ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် နှစ်ဦးကို ၎င်း၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော် အောက်တိုဘာ  ၂၂


တိုင်းရင်းသား   လက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များကို     ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏   မိဘအုပ်ထိန်းသူများထံသို့   လွှဲပြောင်းပေး အပ်လျက်ရှိသည်။

 


 ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ  ၂၁ ရက်   နံနက်ပိုင်းတွင်လည်း   ရှမ်းပြည်နယ် (တောင်ပိုင်း)       ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ    စီမံအုပ်ချုပ်ရေးအဖွဲ့   အစည်း အဝေးခန်းမ(၁)၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်း အနားကို    ပြုလုပ်ခဲ့ပြီး   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဥက္ကဋ္ဌဦးအာကာလင်း၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ကြီးတပ်နယ်မှ တာဝန်ရှိသူများ၊ (ပင်းတယ၊ ရွာငံ)တို့မှ   မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊   ဥပဒေဘောင်အတွင်း   ဝင်ရောက်လာသူနှင့် ၎င်း၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။ 

 


ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့်  တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး   ပြောကြားသည်။   ထို့နောက် ဥပဒေဘောင်အတွင်း   ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရွာငံမြို့မှ PDF အဖွဲ့ဝင် အမျိုးသား   နှစ်ဦးကို    ဝန်ခံကတိလက်မှတ်ရေးထိုး စေကာ ထောက်ပံ့ပစ္စည်းများ  ပေးအပ်ပြီး  ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြ သည်။

 


PDF   အပါအဝင်   အဖွဲ့အစည်းအမျိုးမျိုးတို့ အနေဖြင့်   နိုင်ငံတော်၏   ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး               သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး           ပြည်သူ့ဘဝသို့ပြန်လည် ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက  ထုတ်ပြန်ထားပြီး ဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင် များက  တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြ သဖြင့်   သက်ဆိုင်ရာ   တာဝန်ရှိသူများက   ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်