မိုးညှင်းမြို့နယ်ရှိ ရွှေမဉ္ဇူ(အင်းတော်ကြီး)ရေလယ်ဘုရားတွင် သီတင်းကျွတ်လပြည့်ည၌ ဆီမီး ၁၅၀၀ မီးမျှောပူဇော်ပွဲကျင်းပမည်

 

မိုးညှင်း အောက်တိုဘာ ၇


ကချင်ပြည်နယ်   မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ  သမိုင်းဝင် တန်ခိုးကြီးဘုရား         ဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး)ရေလယ် ဘုရား၏ အင်းရေပြင်၌ သီတင်း ကျွတ်လပြည့်ညတွင် ဆီမီး ၁၅၀၀ မီးမျှောပူဇော်ပွဲ   ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 


“ဆီမီးများမီးမျှောပူဇော်ပွဲကို နှစ်စဉ်အစဉ်အလာမပြတ်   ရိုးရာ ဓလေ့ကို  ထိန်းသိမ်းစောင့်ရှောက် သည့်အနေနဲ့          အင်းတော်ကြီး ဒေသအတွင်းရှိ   ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က   ဦးဆောင်ကျင်းပလေ့ရှိပါ တယ်။    နှစ်စဉ်   နှစ်တိုင်း   အိုးစည်ဗုံမောင်းနဲ့ စည်စည်ကားကား ဆီမီးတစ်ထောင် မီးမျှော ပူဇော်လေ့ရှိကြပြီး လာသမျှဘုရားဖူးပြည်သူ တွေကို အလှူရှင်များက အာဟာရဒါနမုန့်ဖြင့် ကျွေးမွေးလျက်ရှိပါတယ်။ ယခုနှစ်မှာ ဆီမီး ခွက် ၁၅၀၀ ကို   ဘုရားရေပြင်ပတ်လည်နဲ့ လှေများပေါ်မှ မီးမျှောပူဇော်သွားမှာ ဖြစ်ပါ တယ်”ဟု ဘုရားဂေါပကအဖွဲ့ဝင် ဦးသောင်း ညွှန့်က ပြောသည်။

 


အဆိုပါ   ဆီးမီး  မီးမျှောပူဇော်ပွဲကျင်းပရာ တွင် အင်းတော်ကြီးဒေသရှိ အင်းပတ်လည် တွင်ရှိသော  လုံးတုံကျေးရွာ၊   နန့်မီးလောင် ကျေးရွာ၊  လွဲမွန်ကျေးရွာ၊  နန့်ပတဲကျေးရွာ၊ မမုန်ကိုင်ကျေးရွာနှင့် မိုင်းနောင်ကျေးရွာတို့မှ ရွာသူရွာသားများနှင့် ဘုရားသို့လာရောက် ဖူးမြော်ကြည်ညိုကြမည့်   ဘုရားဖူးပြည်သူ များက သီတင်းကျွတ်လပြည့်နေ့တွင်  ဆီမီး များလာရောက် မီးမျှောပူ‌ဇော်ကြခြင်းအပြင် ပန်း၊ ရေချမ်း၊ အမွှေးနံ့သာများဖြင့် ပူဇော်ကြ ခြင်း၊ ဘုရားဝတ်ရွတ်အသင်းများမှ ဝတ်ရွတ် ပူဇော်ကြခြင်းများကို    နှစ်စဉ်ပြုလုပ်လျက်ရှိကြ ပြီး     အလှူရှင်များကလည်း     ဘုရားဖူး ပြည်သူများကို     အာဟာရဒါနမုန့်များဖြင့်  ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


အင်းတော်ကြီးအိုင်သည် အလျား ၁၆ မိုင် ရှည်လျားပြီး    အနံ   ၈  မိုင်  ကျယ်ဝန်းကာ မြန်မာနိုင်ငံ၏     အကြီးဆုံးနှင့်    အလှဆုံး အိုင်ကြီးဖြစ်၍   ကမ္ဘာပေါ်တွင်    ရှားပါး‌‌သည့် သားငှက်မျိုးစုံနှင့် ငါးမျိုးစိတ်များ ကျင်လည် ကျက်စားလျက်ရှိသော    ဒေသတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှတွင် အကြီးဆုံးကုန်းတွင်း ရေချိုအိုင်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။


ရွှေမိုးညှင်း