မြန်မာနိုင်ငံတစ်ဝန်းလုံး၌ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်သွားမည်

 

နေပြည်တော် အောက်တိုဘာ ၂၅


ယာဉ်စည်းကမ်း၊   လမ်းစည်းကမ်း သတ်မှတ်ချက်များအား  ဥပဒေနှင့် အညီ      တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို   ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။    

 


အစည်းအဝေးတွင် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက   မြန်မာနိုင်ငံ၌ မော်တော်ယာဉ်ဆိုင်ရာ ကြီးကြပ် ထိန်းသိမ်းမှုများ  ဆောင်ရွက်နိုင် ရန် ယာဉ်အန္တရာယ် ကင်းရှင်းရေး နှင့်      မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ (၂၀၂၀) ကို  ၂၀၂၀ ပြည့်နှစ်  မေ၂၆ ရက်တွင် လည်းကောင်း၊  ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု    နည်း ဥပဒေများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ  ၁၉    ရက်တွင်    လည်းကောင်း၊ လမ်းညွှန်းများ၊     လမ်းအမှတ် အသားများနှင့်      အချက်ပြများ ဆိုင်ရာ  ညွှန်ကြားချက်ကို  ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် လည်း ကောင်း ပြဋ္ဌာန်းထုတ်ပြန်ဆောင် ရွက်ခဲ့ပြီး  သက်ဆိုင်သည့်    ဌာန  ဆိုင်ရာနှင့် ဆက်စပ်အဖွဲ့အစည်း  များသို့ ဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည်   1968  Vienna Convention   on  Road  Traffic နှင့် Road Signs & Signals သို့  အဖွဲ့ဝင်နိုင်ငံအဖြစ်     ဝင်ရောက် ခဲ့ပြီးဖြစ်၍     လက်ရှိထုတ်ပြန် ကျင့်သုံးလျက်ရှိသော လမ်းညွှန်း များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများသည်       Vienna Convention ၏ ပြဋ္ဌာန်းချက်များ နှင့် ညီညွတ်ပြီးဖြစ်ပါကြောင်း။

 


သို့ဖြစ်၍ မော်တော်ယာဉ်များ  မောင်းနှင်အသုံးပြုနေသည့် လမ်း များကို  မြေပြင်တွင်  လက်တွေ့  အကောင်အထည်ဖော် စီမံခန့်ခွဲ ဆောင်ရွက်နေကြသည့်    ဝန်ကြီး ဌာနများနှင့်      မြို့တော်စည်ပင် သာယာရေး ကော်မတီများအနေ ဖြင့်   ၎င်းညွှန်ကြားချက်နှင့်အညီ  တစ်နိုင်ငံလုံး  အတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး     ရေးဆွဲ စိုက်ထူကြရန်ဖြစ်ပါကြောင်း။

 


နိုင်ငံတော်  စီမံအုပ်ချုပ်ရေး  ကောင်စီ   ဒုတိယဥက္ကဋ္ဌ    ဒုတိယ  ဝန်ကြီးချုပ်        ဦးဆောင်သည့်  အမျိုးသား ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council- NRSC) အနေဖြင့် National  Road  Safety  Action  Plan (2021-2030) ကို အကောင်အထည်ဖော်  ဆောင်ရွက်လျက်   ရှိပါကြောင်း၊  ယင်း  Action  Plan တွင်လည်း    လမ်းညွှန်း၊ လမ်းအမှတ်အသား၊        အချက်ပြနှင့်       သက်ဆိုင်သည့် လုပ်ငန်းစဉ်   (၂)  ရပ်   ပါဝင်ပြီး လုပ်ငန်းစဉ်များကိုလည်း     သက် ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည် တော်/ တိုင်းဒေသကြီး/ ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်      ကင်းရှင်းရေး ကောင်စီများအနေ ဖြင့်  လိုက်နာအကောင်အထည် ဖော် ဆောင်ရွက်စေရေး  ညွှန်ကြား ကြပ်မတ်လျက်ရှိပါကြောင်း။

 


ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း သတ်မှတ်ချက်များ၊ အထူး သဖြင့်     လမ်းညွှန်းများ၊    လမ်း အမှတ်အသားများနှင့် အချက်ပြ များအား      ထုတ်ပြန်ထားသည့် နည်းဥပဒေ၊  ညွှန်ကြားချက်များ နှင့်အညီ  တစ်နိုင်ငံလုံး  အတိုင်း အတာဖြင့် တစ်ပြေးညီဖြစ်စေရေး  သက်ဆိုင်ရာ      တာဝန်ရှိသည့် ဝန်ကြီးဌာနများ၊ မြို့တော်စည်ပင် သာယာရေး      ကော်မတီများက လေးစားလိုက်နာကြရန်နှင့် ကွဲလွဲ မှုများရှိနေပါက  ညွှန်ကြားချက် နှင့်အညီ     အမြန်ဆုံးစိစစ်ပြုပြင် ဆောင်ရွက်ပေးပါရန် တိုက်တွန်း မှာကြားလိုပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍    ပြည်ထဲရေး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး   စိုးထွဋ်က   အချို့ဒေသများတွင်  လမ်းညွှန်း  လမ်းအမှတ်အသားဆိုင်ရာ ကွဲလွဲ အသုံးပြုမှုများ စိစစ်တွေ့ရှိရသည့်  အတွက်  သက်ဆိုင်ရာဥပဒေနှင့် အညီ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်    တစ်ပြေးညီ     ဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်ရန်     လိုအပ် ကြောင်း၊   လူကူးမျဉ်းကျားနှင့် လမ်းပိုင်းများတွင်     အသုံးပြုနေ သော          ဆေးရောင်များသည် သတ်မှတ်ညွှန်ကြားချက်နှင့်အညီ  တစ်ပြေးညီဖြစ်ရန် လိုကြောင်း၊ လမ်းဘေး   ပလက်ဖောင်းများ သည်လည်း လူသွားရန်လုံလောက် သည့် သတ်မှတ်အကျယ်အဝန်း ရှိရန်    ဆောင်ရွက်သင့်ကြောင်း၊  ယခုလမ်းညွှန်း       လမ်းအမှတ်  အသားများနှင့်      အချက်ပြများ  တစ်ပြေးညီ     ဖြစ်စေရေးအတွက် သက်ဆိုင်ရာ      ဝန်ကြီးဌာနများ  ပူးပေါင်းဆွေးနွေး အဖြေရှာကာ  လိုအပ်မည်ဆိုပါက ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ    ဆောင်ရွက် သွားကြရမည်     ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 


ယင်းနောက်       ကုန်းလမ်း  ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က    လမ်း ညွှန်း လမ်းအမှတ်အသားများနှင့်  အချက်ပြများဆိုင်ရာ ဆောင်ရွက် ထားရှိမှု အခြေအနေကို ရှင်းလင်း တင်ပြသည်။

 


ဆက်လက်၍     နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်    ဆက်သွယ်ရေး ဝန်ကြီးဌာန       ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာ     ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊     ညွှန်ကြားရေးမှူးချုပ်များ၊  ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး၊ အမြန်လမ်း ရဲတပ်ဖွဲ့ မှူးနှင့်  တာဝန်ရှိသူများကဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။

 


မြန်မာနိုင်ငံ      တစ်ဝန်းလုံး၌  လမ်းညွှန်းများ၊ လမ်းအမှတ်အသား များနှင့် အချက်ပြများ တစ်ပြေးညီ   ဖြစ်စေရေးအတွက် ဗဟိုကြီးကြပ် ရေးအဖွဲ့နှင့်    တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး   စနစ် တကျ  ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။


 သတင်းစဉ်