MSME ထုတ်လုပ်မှုကဏ္ဍ ပြည်တွင်းရှိ ကုန်ကြမ်းများကိုအသုံးပြု၍ လုပ်ကိုင်နိုင်သည့် လုပ်ငန်းအမျိုးအစား ၁၂ ခုကို ဦးစားပေး မွေးမြူရေးကဏ္ဍတွင် အဓိကစားသုံးသော (ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးများကို) တိုးမြှင့်မွေးမြူ

 

တောင်ကြီး  အောက်တိုဘာ  ၂၅


ဒေသဖွံ့ဖြိုးတိုးတက်စေရန် တစ်ဦး တစ်ယောက်၊  ဌာနအဖွဲ့အစည်း တစ်ခုတည်းနှင့်   လုပ်ယူ၍မရဘဲ ဆက်စပ်ဌာန       အချင်းချင်း ပေါင်းစည်း      ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပ ခဲ့သည့်  အသေးစား၊  အငယ်စား၊ အလတ်စား  စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး၌ နိုင်ငံတော်ဝန်ကြီး ချုပ်က MSME ထုတ်လုပ်မှုကဏ္ဍ တွင် လုပ်ငန်းအမျိုးအစား ၂၃ ခု ရှိသော်လည်း       ပြည်တွင်းရှိ ကုန်ကြမ်းများကို    အသုံးပြု၍ လုပ်ကိုင်နိုင်သည့် လုပ်ငန်းအမျိုး အစား ၁၂ ခုကို ဦးစားပေးအနေ ဖြင့် ထုတ်လုပ်ဆောင်ရွက်ရန်နှင့် မွေးမြူရေးကဏ္ဍတွင်    အဓိက စားသုံးသော (ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးများကို) တိုးမြှင့်မွေးမြူ ရန်  မှာကြားခဲ့ပါကြောင်း   ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပြောကြားသည်။

 


ရှမ်းပြည်နယ်အတွင်းရှိ အသေး စား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ     ဖွံ့ဖြိုး တိုးတက်ရေး     လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို    ယနေ့နံနက် ၉   နာရီက  တောင်ကြီးမြို့  ရှမ်း ပြည်နယ်အစိုးရရုံး  အစည်းအဝေး ခန်းမ၌ ကျင်းပရာတွင် ပြည်နယ် ဝန်ကြီးချုပ်က ယင်းသို့ပြောကြား ခြင်းဖြစ်သည်။

 


ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ် က      ယခုအစည်းအဝေးတွင် အေဂျင်စီအဖွဲ့ဝင်ပါဌာနများအနေ ဖြင့် မိမိတို့ဌာနအလိုက် MSME များ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်  ဆောင်ရွက်နေမှု အခြေအနေများကို     ရှင်းလင်း တင်ပြစေလိုကြောင်း၊ တင်ပြချက် များမှ      အားသာချက်များကို လက်တွေ့အကောင်အထည်ဖော် ပြီး      အားနည်းချက်များရှိပါက ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြော ကြားလိုကြောင်း၊ ရှမ်းပြည်သည် မြေဧရိယာ       ကျယ်ဝန်းသည့် အတွက်   စိုက်ပျိုးရေးလုပ်ကိုင် ရာတွင်     အောင်မြင်ဖြစ်ထွန်း သကဲ့သို့       မွေးမြူရေးဇုန်များ ထပ်မံ   ဖော်ထုတ်ရေးကိုလည်း အကောင်အထည်ဖော်   ဆောင် ရွက်သွားမည်ဖြစ်ပြီး   ပြည်နယ် MSME Agency အနေဖြင့် ဒေသ တွင်းရှိ  အသေးစား၊  အငယ်စား၊ အလတ်စား   စီးပွားရေးလုပ်ငန်း များ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်    ဆောင် ရွက်နေသကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်း/ဒေသ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့များအနေဖြင့်    မိမိတို့ ဒေသအတွင်းရှိ MSME များ ဖွံ့ဖြိုး တိုးတက်ရေးအတွက်   အကောင် အထည်ဖော်  ဆောင်ရွက်ပေးကြ ရန် ပြောကြားသည်။

 


ဆက်လက်၍   ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး         ဦးခွန်သိန်း မောင်၊   ပြည်နယ်အစိုးရအဖွဲ့    အတွင်းရေးမှူး     ဦးစိုင်းသော်ဝင်း တို့က    ဆွေးနွေးတင်ပြကြပြီး    တက်ရောက်လာသည့် ပြည်နယ် အဆင့်များဖြစ်သည့်      ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန၊    ပြည်နယ်သမဝါယမ ဦးစီးဌာန၊      ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ပြည်နယ်    စည်ပင်သာယာရေး ဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက MSME လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ  ဆွေးနွေးတင်ပြကြ သည်။

 


ထို့နောက်      ရှမ်းပြည်နယ် ကုန်သည်များနှင့်  စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊   ၎င်း၏ ညီနောင်      အသင်းအဖွဲ့များမှ ဆွေးနွေးတင်ပြကြပြီး    တက် ရောက်လာကြသည့် တောင်ကြီး၊ တာချီလိတ်၊       လားရှိုးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကြပြီး အထွေထွေ ဆွေးနွေးရာ      မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာက     ဆွေးနွေး တင်ပြ၍   ဆွေးနွေးတင်ပြချက် များအပေါ်    ပြည်နယ်ဝန်ကြီးချုပ် က   လိုအပ်သည်များ     ဖြည့်စွက် ဆွေးနွေး၍     နိဂုံးချုပ်စကား       ပြောကြားခဲ့ကြောင်း   သိရသည်။ 


သတင်းစဉ်