ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ Eurocham Myanmar, ILO နှင့် OECD တို့မှ ပူးပေါင်းကျင်းပသည့် Agrobusiness Forum 2020 သို့ တက်ရောက်

 

 

နေပြည်တော် ဒီဇင်ဘာ ၁၈

 

Eurocham Myanmar, ILO နှင့် OECD တို့ ပူးပေါင်းကျင်းပသည့် Agrobusi-ness Forum 2020 ကို ယမန်နေ့ မွန်းလွဲပိုင်းက Virtual စနစ်ဖြင့် ကျင်းပ သည်။

 

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ စီမံကိန်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ မြန်မာ နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် ကြီး Ranieri Sabatucci နှင့်အတူ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြသည်။

ဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီး က ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတိုင်းရှိ စိုက်ပျိုးရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုများ ရှိလာပြီး ကမ္ဘာ့အလားအလာများ ပြောင်းလဲ လာခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် အာဆီယံစံချိန်စံညွှန်း များဖြစ်သည့် GAP, GAQP, GAHP, GMP နှင့်အညီ အပြည့်အဝကျင့်သုံး ဆောင်ရွက်လျက်ရှိသော်လည်း ပိုမို ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ၏ အကျိုး သက်ရောက်မှုနှင့်ထိခိုက်မှုအား တုံ့ပြန် ရာတွင် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ရေရှည်ကောင်းမွန်သည့် အစီအစဉ် ချမှတ်ပြီး မြန်ဆန်စွာတုံ့ပြန်နိုင်ရန် စီးပွားရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ နှင့် အစိုးရတို့မှ ပူးပေါင်းကြိုးပမ်း အားထုတ်သွားရန် လိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် CERP အစီအစဉ်အောက်တွင် မြန်မာငွေကျပ် ၉၂ ဒသမ ၆၁ ဘီလီယံသုံးစွဲ၍ စိုက်ပျိုး စီးပွား၊ အသေးစားစိုက်ပျိုးရေးလုပ်ငန်း များနှင့် တောင်သူများအား ပံ့ပိုးရန်နှင့် ဆက်စပ်ကဏ္ဍများနှင့် cash for work အစီအစဉ်တို့ကို အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ MERRP ၏ အောက်တွင် ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယနေ့ကျင်းပသည့်ဖိုရမ်တွင် အစားအစာလုံခြုံရေးနှင့် မြေယာ ပိုင်ဆိုင်မှုကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ပြီး ဆွေးနွေးမှုရလဒ်များမှ မြန်မာ နိုင်ငံအတွက် ပိုမိုကောင်းမွန်သော စိုက်ပျိုးရေးစနစ် တည်ဆောက်နိုင်ရေး တန်ဖိုးရှိသော အကြံပြုချက်များ ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Ranieri Sabatucci က လယ်ယာ ကဏ္ဍတွင် တာဝန်ခံမှုရှိသော စီးပွား ရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ နိုင်ငံအစိုးရအနေဖြင့် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများနှင့် ခိုင်မာသော မူဝါဒများ ချမှတ်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍ အသွင်ကူးပြောင်းရေးလမ်းကြောင်း မှန်ပေါ် ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအစိုးရ နှင့်အတူ တာဝန်ခံမှုရှိသော စီးပွားရေး လုပ်ငန်းများကို ရေရှည်တည်တံ့နိုင် ရေးဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုအကူအညီများနှင့် စံချိန် စံညွှန်းပြည့်မီသော၊ ဘေးအန္တရာယ် ကင်းရှင်းသော လယ်ယာထွက်ကုန် များကို ပြည်တွင်းဈေးကွက်တွင် သာမက ပြည်ပတင်ပို့နိုင်ရေးကိုပါ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ ဥရောပကော်မရှင်သည် မြန်မာနိုင်ငံမှထွက်ရှိသည့် ပျားရည်ကို ဥရောပနိုင်ငံများသို့ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်တွင် တင်သွင်းခွင့် ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ လယ်ယာနှင့် စားသောက်ကုန်များ EU ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင် ရန် အခွင့်အလမ်းများစွာရှိပါကြောင်း၊ သို့ရာတွင် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စံချိန်စံညွှန်းပြည့်မီ ရေး၊ အပင်နှင့် တိရစ္ဆာန်ပိုးမွှားရောဂါ ကင်းစင်ရေးတို့ကို ပိုမိုအလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၊ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ EU၊ ILO၊ OECD စသည့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများ၊ လယ်သမားများ၊ ပြည်သူ များ ပူးပေါင်း၍ မြန်မာနိုင်ငံလယ်ယာ ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက Plenary Sessi-on တွင် “Taking Stock of 2020 to Unlock Myanmar’s Potential” ခေါင်းစဉ်ဖြင့် ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း စိုက်ပျိုးစီးပွားကဏ္ဍရှိ စိန်ခေါ်မှုများနှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ၊ လယ်ယာကဏ္ဍ အသွင်ပြောင်းလဲရေး ဆောင်ရွက်ရာ တွင် စိန်ခေါ်မှုများနှင့် ဦးစားပေးအစီအစဉ်များဆိုင်ရာကိစ္စရပ်များကို ပါဝင် ဆွေးနွေးသည်။

ဖိုရမ်သို့ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံရှိ ဥရောပကုန်သည်ကြီးများ အသင်း (Eurocham Myanmar)၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအဖွဲ့ (Organization For Economic Cooperation and Deve-lopment-OECD)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (International Labour Organization-ILO) နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်