
ဂျီနီဗာ အောက်တိုဘာ ၂၁
မိုးခေါင်မှုဒဏ် ခံစားနေရသည့် ဆိုမာလီနိုင်ငံတွင် လိုအပ်သည့် ကူညီထောက်ပံ့မှုများ တောင်လိုပုံ များပြားလျက်ရှိသည်ဟု ကုလ သမဂ္ဂ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အဖွဲ့အစည်းက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဆိုမာလီသို့ ပေးပို့နိုင်ခဲ့သည့် အကူအညီများအတိုင်း ယခုပေးပို့ နိုင်ရေး အကူအညီများ လိုအပ် လျက်ရှိသည်။ ၂၀၂၂ ခုနှစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုအစီအစဉ်အရ လူပေါင်း ၇ ဒသမ ၆ သန်းကို အကူအညီ ပေးသွားရန် စီစဉ်ထားပြီး ယင်း ပမာဏမှာ ပြီးခဲ့သည့်ဇန်နဝါရီလနှင့်နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း ကုလ သမဂ္ဂ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာကိစ္စရပ်များ ညှိနှိုင်း ရေးမှူးရုံးက ပြောသည်။
ယခုနှစ်အထိ အလှူရှင် များသည် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကို ကူညီထောက်ပံ့ပေးထားပြီးဖြစ်သည်ဟု အရာရှိ တစ်ဦးကပြောသည်။ ဆိုမာလီ နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၆ ဒသမ ၅ သန်းကို ကူညီပေးနိုင်ခဲ့သည်။ ဒီဇင်ဘာလအကုန် လာမည့်နှစ် အစပိုင်းတွင် အသက်ကယ်နိုင် မည့် ကူညီထောက်ပံ့မှုများ ပေးနိုင် ရန်အတွက် နောက်ထပ်အမေရိ ကန် ဒေါ်လာတစ်ဘီလီယံ လိုအပ် မည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စ ရပ်များ ညှိနှိုင်းရေးမှူးရုံးက ပြောသည်။
ယခုနှစ်အတွက် ကူညီ ထောက်ပံ့မှုများကို နောက်ကျမှ ရရှိခဲ့ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ယင်းသို့ နောက်ကျမှုများ ဖြစ် မလာစေရန် မျှော်လင့်ထားသည် ဟု သိရသည်။
နှစ်ပေါင်း လေးဆယ်အတွင်း မိုးခေါင်မှုဒဏ် ဆိုးဆိုးရွားရွား ခံစားနေရသည့် ဆိုမာလီနိုင်ငံကို ကူညီပေးရန်အတွက် ဗဟိုအရေး ပေါ်တုန့်ပြန်ရေး ရန်ပုံငွေအဖွဲ့၏ ရန်ပုံငွေ ၁၀ သန်းကို ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ရေးရုံးမှ မာတင်ဂရစ်က ထုတ်ပေးခဲ့သည် ဟု သိရသည်။
ဆင်ဟွာ