
ဆွစ်ဇာလန်အခြေစိုက် လက်နက်စစ်တမ်းတစ်ခုက ထိုင်းနိုင်ငံ၌ လက်နက်ကိုင်ဆောင်မှု ၁၀ သန်း ရှိဟုဆို
ဘန်ကောက် အောက်တိုဘာ ၁၁
လွန်ခဲ့သော သီတင်းပတ်က နေ့ကလေးထိန်း ကျောင်းတစ်ကျောင်းတွင် ကလေး ဒါဇင်ချီ သေဆုံးခဲ့သော သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် ထိုင်းဝန်ကြီးချုပ်သည် လက်နက်နှင့် မူးယစ်ဆေးဝါး များကို ထိရောက်စွာ နှိမ်နင်းရန် အမိန့်ထုတ်ပြန် လိုက်သည်။
ပရာယွတ်ချန်အိုချာသည် အောက်တိုဘာ ၁၁ ရက်က ဝန်ကြီးအစည်းအဝေးတွင် ထိုသို့ အမိန့် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်းကို ခြိမ်းခြောက်ခြင်း သို့မဟုတ် ရန်လိုစွာ ပြုမူတတ် သော လက်နက်ကိုင်ဆောင်သူများ၏ လိုင်စင်များ ကို ဖျက်သိမ်းရန် သက်ဆိုင်ရာ အေဂျင်စီများကို ပရာယွတ်က လမ်းညွှန်မှာကြားခဲ့သည်။
ထို့အပြင် တရားမဝင် လက်နက်မှောင်ခို ရောင်းဝယ်မှုများကို ကာကွယ်ရန် အရှိန်မြှင့်တင် ကြိုးစားလုပ်ဆောင်ကြရန် ပရာယွတ်က ဆက်လက် တိုက်တွန်းလိုက်သည်။
လက်နက်ကိုင် ရဲအရာရှိဟောင်းတစ်ဦးသည် အင်္ဂါနေ့က ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင်ရှိသော ကလေးမူကြိုကျောင်းတစ်ကျောင်းကို တိုက်ခိုက်ခဲ့ သည်။ ထို့အပြင် ကလေးငယ်များကို ပိုမိုသတ်ဖြတ် နိုင်ရန် ဓားလည်းယူဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် ကလေးငယ် ၂၄ ဦးအပါအဝင် စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့သည်။
အဆိုပါ ရဲအရာရှိဟောင်းမှာ ပါညာခမ်ရတ်ဘ် ဆိုသူဖြစ်ပြီး သေနတ်ကို တရားဝင်ဝယ်ယူခဲ့သူဖြစ် သည်။ ၎င်းသည် မူးယစ်ဆေးဝါးလက်ဝယ်ပိုင်ဆိုင်မှု ဖြင့် တရားစွဲဆိုခံထားရသည်။ ဆူပူရမ်းကားပစ်ခတ် မှုလုပ်ဆောင်ပြီး နောက်တစ်နေ့သည် ၎င်းကို အမှုစီရင်ချက်ချမည့် နေ့ဖြစ်သည်။
ကျန်ရစ်သူမိသားစုများက အင်္ဂါနေ့တွင် သေဆုံးသူမိသားစုဝင်များအတွက် မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် လက်နက် စစ်တမ်းတစ်ခုက ထိုင်းနိုင်ငံရှိ ပြည်သူများသည် ၂၀၁၇ ခုနှစ်အထိ လက်နက် ၁၀ သန်းကျော် ကိုင်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ပမာဏသည် အာဆီယံနိုင်ငံများထဲတွင် လက်နက် ကိုင်ဆောင်မှု အများဆုံးဖြစ်သည်။
မူးယစ်ဆေးဝါးနှင့် လက်နက်ထိန်းချုပ်မှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဗုဒ္ဓဟူးနေ့က ရဲချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးများကို ဝန်ကြီးချုပ် က အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ သည်။
အင်န်အိတ်ချ်ကေ