ခရစ္စမတ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ

 

ရန်ကုန် ဒီဇင်ဘာ ၁၉

 

မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ် (MECA)က ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် ခရစ္စမတ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနား ကို ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ယုံကြည်သူများအသင်းတော်၌ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာ ရွှေလွှမ်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတို့က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများ၊ ခရစ်ယာန်အသင်း​ တော်များမှ သင်းအုပ်ဆရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ ချုပ် (MECA)မှ ဘဏ္ဍာရေးမှူး Rev. Thein Tan Tun က ကျမ်းစာဖတ်ကြား ခြင်း၊ Rev. NC Thawng Tha Thang က အစပြုဆုတောင်းခြင်း၊ Worship Team အဖွဲ့က ချီးမွမ်းကိုးကွယ်ခြင်းတို့ ဆောင်ရွက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ခရစ္စမတ် ပွဲတော်သည် ကမ္ဘာ့နိုင်ငံအသီးသီး၌ နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပ ကြသည့် ပွဲတော်တစ်ခုဖြစ်ပြီး ယေရှု ခရစ်တော် (Jesus Christ) ဖွားမြင်ရာ နေ့ကို အထိမ်းအမှတ်ပြု၍ ကျင်းပကြ ခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းလုံး တွင်ရှိသည့် ခရစ်ယာန်ဘာသာဝင် များက ခရစ်တော်၏ မွေးနေ့တော်ကို ရည်မှန်းပြီး ခရစ်တော်၏ကျေးဇူးတော် များကို ချီးမွမ်းကြကာ ခရစ်တော်၏ အလိုတော် ဆန္ဒနှင့်အညီ လူသားများ အားလုံး တစ်ဦးနှင့်တစ်ဦး မေတ္တာ တရား ထားရှိနိုင်ကြပါစေ၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာထွန်းကားကြပါစေ ဆိုသည့် ဆုတောင်းသံများ ပျံ့လွင့် လျက်ရှိနေမည်ဟု ယုံကြည်ပါ ကြောင်း။

 

ဘုရားသခင်၏အလိုတော်အတိုင်း လူသားတို့သည် တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင် ချစ်ခင်ကြမည်၊ ကိုယ်ချင်းစာနာစိတ်၊ ခွင့်လွှတ် သည်းခံစိတ် စသည့် စိတ်ကောင်း စိတ်မွန်များ ထားရှိကြမည်ဆိုလျှင် လူ့ဘောင်လောကကြီးသည် သာယာ ချမ်းမြေ့ပြီး နေချင်စဖွယ်အတိဖြစ်လာ မည် မလွဲဧကန်ဖြစ်ပါကြောင်း၊ အလား တူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များသည် အချင်းချင်း တစ်ဦးအပေါ် တစ်ဦး မေတ္တာစိတ်ထားရှိပြီး သည်းခံ ခြင်း၊ ခွင့်လွှတ်ခြင်း၊ ကိုယ်ချင်းစာနာ ခြင်းတို့ဖြင့် အတူလက်တွဲနေထိုင်သွား ကြမည်ဆိုပါက ငြိမ်းချမ်းသာယာသော လူ့ဘောင်ဘဝကို ရရှိခံစားကြရမည် ဖြစ်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ငြိမ်းချမ်းရေး ရရှိရန် လိုအပ်ပါကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုဖြင့် နယ်ပယ်အသီးသီးက ကြိုးပမ်းဆောင် ရွက်ကြလျက်ရှိပါကြောင်း၊ ဘာသာ အသီးသီးက ဘာသာရေးခေါင်းဆောင် များ၊ ဘာသာဝင်များကလည်း ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးမှသည် နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာစေ ရေးအတွက် ကြိုးပမ်းကြလျက်ရှိသည့် အချိန်အခါလည်း ဖြစ်ပါကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် များ၊ ခရစ်ယာန်ဘာသာဝင်များသည် တက်တက်ကြွကြွနှင့် ပါဝင်ဆောင်ရွက် နေသည်ကို ထင်ရှားစွာတွေ့မြင်ရသည့် အတွက် လွန်စွာ ဝမ်းမြောက်ရပါ ကြောင်း။

ယခုကဲ့သို့ အေးချမ်းသာယာသည့် ခရစ္စမတ်ပွဲတော်ကာလ အခါသမယ တွင် ခရစ်ယာန်ဘာသာဝင်အပေါင်း တို့သည် ခရစ်တော်၏ဟောကြားချက် အဆုံးအမများကို ဦးထိပ်ထားလျက် ကျေးဇူးတော်အစုံကို ခံယူနိုင်ကြပါစေ။ ကိုဗစ်-၁၉ ရောဂါပိုးများကင်းစင်၍ မိမိတို့ ဘာသာ သာသနာအကျိုးကို ကောင်းစွာ ထမ်းဆောင်နိုင်ကြပါစေ။ မိမိတို့မှီတင်းနေထိုင်ရာ နိုင်ငံတော် အပေါ်၌ သစ္စာစောင့်သိ၍ နိုင်ငံ့အကျိုး ကို နိုင်ငံသားကောင်းပီသစွာ ထမ်းရွက် နိုင်ကြပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာ ရွှေလွှမ်းက ဗီဒီယိုကွန်ဖရင့်ဖြင့် ခရစ္စမတ် နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များ က တစ်ပင်တိုင်သီချင်း သီဆိုခြင်း၊ နှုတ်ခွန်းဆက်အမှာစကားပြောကြား ခြင်း၊ နိုင်ငံတော်အတွက် ဆုတောင်း ခြင်း၊ ခရစ္စမတ် တရားဒေသနာ ဟောကြားခြင်း၊ MECA အတွက် ဆုတောင်းပေးခြင်း၊ ကျေးဇူးတင် စကားပြောကြားခြင်း၊ အဆုံးသတ်ကောင်းချီးတောင်းခံပေးခြင်းတို့ကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ ကြသည်။

 

သတင်းစဉ်