ပြည်သူများ အဆောက်အအုံပြင်ပတွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန် မလိုအပ်တော့ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးပြော

 

တိုကျို အောက်တိုဘာ ၁၁ 


ဂျပန်ကျန်းမာရေးဝန်ကြီး ကာတိုကက်ဆုနိုဘူက ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရန်  အဆောက်အအုံပြင်ပတွင်  ပါးစပ် နှာခေါင်းစည်းတပ်ဆင်ရန်    မလိုအပ်တော့ကြောင်း   ထပ်လောင်း ပြောကြားလိုက်သည်။ 

 


အဆိုပါ ကြေညာချက်သည် ဂျပန်အစိုးရ၏ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေးနှင့်ပတ်သက်ပြီး လက်ရှိမူဝါဒဖြစ်သည်။ ထို့အပြင် ပြည်သူ များအနေဖြင့် အဆောက်အအုံထဲတွင် နှစ်မီတာအကွာအဝေးမှ စကား အနည်းငယ်ပြောဆိုသောအခါတွင်လည်း ပါးစပ်နှာခေါင်းစည်း တပ်ဆင် ရန်မလိုအပ်တော့ကြောင်း အစိုးရက ပြောသည်။ 

 


ပါးစပ်နှာခေါင်းစည်းတပ်ဆင်သည့် အစိုးရ၏အယူအဆကို ပြည်သူ များက လက်ခံယုံကြည်ခြင်းမရှိသေးကြောင်း ကာတိုက သတင်းထောက် များကို ပြောကြားလိုက်သည်။ 

 


ပြည်သူများအနေဖြင့်   ပါးစပ်နှာခေါင်းစည်း  တပ်ဆင်ခြင်းမရှိဘဲ အပြင်သွားသည့်အပေါ် တခြားသူများ၏ အမြင်ကိုလည်း စိုးရိမ်လျက် ရှိသည်ဟု ကာတိုက ပြောကြားလိုက်သည်။ 

 


ပါးစပ်နှာခေါင်းစည်း     ဆက်လက်တပ်ဆင်ချင်သူများအနေဖြင့် တပ်ဆင်ရန်အဆင်ပြေကြောင်း  ကာတိုက ပြောသည်။  သို့သော်လည်း အစိုးရသည် ပြည်သူများကို ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန် မလိုအပ် သည့်အခြေအနေကို  သိရှိရန် ပညာပေးရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ 


အင်န်အိတ်ချ်ကေ