်များကို သဘောပေါက် တန်ဖိုးထားတတ်စေရန်၊ နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများကို သိရှိစေရန်၊ အခြေခံ စစ်ပညာကို နားလည်သဘော ပေါက်စေရန်နှင့် မိမိနိုင်ငံတော် အစဉ် တည်တံ့ခိုင်မြဲဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံသား တစ်ဦး၊ နိုင်ငံ့ဝန်ထမ်း တစ်ဦး အနေဖြင့် တာဝန်ရှိမှု၊ တာဝန်သိမှု များ ဖြစ်လာစေရန် ရည်ရွယ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း။
ထို့ပြင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်က ထုတ်ပြန်ထား သည့် လေ့ကျင့်သင်ကြားရေး ဆိုင်ရာ တည်မြဲအမိန့်နှင့် စီမံ ခန့်ခွဲရေးဆိုင်ရာ တည်မြဲအမိန့် တွင်ပါသော စည်းကမ်းများအပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလ အတွင်း ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုပါ တိတိ ကျကျ လိုက်နာဆောင်ရွက်သွား ကြရန် မှာကြားသည်။
အဆိုပါ သင်တန်းသို့ ပညာ ရေးဝန်ကြီးဌာနမှ သင်တန်းသား ၉၃ ဦး၊ သင်တန်းသူ ၃၇၆ ဦး စုစုပေါင်း ၄၆၉ ဦးတို့ တက်ရောက် ခဲ့ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ၂၅ ရက်အထိ ရက်သတ္တ ငါးပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်