နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်  အောက်တိုဘာ  ၁၄


နိုင်ငံတော်၏   ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်   မွန်ပြည်သစ်ပါတီ  (NMSP)   ဒုတိယဥက္ကဋ္ဌ   ဦးဆောင်သော   ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့   တတိယနေ့    တွေ့ဆုံဆွေးနွေးပွဲကို   ယနေ့နံနက်ပိုင်းတွင်     နေပြည်တော်ရှိ   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့      နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊     ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊    အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်      ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြ သည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ် ကြီး    မိုးမြင့်ထွန်း၊    အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု    ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး     မင်းနောင်နှင့်   မွန် ပြည်သစ်ပါတီ  (NMSP)  ဒုတိယ ဥက္ကဋ္ဌ    နိုင်အောင်မင်း၊   တွဲဖက် အတွင်းရေးမှူး  နိုင်ဝင်းလှ၊  ဗဟို အလုပ်အမှုဆောင်   ကော်မတီဝင် နိုင်ဗညားလယ်တို့   တက်ရောက် ကြသည်။ 

 


အတည်ပြုလက်မှတ်
ရေးထိုး


တွေ့ဆုံဆွေးနွေးပွဲတွင် ပထမ အကြိမ်      တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီချက်များ အကောင် အထည်ဖော်    ဆောင်ရွက်နိုင်မှု၊ ထပ်မံဖြည့်ဆည်းပေးရန် လိုအပ် ချက်များနှင့်    ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို   နှစ်ဖက် အပြန်အလှန်   ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီးနောက်  သုံးရက်တာ ဆွေးနွေး    ညှိနှိုင်းချက်များအရ နှစ်ဖက်သဘောတူညီချက်များကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြ သည်။ 

 


ယင်းနောက်    မွန်ပြည်သစ် ပါတီ   (NMSP)   ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်   ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး    ရာပြည့်တို့ က   နိဂုံးချုပ်   အမှာစကားများ ပြောကြားခဲ့ပြီး    ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ဝေသည့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံအကျိုး  သယ်ပိုးဆောင်ရွက် ချက် မှတ်တမ်းစာအုပ်နှင့် စာအုပ် စာစောင်များ၊       MRTV DTH Receiver ၊  နှစ်ပေစလောင်းနှင့် လက်ဆောင်ပစ္စည်းများအား ပေး အပ်ခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်