
နယူးယောက် အောက်တိုဘာ ၂၁
ဘီလီယံနာသူဌေးကြီးအီလွန်မက်စ်သည် တွစ်တာကို ဝယ်ယူပြီးသည့် နောက်ပိုင်းတွင် တွစ်တာဝန်ထမ်း အင်အား ၇၅ ရာခိုင်နှုန်းနီးပါးကို လျှော့ချရန်အတွက် အစီအစဉ်ရှိသည်ဟု အမေရိကန်သတင်းစာကြီး ဖြစ်သည့် သည်ဝါရှင်တန်ပို့စ်တွင် ဖော်ပြထားသည်။
လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီမှ စီအီးအို ဖြစ်သူ အီလွန်မက်စ် သည် တွစ်တာဝယ်ယူမှုသဘော တူညီချက်ကို အောက်တိုဘာ ၂၈ ရက် တွင် အဆုံးသတ်နိုင်ရေးမျှော်လင့်ထားသည်။ တွစ်တာဝန်ထမ်းအင်အား ကို ၂၀၀၀၀ ကျော်အထိ တဖြည်းဖြည်းချင်း လျှော့ချသွားရန် အစီအစဉ် ရှိသည်ဟု သည်ဝါရှင်တန် ပို့စ်တွင် ဖော်ပြထားသည်။
ဇွန်လအတွင်းက တွစ်တာမှ ဝန်ထမ်းများနှင့် အီလွန်မက်စ်တို့ တွေ့ဆုံရာတွင် တွစ်တာ၏အကျိုး အမြတ်အတွက် ဝန်ထမ်းများ ယာယီ အလုပ်ရပ်နားခြင်း ပြုလုပ်ကြရန် အကြံပြုခဲ့သည်။ ၂၀၁၆ ခုနှစ် အမေ ရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် သတင်းအမှားများ ပျံ့နှံ့လာသည့်အချိန်မှစတင်ကာ ထိခိုက်မှုဖြစ်စေသည့် အကြောင်းအရာများကို ထိန်းချုပ်နိုင်ရေးအတွက် တွစ်တာသည်ဝန်ထမ်း အင်အားကို တိုးမြှင့်ခဲ့သည်။
သို့သော်လည်း ကုန်ကျစရိတ်များ များပြားလာခြင်းကြောင့် ကုမ္ပဏီ ၏အကျိုးရလဒ်ကို ထိခိုက်လာသည်။ ဝန်ထမ်းအင်အား အမြောက် အမြား လျှော့ချခြင်းဖြင့် တွစ်တာအသုံးပြုသူများကြားတွင် အဆင်မပြေ မှုများ ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူတစ်ဦး က သတိပေးထားကြောင်း သတင်းစာတွင် ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ