ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   အောက်တိုဘာ   ၂၁


ပြန်ကြားရေးဝန်ကြီးဌာန     ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန    စာပေဗိမာန်ရုံးက အပတ်စဉ်   စနေနေ့တိုင်း  ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


၂၂ -၁၀ - ၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၃) တွင်    အဘွားသည် အဘိုးကို ကတိပေးထား သည့်အတိုင်း   နွားကို     ကြက်နှင့်   အတွဲလိုက် တွဲရောင်းကာ  နွားတန်ဖိုး၏   တစ်ဝက်ကိုခွဲကာ အဘိုးအတွက် အလှူဒါနလုပ်ပေးပြီး  ကျန် တစ်ဝက်ကို     မိမိလုပ်ကိုင်စားသောက်ရန် အတွက်   နွားလေးကို   ပြန်ဝယ်လိုက်သည့်   ဉာဏ်ထက်မြက်သည့်  အဘွားအကြောင်းကို   တင်ဆက်ထားသည့်   “အဘိုးနဲ့   အဘွား”  မျက်နှာဖုံးကာတွန်း၊    ခန္ဓာကိုယ်အတွက် လိုအပ်သော အောက်ဆီဂျင်ဓာတ်ကို    ပြည့်ဝ စွာရရှိနိုင်ရန်    အသက်ကို   ပြင်းပြင်းရှူရန်နှင့် လေ့ကျင့်ခန်းများ  ပြုလုပ်သည့်အခါတွင်လည်း အသက်ကို ပြင်းပြင်းရှူခြင်းကို   အလေ့အကျင့်  လုပ်သင့်ကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးဖွဲ့ ထားသည့် “နည်းလမ်းမှန်စွာ  အသက်ရှူကြပါ” သုတဆောင်းပါး၊  ဝန်ပိုငှက်ကြီး၏   အကြွား သန်ခြင်းကို   ငါးလေးပိုပိုက    ဘယ်သတ္တဝါမဆို    သူ့နေရာနှင့်သူ   တန်ဖိုးရှိကြပြီး  ဘဝတွင်    အားလုံးနှင့် လိုက်လျောညီထွေနေတတ်ဖို့သာ       လိုအပ်ကြောင်း   တင်ဆက်ထားသည့်   “သူ့ နေရာနဲ့သူ” နှစ်မျက်နှာကာတွန်း၊   အပြင်သွား လျှင် နှာခေါင်းစည်း မက်စ်ကို မတပ်ဘဲ မသွား သင့်ကြောင်းနှင့်  ကျန်းမာရေးသတိ   အမြဲရှိရန် လိုအပ်ကြောင်းကို   တင်ဆက်ထားသည့် “ကိုအောနဲ့ ဘိုစော” တစ်မျက်နှာကာတွန်း၊ ဘုရင်ကြီး    ချီးမြှင့်ပေးလိုက်သည့်    အသပြာ တစ်ပြားကို    ရရှိပြီး   ဘဝင်မြင့်သွားသည့် ဖားလေးအကြောင်းကို တင်ဆက်ထားသည့် “ဖားကလေးနှင့်ဘုရင်ကြီး”   နှစ်မျက်နှာ ကာတွန်း၊ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်ပွား အောင်      ကြိုတင်ကာကွယ်နိုင်မည့်  အကြောင်းအရာအချို့ကို    တင်ဆက်ထားသည့် “ ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ ကျောင်း မှန်မှန်တက်ပြီး စာကို ရိုးသား၊ ကြိုးစားစွာ သင်ယူခြင်းကြောင့်  အတန်းထဲတွင်   ဆုရရှိ သွားသော မစံပယ်အကြောင်းကို ရေးဖွဲ့ထား သည့်  “ဆံရစ်ဝိုင်းနဲ့ မစံပယ်”   ကဗျာကဏ္ဍ၊ အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ဝတ္ထုကဏ္ဍနှင့်  ပုံပြင်ကဏ္ဍ အပါအဝင်  ကဏ္ဍ စုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်း ဆိုင်များတွင်  ဝယ်ယူနိုင်ကြောင်း  သိရသည်။


သတင်းစဉ်