
လန်ဒန် အောက်တိုဘာ ၁၂
ဗြိတိန်ဘုရင် တတိယမြောက် ချားလ်ဘုရင်၏ နန်းတက်ပွဲကို လာမည့်နှစ်မေလတွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ ချားလ်ဘုရင်သည် မယ်တော် အဲလိဇဘတ် ၂ ဘုရင်မကြီး ကွယ်လွန် ပြီးနောက် စက်တင်ဘာ ၈ ရက်တွင် ထီးနန်းကို ဆက်ခံခဲ့သည်။
နန်းတက်ပွဲ အခမ်းအနားကို မေ ၆ ရက်တွင် လန်ဒန်မြို့ ဝက်မင်စတာ အက်ဗေး၌ ကျင်းပသွား မည်ဟု ဘာကင်ဟမ်နန်းတော်က အောက်တိုဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။
ကမ္ဘာအနှံ့အပြားမှ ဂုဏ်သရေရှိလူကြီးမင်း များသည် အဆိုပါအခမ်းအနားသို့ တက်ရောက် ရန် မျှော်မှန်းထားသည်။ ချားလ်ဘုရင်သည် ကြင်ရာတော် မိဖုရား ကင်မီလာနှင့်အတူ သရဖူ ဆောင်း အခမ်းအနား ပြုလုပ်သွားမည်ဖြစ် သည်။
အင်န်အိတ်ချ်ကေ