စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ ပထမခြောက်လပတ်တွင် စက်မှုကဏ္ဍ လေးခု၊ ဝန်ဆောင်မှုကဏ္ဍ တစ်ခု၊ စုစုပေါင်း ငါးခု ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၅၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့

 

မုံရွာ   အောက်တိုဘာ   ၂၅


စစ်ကိုင်းတိုင်းဒေသကြီး    ရင်းနှီး မြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၉/၂၀၂၂) ကို အောက် တိုဘာ ၂၅ ရက်  နံနက်ပိုင်းတွင် တိုင်းဒေသကြီး     အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌    ကျင်းပ ရာ အစည်းအဝေးသို့ တိုင်းဒေသ ကြီး   ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊     တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊      တိုင်းဒေသ ကြီး     ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့်       ကုမ္ပဏီများမှ တာဝန်ရှိသူများ      တက်ရောက် ကြသည်။

 


ဖန်တီးပေးနိုင်ခဲ့


ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်က   တိုင်းဒေသကြီး အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်၏ ပထမ ခြောက်လပတ်တွင် စက်မှုကဏ္ဍ လေးခု၊ ဝန်ဆောင်မှု ကဏ္ဍ   တစ်ခု၊   စုစုပေါင်း ငါးခု ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး    အလုပ် အကိုင်အခွင့်အလမ်းပေါင်း ၁၅၀၀ ကျော်ကို      ဖန်တီးပေးနိုင်ခဲ့ပါ ကြောင်း၊ ယခုဒုတိယ ခြောက်လ ပတ်ကာလတွင်လည်း     ရင်းနှီး မြှုပ်နှံ ဝင်ရောက်လာရေးနှင့်အလုပ် အကိုင်အခွင့်အလမ်းများ      ပိုမို ဖန်တီးပေးနိုင်ရေးတို့ကို ကြိုးပမ်း ဆောင်ရွက်သွားကြရန်       တိုက် တွန်းလိုပါကြောင်း၊  မိမိတို့  တိုင်း ဒေသကြီးသည်      မြေဆီမြေလွှာ ကောင်းမွန်ပြီး         စိုက်ပျိုးရေး  အတွက်  သင့်တော်သောကြောင့်  ဆန်နှင့်ပတ်သက်၍ ထုတ်လုပ်မှု ကောင်းအောင်လုပ်ရန်    လိုအပ် သကဲ့သို့ တိုင်းပြည်အတွက် Food  Security အားကောင်းရန် လိုအပ် သောကြောင့် စိုက်ပျိုးရေးအခြေခံ သည့်          ရင်းနှီးမြှုပ်နှံမှုများကို အားပေးလျက်ရှိပါကြောင်း။

 


တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှု   ကော်မတီနေဖြင့်      လုပ်ထုံး လုပ်နည်းနှင့်အညီ လုပ်ငန်းများ ကို     တည်ဆောက်ကာလများ  သက်တမ်းတိုး      ခွင့်ပြုပေးခဲ့ပြီး  တိုင်းဒေသကြီးအတွင်း     ရင်းနှီး မြှုပ်နှံမှု           လုပ်ငန်းများအဖြစ်  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များနှင့် စက်မှုဇုန်များတွင်လည်း  စက်မှုလုပ်ငန်းရှင်များအား ဦးစား ပေး   ဖိတ်ခေါ်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်     ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်မေမျိုးဇော်က တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ Mandalay  Beverages Enterprise Co.,Ltd မှ သဘောထားမှတ်ချက်တောင်းခံ လာခြင်းကိစ္စ၊  Ma Du Co.,Ltd မှ မွေးမြူရေးလုပ်ငန်း     လုပ်ကိုင်ရန် အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်း လျှောက်ထားသော         ဧရိယာ နှင့်ပတ်သက်၍ တင်ပြလာခြင်း၊ တိုင်းဒေသကြီး       ရင်းနှီးမြှုပ်နှံမှု  ကော်မတီ၏    အတည်ပြုမိန့်ဖြင့်  လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Min Khant Soe Co.,Ltd        မှ တည်ဆောက်ရေးကာလ ပထမအကြိမ်တိုးမြှင့်ခွင့်ပြုပါရန် တင်ပြ လာခြင်း၊ Naing Soe Bo Co.,Ltd မှ         တည်ဆောက်ရေးကာလ ဒုတိယအကြိမ် တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စက်တင်ဘာ လအတွင်း ကွင်းဆင်းဝန်ဆောင်မှု ပေးခဲ့မှုများနှင့်         ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေး သို့      တက်ရောက်လာကြသော ကုမ္ပဏီလီမိတက်များမှ တာဝန်ရှိ သူများကလုပ်ငန်းများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် အစည်းအဝေးသို့  တက်ရောက်လာကြသော     တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်  တိုင်းဒေသကြီး     ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက  ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက် ၍   ဆွေးနွေးတင်ပြကြရာ   တိုင်း ဒေသကြီး ဝန်ကြီးချုပ်က  လိုအပ် သည်များကို တာဝန်ရှိသူများနှင့်     ဖြည့်ဆည်းပေါင်းစပ်      ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။ 


တိုင်းဒေသကြီး (ပြန်/ဆက်)