
ဆစ်ဒနီ အောက်တိုဘာ ၂၂
ဂျပန်နှင့် ဩစတြေးလျနိုင်ငံတို့သည် လာမည့်ဆယ်စုနှစ်အတွက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲ ကြေညာချက်အသစ်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီးရှီဒါးနှင့် ဩစတြေး လျဝန်ကြီးချုပ် အန်တိုနီ အယ်ဘာနီးစ်တို့သည် ဩစတြေးလျနိုင်ငံ အနောက်ပိုင်း ပါ့ကမ်းရိုးတန်းမြို့ တွင် အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက နှစ်နာရီ ကြာ တွေ့ဆုံခဲ့သည်။
တရုတ်နိုင်ငံ၏ ရေကြောင်းသွားလာမှုတိုးတက် ရေးအပါအဝင် ဒေသတွင်းပတ်ဝန်းကျင် လုံခြုံရေး ကို ထင်ဟပ်စေသည်ဟု ရှုမြင်သည့် ပူးတွဲကြေညာ ချက်ကို ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်သည် စည်းမျဉ်းကို အခြေခံသည့်အမိန့်၏ အရေးပါမှုကို အလေးပေး ဖော်ပြထားသည်။ ဂျပန်နှင့် ဩစတြေးလျတို့သည် နှစ်နိုင်ငံလုံးနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်ဒေသများကို သက်ရောက်မှုရှိနိုင်သည့် အရေးပေါ်အခြေအနေ တစ်ရပ်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။ သဘောဝဓာတ်ငွေ့ရည်၊ ရှားပါးသတ္တုများနှင့် အခြားအရင်းအမြစ်များကို ထောက်ပံ့နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွား မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်နှင့် ဩစတြေးလျ ဝန်ကြီးချုပ်တို့က အတည်ပြုပြောကြားသည်။
အင်န်အိတ်ချ်ကေ