
ပဲခူး အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပ သည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအစည်း အဝေး အမှတ်စဉ် (၉/၂၀၂၂) ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လမ်းညွှန် ချက်များကို ဖတ်ကြားရှင်းလင်းခဲ့ကြောင်း သိရ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေ လုံလောက် စွာရရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းဆောင် ရွက်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေး အတွက် ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေး ကြိုတင် စီစဉ်ထားကြရမည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာ အဖြစ် သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းကို အရှိန် အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဒေသထွက်ပစ္စည်းများဖြင့် တန်ဖိုးမြှင့် ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ မွေးမြူ ရေးနှင့်ပတ်သက်၍ အသားထုတ်လုပ်မှု တိုးတက် မြင့်မားရေးနှင့် နို့နှင့် နို့ထွက်ပစ္စည်း တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေး နို့စားနွားမွေးမြူ ရေး ဇုန်များအား Pilot Project စတင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နို့စားနွား မွေးမြူသူများအတွက် တိရစ္ဆာန် အစာအဆင်ပြေစေရန် နေဗီယာမြက် စိုက်ပျိုးနိုင်ရေး စိုက်ပျိုးမြေများ စီစဉ်ဆောင်ရွက်ပေး သွားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဒေသအလိုက် မြေနှင့်ရေကို အကျိုးရှိရှိ အသုံးချရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုများ အပေါ် အကြံပြုတင်ပြကြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အေးချမ်းတည်ငြိမ်စွာ ရုံး လုပ်ငန်း ပုံမှန်ဆောင်ရွက်နေမှုနှင့် တည်ဆောက် ရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်