တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ ရေနံစိမ်း၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   စက်တင်ဘာ   ၂၀


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး     ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ  ၁၇  ရက်တွင်  ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့ပါဝင်သော     ပူးပေါင်း စစ်ဆေးရေးအဖွဲ့က    စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ ရန်ကုန်အနောက်ပိုင်းခရိုင်    အလုံမြို့နယ်   (MIP) မြန်မာစက်မှုဆိပ်ကမ်း      ကုန်သေတ္တာစစ်ဆေးရေး စခန်းတွင်   တရားမဝင်ကျွန်း   ပရိဘောဂပစ္စည်းများ၊ တရားဟောပလ္လင်များ၊   ဗုဒ္ဓဝင်ရုပ်စုံပန်းပုချပ်များ၊ ဘုရားစင်များ စုစုပေါင်း ၇ ဒသမ ၇၂၆၂ တန် (ခန့်မှန်း တန်ဖိုးငွေကျပ်  ၅၀၉၉၂၉၂)နှင့်  အဆိုပါပစ္စည်းများ ထည့်သွင်းသယ်ဆောင်လာသည့်     ကုန်သေတ္တာ တစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၀၀၉၉၂၉၂)ကို ဖမ်းဆီးရမိခဲ့ပြီး  သစ်တောဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ဖမ်းဆီးအရေးယူ  


ထို့အတူ  စက်တင်ဘာ  ၁၈ ရက်တွင် မကွေးတိုင်း ဒေသကြီး     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်  ပူးပေါင်းစစ်ဆေးရေး အဖွဲ့က   စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ   မင်းဘူး မြို့နယ်   ရွာမကန်ကျေးရွာအနီး၌   ဆီဘောက်ဆာ တစ်စီးပေါ်မှ   တရားမဝင်စက်သုံးဆီ    ဂါလန်    ၇၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၄၄၄၀၀၀၀)နှင့်  အဆိုပါ စက်သုံးဆီများ  တင်ဆောင်လာသည့်  ဆီဘောက်ဆာ တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၀၀၀၀၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်း ကောင်း၊ မင်းဘူးမြို့နယ် မကျီးချောင်းရပ် မင်းဘူး- စကုသွား    ကားလမ်းမဘေးတွင်   မော်တော်ယာဉ် တစ်စီးပေါ်၌  တရားမဝင်  ရေနံစိမ်း ဂါလန်  ၃၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈၀၀၀၀)နှင့်  အဆိုပါ ရေနံစိမ်းများ  တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၄၀၀၀၀၀၀)ကို ပြည်သူပိုင်ပစ္စည်း    ကာကွယ်ရေးအက်ဥပဒေအရ လည်းကောင်း    စုစုပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၅၂၀၀၀၀ )ကို ဖမ်းဆီးအရေးယူ   ဆောင်ရွက်လျက် ရှိသည်။

 

 
အရေးယူဆောင်ရွက်


အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူးအဖွဲ့၏    စီမံခန့်ခွဲ မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေး ရေးအဖွဲ့က မုံရွာမြို့   အလုံရပ်ကွက်   သုံးဒေါင့်ချွန်း စစ်ဆေးရေးဂိတ်၌  စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ lifan အမျိုးအစား လိုင်စင်မဲ့  မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၀၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး    ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ထို့ပြင် စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ  တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက် ရေးအထူးအဖွဲ့၏     စီမံခန့်ခွဲမှုဖြင့်   ဒက္ခိဏခရိုင် သစ်တောဦးစီးဌာန ဦးဆောင်သောအဖွဲ့က စစ်ဆေးမှု များ   ဆောင်ရွက်ခဲ့ရာ   လယ်ဝေးမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ် ၀ ဒသမ ၄၆၈၀ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၁၀၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


ယင်းအပြင်  စက်တင်ဘာ ၂၀ ရက်တွင် ကရင် ပြည်နယ်     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့ကရိတ်(တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌      တာဝန်ကျပူးပေါင်းအဖွဲ့က  သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိ သည့် ဖော့ဖိနပ်  အစုံ  ၄၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)ကို    လည်းကောင်း၊   သံလွင်တံတား (ဘားအံ)   စုပေါင်းစစ်ဆေးရေးဂိတ်၌   တာဝန်ကျ စစ်ဆေးရေးအဖွဲ့က     တရားဝင်စာရွက်စာတမ်း အထောက်အထား    တစ်စုံတစ်ရာ   တင်ပြနိုင်ခြင်း မရှိသည့်  စားသုံးဆီ  ပုံး  ၁၀၀၀  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀၀)နှင့်  အဆိုပါ စားသုံးဆီပုံးများ တင်ဆောင်လာသည့်     နောက်တွဲယာဉ်တစ်စီးနှင့် Dong Feng   အမျိုးအစား   ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၀၀၀၀၀၀၀) ကို  လည်း ကောင်း     စုစုပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ      အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ယင်းအပြင်   ပဲခူးတိုင်းဒေသကြီး   တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှု ဖြင့်  တိုင်းဒေသကြီး  သစ်တောဦးစီးဌာနဦးဆောင် သော  ပူးပေါင်းစစ်ဆေးရေးအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   ပဲခူးမြို့နယ်   စစ်တောင်းတံတား၊ ရွှေသံလွင်တိုးဂိတ်အနီးတွင် တရားမဝင်  ကျွန်းသစ် ၀  ဒသမ ၆၅၀၈  တန်    (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂၉၅၂၈)ကို   ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


သို့ဖြစ်ပါ၍    စက်တင်ဘာ   ၁၇  ရက်၊ ၁၈ ရက်၊ ၁၉ ရက် နှင့်  ၂၀ ရက်တို့တွင်   ဖမ်းဆီးရမိမှု   စုစု ပေါင်းမှာ    အမှုတွဲ    ၁၀    မှု၊     (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၀၄၆၉၈၄၀ ) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး     ဦးဆောင်ကော်မတီမှ သိရသည်။ 


သတင်းစဉ်