နိုင်ငံတကာလုပ်သားများရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ (၅) နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) ၏ ကာလတစ်ဝက်အပေါ် အကောင်အထည်ဖော်နိုင်ရေးနှင့် လေ့လာစောင့်ကြည့်သုံးသပ်ခြင်းဆိုင်ရာအစည်းအဝေးကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၁၈

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တို့ပူးပေါင်း၍ နိုင်ငံတကာလုပ်သား များ ရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ (၅) နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) ၏ ကာလတစ်ဝက်အပေါ် အကောင် အထည်ဖော်နိုင်ရေးနှင့် လေ့လာ စောင့်ကြည့် သုံးသပ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ခွဲတွင် Virtual Format ဖြင့် ကျင်းပ သည်။

 

ညှိနှိုင်းရေးဆွဲခဲ့

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ယနေ့အစည်း အဝေးကို အမျိုးသားအဆင့် ဒုတိယ (၅) နှစ် စီမံချက်၏ ကာလတစ်ဝက် တာတွင် ဦးစားပေးဆောင်ရွက်ခဲ့သည့် လုပ်ငန်းများမှ အောင်မြင်မှုများနှင့် သင်ခန်းစာများကို ပြန်လည်သုံးသပ် လေ့လာရန်၊ ၂၀၂၁ ခုနှစ်အတွက် ဦးစားပေးအစီအစဉ်များ ဖော်ထုတ် သတ်မှတ်ရန်အတွက် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း၊ အမျိုးသားအဆင့် ဒုတိယ(၅) နှစ်တာ လုပ်ငန်းစီမံချက်ကို ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ငန်းစီမံချက်ရေးဆွဲရေး ဆိုင်ရာ အစည်းအဝေးများ အကြိမ်ကြိမ် ကျင်းပကာ ညှိနှိုင်းရေးဆွဲခဲ့ပြီး စီမံ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံချက် အရ ရွှေ့ပြောင်းသွားလာမှု အများဆုံး ရှိသည့် ဒေသများတွင် ILO ၊ IOM တို့ နှင့် ပူးပေါင်း၍ ရွှေ့ပြောင်းလုပ်သား များ ထောက်ပံ့ကူညီရေးဗဟိုဌာန (MRC) ၁၉ ခုအထိ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး လုပ်သားစုဆောင်း ပို့ဆောင်ပေးသည့် ပြည်ပ အလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများအတွက် ဂုဏ်သိက္ခာရှိသည့် နိုင်ငံတကာ လုပ်သား စုဆောင်းသည့်စနစ် ကျင့်သုံး ရေးဆိုင်ရာ ဆွေးနွေးပွဲကို ခုနစ်ကြိမ် ပြုလုပ်ခဲ့ရာ အေဂျင်စီ ၂၀၇ ခုမှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ခဲ့ ကြောင်း။

 

ထည့်သွင်းဆောင်ရွက်

ဆက်လက်၍ အနာဂတ်အလုပ် အကိုင်နှင့်ပတ်သက်၍ တိုးတက်လာ သည့် နည်းပညာများနှင့်အညီ အလုပ် သမားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းအစီ အစဉ်များ ဆောင်ရွက်နိုင်ရန်၊ ကိုဗစ်-၁၉ အလွန်တွင် ပြည်ပသို့ သွားရောက် လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမား များ လုံခြုံစိတ်ချစွာ သွားရောက် အလုပ်လုပ်ကိုင်နိုင်ရေး ဆောင်ရွက် နိုင်ရန်နှင့် ပြန်လာသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ ဘဝနေထိုင်မှု ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ဆောင်ရွက်နိုင်ရန်စသည့် လုပ်ငန်း အစီအစဉ်များ ထည့်သွင်းဆောင်ရွက် ရန် လိုအပ်လာကြောင်း၊ ယနေ့အချိန် တွင် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေး၊ လူမှုဘဝ၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေးစသည့် ကဏ္ဍပေါင်းစုံအပေါ် ထိခိုက် သက်ရောက်မှုများ အပါအဝင် စိန်ခေါ် မှုများစွာ ရင်ဆိုင်ကြုံတွေ့နေရ၍ ယင်း ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးလာကြောင်း။

ထည့်သွင်းစဉ်းစားရမည်

ရွှေ့ပြောင်းအလုပ်သမားများကို လက်ခံနိုင်ငံများက ပြန်လည်ပို့ဆောင် ခြင်းနှင့် စေလွှတ်နိုင်ငံများက လက်ခံ ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြန်ရောက်လာသည့် ရွှေ့ပြောင်း အလုပ်သမားများကို ဒေသဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင်ဆောင်ရွက် နိုင်ရေးတို့ကိုပါ ရေရှည်တုံ့ပြန်မှုများ ချမှတ်ဆောင်ရွက်ထားရန် ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊ လူသား အားလုံး၏ နေထိုင်မှုပုံစံ ပြောင်းလဲ မှုအနေဖြင့် မိမိတို့အားလုံးသည် Technology Platform ဖြင့် ဆက်သွယ် ဆောင်ရွက်နေရသဖြင့် ရွှေ့ပြောင်း အလုပ်သမားများ ကာကွယ်စောင့် ရှောက်ရာတွင် နည်းပညာကို အသုံး ပြု၍ လိုအပ်သည့် ဝန်ဆောင်မှုများ လက်လှမ်းမီရရှိစေရေး Digital Platform ထားရှိ ဆောင်ရွက်ရေး သည် ထင်ရှားလာကြောင်း၊ ယခုလို Digitalization ဆောင်ရွက်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ရပ်တည်း သာမဟုတ်ဘဲ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း အသိုက်အဝန်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်း (IOM) မှ Chief of Mission က အမှာစကားပြောကြားပြီး အစည်း အဝေးအစီအစဉ်အတိုင်း ဆက်လက် ကျင်းပရာ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်က အမျိုးသား ငါးနှစ်တာ လုပ်ငန်း စီမံချက်၏ နောက်ခံအကြောင်းအရာ၊ ရည်ရွယ်ချက်များနှင့် မျှော်မှန်းရလဒ် များကို ရှင်းလင်းဆွေးနွေးခြင်း၊ IOM စီမံကိန်းမန်နေဂျာက လုပ်ငန်းစီမံချက် ကို Global Compact for Migration မျှော်မှန်းချက်များနှင့် ချိတ်ဆက်ခြင်း တို့ကို ရှင်းလင်းဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများက လုပ်ငန်း စီမံချက် (၂၀၁၈-၂၀၂၂) ၏ ကာလ တစ်ဝက်တာအတွင်း ဆောင်ရွက်မှု များနှင့် အောင်မြင်မှုများအပေါ် ပြန်လည်သုံးသပ်တင်ပြခြင်းနှင့် စီမံ ချက်အရ ၂၀၂၁ ခုနှစ်တွင် လုပ်ဆောင် ရမည့် အဓိကဦးစားပေးဆောင်ရွက် ရမည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးခြင်း၊ လိုအပ်သည်များ အကြံပြုတင်ပြခြင်းတို့ ဆောင်ရွက်ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံး ချုပ်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ နည်းပညာအထောက်အကူပြု အဖွဲ့ဝင်များ၊ IOM မှ Chief of Mission နှင့် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်