
နေပြည်တော် အောက်တိုဘာ ၂၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်ရှိ မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက် ရှိသော စက်သုံးဆီသိုလှောင်ရုံနေရာများသို့ ရောက်ရှိ ကာ စီမံကိန်းဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ရှင်းလင်းဆောင်တွင် စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေမောင်နှင့် မြန်မာ့စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်တို့က မြန်မာနိုင်ငံ အထက် ပိုင်းသို့ စက်သုံးဆီဖြန့်ဖြူးရေး၊ သိုလှောင်ရေးနှင့် စီမံကိန်းတည်ဆောက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ တင်သွင်းလာသည့် စက်သုံးဆီများကို မြန်မာနိုင်ငံ အထက်ပိုင်းရှိ မြို့များသို့ ဖြန့်ဖြူးနိုင်ရေးအတွက် သယ်ယူမှု၊ လုံလောက်စွာ သိုလှောင်ထားရှိမှု၊ ဖြန့်ဖြူး မှုနှင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ မြို့ကြီးများတွင် စက်သုံးဆီ လုံလောက်စွာနှင့် ဈေးနှုန်းတည်ငြိမ်စွာဖြင့် ပုံမှန်ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုကို စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်