မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း အသုံးပြုခွင့် ရရှိထားသူများအနေဖြင့် တည်ဆဲဥပဒေ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အကျိုးရှိထိရောက်စွာ အသုံးချရန် လိုအပ်

 

နေပြည်တော် အောက်တိုဘာ ၂၅


မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များကို    အကျိုးရှိထိရောက်စွာ ဖော်ထုတ်အသုံးချနိုင်ရေး    စီမံ ဆောင်ရွက်ပေးနေမှုအပေါ်  အသုံး ပြုခွင့် ရရှိထားသူများအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်း များ အပြည့်အဝအကောင်အထည် ဖော်   ဆောင်ရွက်ရန်လိုကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကို   ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ   ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊     ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ခွဲစိတ် ခြင်းမပြုရန် ဥပဒေပြဋ္ဌာန်းထားရှိမှု အပေါ်        တိကျစွာလိုက်နာ ဆောင်ရွက်ရေးနှင့် မြေခွန်များကို သတ်မှတ်ကာလအတွင်း   အပြေ အကျေ       ကောက်ခံရရှိရေးတို့ အတွက်  တာဝန်ရှိသူအဆင့်ဆင့် တို့က   စနစ်တကျကြပ်မတ်ရန် လိုကြောင်း   ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊     မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌      ကျင်းပပြုလုပ်သည့် မြေလွတ်၊  မြေလပ်နှင့်   မြေရိုင်း များ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ     ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက  ပြောကြားသည်။

 


နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် သတ္တမ အကြိမ်အဖြစ်    ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်း အဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဗဟိုကော်မတီဝင် များ စုံညီစွာတက်ရောက်ဆွေးနွေး ကြသည်။

 


 ခွင့်ပြုချထားပေးလျက်ရှိ


စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူ ရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ် ခြင်းလုပ်ငန်းနှင့် အစိုးရကခွင့်ပြု ထားသော  ဥပဒေနှင့်  ညီညွတ် သည့်        အခြားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်    အသုံးပြုခွင့် လျှောက်ထားလာသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ ဌာနဆိုင်ရာ များသို့   မြေလွတ်၊   မြေလပ်နှင့် မြေရိုင်းများ   စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ     ဗဟို ကော်မတီက    ခွင့်ပြုချထားပေး လျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၁ ရက်မှ ယနေ့အထိ စိုက်ပျိုးရေး လုပ်ငန်းအတွက်    ဧရိယာဧက ၈၀၀၀ ကျော် ၊ မွေးမြူရေးလုပ်ငန်း အတွက်    ဧက   ၁၀၀၀  ကျော်၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်း အတွက်   ၉၅၃  ဧကကျော်နှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေ နှင့် ညီညွတ်သည့် အခြားလုပ်ငန်း အတွက်   ဧက   ၈၀၀၀  ကျော်၊ စုစုပေါင်း ဧရိယာဧက ၁၈၀၀၀ ကျော်ကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်များ     ထုတ်ပေးခဲ့ပြီး ဖြစ်သည်။

 


၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ် နှင့်      မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွား ရေးလုပ်ငန်းရပ် အသီးသီးအတွက် လုပ်ပိုင်ခွင့်၊   အသုံးပြုခွင့်  ခွင့်ပြု ဧရိယာ ဧက ၁၈၀၀၀၀ ကျော်ကို မြေလွတ်၊    မြေလပ်နှင့်    မြေရိုင်း များ   စီမံခန့်ခွဲရေးဗဟိုကော်မတီ မှ   ခွင့်ပြုထားရှိခဲ့ပြီးဖြစ်သကဲ့သို့ တိုင်းဒေသကြီး၊       ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ   စီမံခန့်ခွဲ ရေးကော်မတီများမှ ဧက ၂၂၀၀၀၀ ကျော် ခွင့်ပြုခဲ့ပြီးဖြစ်၍ တစ်နိုင်ငံ လုံး၌   မြေလွတ်၊  မြေလပ်နှင့် မြေရိုင်း   ဧက  ၄၁၀၀၀၀  ကျော် ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ ခွင့်ပြုဧရိယာများအပေါ် ဥပဒေ၊ နည်းဥပဒေများပါ   ပြဋ္ဌာန်းချက် များနှင့်အညီ စိစစ်ရန် သတ်မှတ် အချိန်ကာလများ ရောက်ရှိနေပြီ ဖြစ်၍ အသုံးပြုခွင့်ရရှိထားသူများအနေဖြင့် ဥပဒေ၊ စည်းကမ်းချက် များနှင့်အညီ   အကောင်အထည် ဖော် ဆောင်ရွက်ထားရန် လိုအပ်သည်။ 

 


ဖွဲ့စည်းပေးလျက်ရှိ


မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ     စီမံခန့်ခွဲရေးနည်းဥပဒေ အပိုဒ် (၅၂) အရ စတင်ခွင့်ပြုသည့် နေ့မှစ၍ လေးနှစ်အတွင်း ပထမ နှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ဒုတိယနှစ် တွင်  ၃၀ ရာခိုင်နှုန်း၊ တတိယနှစ် တွင် ၃၀ ရာခိုင်နှုန်းနှင့် စတုတ္ထနှစ် တွင် ၂၅ ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်း ပြည့်        လုပ်ငန်းပြီးစီးသည်ထိ ဖော်ထုတ်     လုပ်ကိုင်ရန်ဖြစ်ပြီး ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်း အတွက်      ခွင့်ပြုထားသော မြေလွတ်၊   မြေလပ်နှင့်  မြေရိုင်း များကို သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနနှင့်  ညှိနှိုင်းသတ်မှတ်သည့် ကာလအတွင်း    လုပ်ငန်းပြီးစီး သည်ထိ ဖော်ထုတ်လုပ်ကိုင်ရမည် ဖြစ်သည်။ လုပ်ကိုင်ခွင့်၊ အသုံးပြု ခွင့်          ရယူထားသော်လည်း သတ်မှတ်ချက်များနှင့်အညီ ပြီးစီး အောင်      လုပ်ကိုင်ခြင်းမရှိသည့် လုပ်ပိုင်ခွင့်၊    အသုံးပြုခွင့်ကို ပြန်လည်    သိမ်းဆည်းသွားမည့် အပြင်    တင်သွင်းထားသော အာမခံကြေးငွေအား   နိုင်ငံတော် ဘဏ္ဍာအဖြစ်   သိမ်းဆည်းသွား မည်ဖြစ်ကြောင်း၊ စိစစ်အရေးယူ ခြင်းလုပ်ငန်း       ဆောင်ရွက်ရန် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊    ပြည်နယ်များ၌ အထူးအဖွဲ့များ       ဖွဲ့စည်းပေးလျက် ရှိကြောင်း သိရသည်။ 

 


ဆွေးနွေး


ယနေ့      အစည်းအဝေးတွင် ပြည့်စုံမှုရှိသည့် လုပ်ငန်းစာတွဲများ အနက် သက်ဆိုင်ရာဝန်ကြီးဌာန များ၏   သဘောထားမှတ်ချက် ပြန်ကြားလာသည့် လုပ်ငန်းစာတွဲ များ စိစစ်တင်ပြခြင်း၊  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင် ခွင့်၊ အသုံးပြုခွင့်ရရှိမှုများအပေါ် စည်းကမ်းချက် သတ်မှတ်ကာလ လေးနှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင်တွင်      အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှု စစ်ဆေးအထူး အဖွဲ့များ   ပြင်ဆင်ဖွဲ့စည်းပေးရန် ကိစ္စရပ်များ၊      အထူးအဖွဲ့၏ စစ်ဆေးချက်ဖြင့် တင်ပြလာသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရယူထား ပြီး     အမှန်တကယ်  စိုက်ပျိုး လုပ်ကိုင်ခြင်းမရှိသော   မြေများ အား    ပြန်လည်သိမ်းဆည်းရန် ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့်ရရှိသူများက မြန်မာ့စီးပွားရေး ဘဏ်သို့ မြေခွန်ပေးသွင်းထားမှု များ၊ ရရန်ကျန်ရှိသော မြေခွန်များ အပြေအကျေရရှိရေး    ကောက်ခံ ရေးကိစ္စရပ်များနှင့် မြေခွန်တော်ကြွေးကျန်ရှိသူများအား ဥပဒေနှင့် အညီ စီမံဆောင်ရွက်ရန် ကိစ္စရပ် များကို  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။              

သတင်းစဉ်