အိုပက် ပလတ်စ် (OPEC+) အစည်းအဝေး ဆုံးဖြတ်ချက်ပြီးနောက် ဆော်ဒီနှင့် ဆက်ဆံရေးကို အမေရိကန် သုံးသပ်သွားဖွယ်ရှိ

 

ဝါရှင်တန်   အောက်တိုဘာ   ၁၂


အမေရိကန်သမ္မတ    ဂျိုးဘိုင်ဒင် သည် ဆော်ဒီအာရေဗျနှင့် အမေ ရိကန်တို့၏       ဆက်ဆံရေးကို ပြန်လည်သုံးသပ်သွားရန် ရည်ရွယ် လျက်ရှိသည်ဟု  အိမ်ဖြူတော်မှ  အဆင့်မြင့်အရာရှိကြီး  တစ်ဦးက ပြောသည်။ 

 


မကြာသေးမီအတွင်း ကမ္ဘာ့  အဓိက ရေနံထုတ်လုပ်သည့်နိုင်ငံမှ ရေနံထုတ်လုပ်မှုကို   လျှော့ချရန် အတွက်     ဆုံးဖြတ်ခဲ့ပြီးနောက် ဆော်ဒီနှင့်               ဆက်ဆံရေးကို ပြန်လည်     သုံးသပ်သွားဖွယ်ရှိ သည်ဟု     ပြောကြားခဲ့ခြင်းဖြစ် သည်။      အမေရိကန်အမျိုးသား အကျိုးစီးပွားကို စောင့်ရှောက်ရန် အတွက် အမေရိကန်သည် ဆော်ဒီ အာရေဗျနှင့်        ဆက်ဆံရေးကို သုံးသပ်သွားသင့်သည်ဟု ဂျိုးဘိုင် ဒင်က ယူဆကြောင်း မဟာဗျူဟာ  မြောက်     ဆက်သွယ်ရေးဆိုင်ရာ အမျိုးသား     လုံခြုံရေးကောင်စီ ညှိနှိုင်းရေးမှူးဖြစ်သူ   ဂျွန်ကာဘီ က  အောက်တိုဘာ ၁၁ ရက်တွင် ပြောသည်။ 

 


အိုပက်စ်ပလတ်စ်       ဟုခေါ် သည့် ရေနံတင်ပို့ရောင်းချသူများ အသင်းနှင့်     မိတ်ဖက်နိုင်ငံများ သည်     နိုဝင်ဘာလမှ  စတင်ကာ တစ်နေ့လျှင်        ရေနံစည်ပေါင်း  နှစ်သန်း ထုတ်လုပ်မှုလျှော့ချရန်  ယခုလအစောပိုင်းက သဘောတူခဲ့ ကြသည်။ ဆော်ဒီအာရေဗျသည် လည်း   အဆိုပါအဖွဲ့အစည်းတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ ရေနံထုတ်လုပ်မှု     လျှော့ချခြင်း ကြောင့် ဈေးနှုန်းမြင့်တက်စေမည် ဖြစ်သည်။ 

 


ဇူလိုင်လအတွင်း    ဂျိုးဘိုင်ဒင် သည်    ဆော်ဒီအာရေဗျသို့   သွား  ရောက်ခဲ့ပြီး အာရပ်နိုင်ငံများအနေ ဖြင့် ရေနံထုတ်လုပ်မှု တိုးမြှင့်ရန်  တောင်းဆိုခဲ့သည်။      အိုပက် ပလတ်စ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို  ပြန်လည်   တုံ့ပြန်သည့်အနေဖြင့်  အမေရိကန်မှ ဆော်ဒီသို့လက်နက် ရောင်းချမှုကို  ပြန်လည်သုံးသပ် ရန် ဒီမိုကရက်တစ် ပါတီဝင်များက တောင်းဆိုလျက်ရှိသည်။ 

အင်န်အိတ်ချ်ကေ