
AA အဖွဲ့နှင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်
နယ်စပ်ခြံစည်းရိုးအနီးမှနေ၍ လုံခြုံရေးရဲကင်းစခန်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်
လက်နက်ကြီးကျည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲ
နေပြည်တော် စက်တင်ဘာ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ထာဝရငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်၍ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်း အားလုံးကို လွတ်လပ်ပွင့်လင်းစွာဆွေးနွေးနိုင်ရေး ဖိတ်ခေါ်၍ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိစဉ် AA အဖွဲ့အနေဖြင့် နိုင်ငံတော်၏ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြား မှတ်တိုင်များအနီး ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းအား သာလွန်အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ AA အဖွဲ့အနေဖြင့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ စက်တင်ဘာ ၁၆ ရက် ည ၇ နာရီခွဲတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင်၊ BP-၃၁ အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တောင်ပြိုဝဲ ရဲကင်းစခန်းအား စခန်း၏ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၀ မိနစ် ၅၉ ဒသမ ၃၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၂ မိနစ် ၁၆ ဒသမ ၀၆ စက္ကန့်နေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ လက်နက်ကြီး ကျည်များသည် ရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုးအား ကျော်လွန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၁ မိနစ် ၃ ဒသမ ၀၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၀ မိနစ် ၂၀ ဒသမ ၉၁ စက္ကန့်သို့ သုံးလုံး ကျရောက်ပေါက်ကွဲခဲ့သည်။
အလားတူ စက်တင်ဘာ ၁၆ ရက် ည ၈ နာရီ ၁၀ မိနစ်နှင့် စက်တင်ဘာ ၁၇ ရက် နံနက်အစောပိုင်းတို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင်၊ BP-၃၄ အနီး တောင်ပြိုယာရဲကင်းစခန်း အား အထက်ပါပစ်ခတ်ခဲ့သည့် နေရာများမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ လက်နက်ကြီး ကျည်များသည် ရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုး အား ကျော်လွန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၈ ဒသမ ၅၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၄ ဒသမ ၁၉ စက္ကန့်သို့ လက်နက်ကြီးကျည် သုံးလုံး၊ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၀ ဒသမ ၃၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၄ ဒသမ ၇၅ စက္ကန့်သို့ လက်နက်ကြီးကျည် နှစ်လုံး၊ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၈ ဒသမ ၅၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၆ ဒသမ ၁၀ စက္ကန့်သို့ တစ်လုံးနှင့် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂ မိနစ် ၂၄ ဒသမ ၈၀ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၅၆ ဒသမ ၀၁ စက္ကန့်သို့ သုံးလုံး ကျရောက်ပေါက်ကွဲခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် အဘက်ဘက်မှ ကြိုးပမ်းနေစဉ်ကာလအတွင်း AA အဖွဲ့သည် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်း ဖက်အဖွဲ့နှင့် ပူးပေါင်း၍ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ် နယ်စပ်ခြံစည်းရိုး အနီးမှနေ၍ ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းသည် အိမ်နီးချင်း နှစ်နိုင်ငံ အကြား ချစ်ကြည်ရေးပျက်ပြားစေရန် ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ လက်နက်ကြီးကျည် ကျော်ကျပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးရှိ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ AA အဖွဲ့အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခြင်းများ ဆောင်ရွက်၍ သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်ခြားမှတ်တိုင်အမှတ် ဘီပီ-၄၀ ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား သာလွန် အင်အားဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းအား လက်လွတ်ဆုံးရှုံးခဲ့ရပြီး နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဇ္ဇားရှိ အမှတ်(၃၄) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့ မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှတစ်ဆင့် အကြောင်းကြားစာပေးပို့ထားရှိ ကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ သို့ အသိပေးအကြောင်းကြားစာများ ပေးပို့ထားရှိ ကြောင်း သိရသည်။
သတင်းစဉ်