မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့၌ ပုလဲအတွဲပေါင်း ၃၆၂ တွဲနှင့် ကျောက်မျက်အတွဲပေါင်း ၅၅ တွဲ ရောင်းချခဲ့ရ

 

နေပြည်တော် အောက်တိုဘာ ၂၂


၂၀၂၂  ခုနှစ်   နှစ်လယ်  မြန်မာ့ ကျောက်မျက်ရတနာပြပွဲ စတုတ္ထ နေ့ကို               နေပြည်တော်ရှိ မဏိရတနာ  ကျောက်စိမ်းခန်းမ၌  ဆက်လက်ကျင်းပသည်။

 


နံနက်ပိုင်းမှစတင်၍  ပြည် တွင်း၊ ပြည်ပရတနာကုန်သည်များ သည်   မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထား သည့်       ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမ အပြင်ဘက်  သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း  အရိုင်းတွဲများကို စိတ်ကြိုက်       လေ့လာကြည့်ရှုကြ သည်။

 


ယနေ့ပြပွဲတွင်  ရောင်းချမည့် ကျောက်မျက်အတွဲအမှတ်   ၁  မှ အတွဲအမှတ် ၁၂၀ အထိ ကျောက် မျက်အတွဲများကို     ပြည်တွင်း၊ ပြည်ပရတနာ    ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး    ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့  ထည့်သွင်းကြသည်။

 


ထို့နောက်   ကျောက်မျက် အတွဲအမှတ် ၁ မှ   အတွဲအမှတ် ၁၂၀  အထိ   တင်သွင်းထားသော ဈေးနှုန်း    တင်သွင်းလွှာများကို တာဝန်ရှိသူများက   တင်ဒါအမှတ် ၁ နှင့်   တင်ဒါအမှတ်  ၂   ထဲသို့ ထည့်သွင်းပြီး နံနက် ၉ နာရီတွင် ဖွင့်ဖောက်စစ်ဆေးကာ  ကျောက် မျက်အတွဲပေါင်း   ၅၅ တွဲ  ရောင်း ချရကြောင်း  ကြေညာသည်။

 


ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်း အတွဲအမှတ် ၁  မှ  အတွဲအမှတ် ၇၅၀ ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊     ပြည်ပရတနာကုန် သည်များအား  ဆက်လက်ရောင်း ချပေးသွားမည်ဖြစ်ကြောင်း   သိရ သည်။

 


ယခုကျင်းပပြုလုပ်သည့် နှစ် လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို  မဏိရတနာကျောက်စိမ်း ခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေ ခြင်းဖြစ်ပြီး     ပြပွဲတွင်    ပုလဲအတွဲ ပေါင်း  ၄၀၀ အနက်မှ စုစုပေါင်း ပုလဲအတွဲပေါင်း   ၃၆၂   တွဲနှင့် ကျောက်မျက်အတွဲ ၁၂၀ အနက်မှ အတွဲပေါင်း ၅၅ တွဲ ရောင်းချခဲ့ရပြီး ကျောက်စိမ်းအတွဲ  ၂၁၅၀  တို့ကို အောက်တိုဘာ၂၃ ရက်မှ ၂၅ ရက် နေ့များတွင်  အိတ်ဖွင့်တင်ဒါစနစ် ဖြင့်   ပြည်တွင်း၊   ပြည်ပ   ရတနာ ကုန်သည်များကို        ဆက်လက် ရောင်းချ              ပေးသွားမည်ဖြစ် ကြောင်း   သိရသည်။   

 


ထိုသို့ ရောင်းချရာ၌ ကျောက် မျက်အတွဲများနှင့်  ကျောက်စိမ်း အတွဲများကို ကြမ်းခင်းဈေး  ယူရို ငွေဖြင့် သက်မှတ်ထားပြီး ပြည် တွင်း၊ ပြည်ပရတနာကုန်သည်များ အနေဖြင့်     ငွေပေးချေရာတွင်  အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ်နှင့်             ကျပ်ငွေများဖြင့်  ပေးချေနိုင်ကြောင်း သိရသည်။


သတင်းစဉ်