ရခိုင်ပြည်နယ်၏ ထင်ရှားဂုဏ်ဆောင် အမ်းရိုးမတောင်တန်းမှ သဘာဝအလှများဖြင့် ဆွဲဆောင်နေ

 

ရန်ကုန် အောက်တိုဘာ ၇


ရခိုင်ပြည်နယ်၌ ယဉ်ကျေးမှုအမွေအနှစ် များစုဝေးရာ  မြောက်ဦးယဉ်ကျေးမှုနယ်မြေ မှ   ပြည်တွင်း/   ပြည်ပခရီးသွားတို့ကို ဆွဲဆောင်လျက်ရှိသည့်နည်းတူ       ရခိုင် ပြည်နယ်၏    သဘာဝအလှများစုဝေးရာ ရခိုင်ရိုးမတောင်တန်းကြီးပေါ်ရှိ   အမ်း တောင်တန်းမှ သဘာဝအလှများကလည်း ခရီးသွားများကို            ဆွဲဆောင်လျက်ရှိ ကြောင်း သိရသည်။

 


တောင်စဉ်တောင်တန်းများ သွယ်တန်း လျက်ရှိသည့်  ရခိုင်ရိုးမတောင်တန်းသည် မြောက်ဘက်တွင်   ထူထပ်မြင့်မားပြီး တောင်ဘက်သို့           နိမ့်ဆင်းသွားရာ ရခိုင်ပြည်နယ်နှင့်  အခြားသောပြည်နယ်များကို   မဟာတံတိုင်းကြီး တစ်ခုပမာ ပိုင်းခြားထားသည်။ ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးတောင်မှာ ပေ ၆၅၂၇ ရှိသော စွန်တောင်ဖြစ်ပြီး အမ်းမြို့နယ်တွင် တောတောင် ပေါများ၍  မြင့်မားမတ်စောက်သောကြောင့်အမ်းမြို့နယ်သည် အခြား သော    မြို့များထက်   တောတောင်သဘာဝအလှများဖြင့်    ထင်ရှား ကျော်ကြားနေခြင်းဖြစ်သည်။

 


ရခိုင်ပြည်နယ်တွင် ငပလီကမ်းခြေသဘာဝအလှ၊ စစ်တွေကမ်းခြေ နှင့် ပင်လယ်ပြင်အလှတို့ကို ကြည့်ရှုခံစား၍ အပန်းဖြေကြသည့်နည်းတူ ရခိုင်ရိုးမ အမ်းတောင်တန်း ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ ကား၊ ဆိုင်ကယ်ဖြင့် ရက်တို/ရက်ရှည် အပန်းဖြေခရီးစဉ်အဖြစ် ရင်သက်ရှု မောဖွယ် တောတောင် သဘာဝအလှ၊ ရိုးမအလှနှင့် အမ်းမြို့အလှတို့ကို နိုဝင်ဘာလပွင့်လင်းရာသီတွင် ကြည့်ရှုခံစားနိုင်ရန်  ခရီးသွားလုပ်ငန်း များက  ဖိတ်ခေါ်လျက်ရှိပြီး  ရခိုင်ပြည်နယ်၏   ထင်ရှားဂုဏ်ဆောင်  အမ်းရိုးမတောင်တန်းမှ  သဘာဝတောတောင်အလှများကလည်း ပြည်တွင်း/   ပြည်ပခရီးသွားတို့ကို   ဆွဲဆောင်လျက်ရှိကြောင်း  သိရ သည်။                              

 

ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး