မြန်မာနိုင်ငံအနာဂတ် လှသည်ထက်လှစေ

Type
၅

 

ဝဏ္ဏ (TGI)

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ   ဗလာဒီဗော့ စတော့ခ်မြို့  Far  Eastern  Federal University(FEFU) သို့ ရောက်ရှိတည်းခို လျက်ရှိသည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  ဦးစီး သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းမှစတင်၍   သက်ဝင် လှုပ်ရှားလျက်ရှိသည်။

 

နံနက်ပိုင်းအတွက် သွားရောက်လေ့လာမည့်      အစီအစဉ်၊ တွေ့ဆုံဆွေးနွေးမည့်    အစီအစဉ်များ မရှိသည့်တိုင်  နားနေရခြင်းမရှိ။  မကြာမီ ဆောင်ရွက်ရမည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ H.E.Vladimir Vladimir-ovich   Putin  နှင့် တွေ့ဆုံဆွေးနွေးမှု၊  (၇) ကြိမ်မြောက်   အရှေ့ဖျားစီးပွားရေး  ဖိုရမ် (The  7 th   Eastern   Economic Forum-2022)တွင်    တက်ရောက် ဆွေးနွေးမှု စသည်တို့အတွက် လိုအပ် သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် နေကြသည်။   ခရီးစဉ်အား  မစတင်မီ ကာလကပင်  ကြိုတင်ပြင်ဆင်ခဲ့ပြီးဖြစ် သော်လည်း  အချိန်နှင့်အမျှပြောင်းလဲ လာနိုင်သည့်  အချို့အကြောင်းအရာများ အတွက်     မတိုင်မီသောကာလအထိ ပြင်ဆင်မှုကို မလျှော့။

 


အလေးအနက်ထား


မွန်းလွဲပိုင်းအရောက်တွင်  တည်းခို ရာနေရာမှ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး            မင်းအောင်လှိုင် ဦးဆောင်သည့်    မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ပါဝင်သည့် လုံခြုံရေး ယာဉ်တန်းများ  ခြံရံထားသည့်  အထူး ယာဉ်တန်း  စတင်ထွက်ခွာသည်။ FEFU Campus  အတွင်းရှိ   ဧည့်ခန်းမဆောင် အတွင်း၌သာ  တွေ့ဆုံခြင်းဖြစ်၍   ခရီး ကွာဝေးမှုမရှိသော်လည်း စနစ်ကျနသော ယာဉ်တန်းဖြင့်     စီမံဆောင်ရွက်ပေးမှုဖြင့် ရုရှားနိုင်ငံအနေဖြင့်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်အပေါ်  အလေးအနက်ထားမှု ကို ပြသည်။

 


နှစ်နိုင်ငံ        အကြီးအကဲနှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုတွင်          မြန်မာနိုင်ငံ ဘက်မှ အကြီးအကဲနှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ် ကြီး  ရဲဝင်းဦး၊   စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန          ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊   ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြား စီးပွားဆက်သွယ်ရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊   ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးတို့ ပါဝင် တက်ရောက်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်တွင်လည်း ရုရှားဖက်ဒရေးရှင်း နိုင်ငံ သမ္မတ  H.E.Vladimir Vladimir-ovich    Putin ၊   နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ၊  မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ  သံအမတ်ကြီး H.E.Mr.Nikolay A. Listopadov နှင့် အစိုးရအဖွဲ့   တာဝန်ရှိသူများ  စုံလင် စွာတက်ရောက်ကြသည်။

 


ကာလရှည်မိတ်ဖက်နိုင်ငံ


ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတက ကြိုဆိုမှုအပေါ် မြန်မာနိုင်ငံ၏ အကြီး အကဲက  မင်္ဂလာပါဟူသော  ပရိသန္ဓာရ စကားဖြင့် နှုတ်ဆက်၍ တွေ့ဆုံဆွေးနွေး မှုကို စသည်။ ရုရှားနိုင်ငံအကြီးအကဲက ရုရှား-မြန်မာ    နှစ်နိုင်ငံချစ်ကြည်ရေး ၇၅ နှစ်တိုင်သည်အထိ     ခိုင်မြဲခဲ့မှုအပေါ်  ဂုဏ်ပြုအခမ်းအနား  ကျင်းပမည်ဖြစ် ကြောင်းနှင့်       နှစ်နိုင်ငံဆက်ဆံရေး  ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အပေါ်            အလားအလာကောင်းများ မြင်တွေ့နေရမှုအခြေအနေများကို စတင် ဆွေးနွေးသည်။ ကနဦးဆွေးနွေးမှုတွင် မြန်မာနိုင်ငံသည်   အရှေ့တောင်အာရှ ဒေသတွင်   ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဟု    သုံးနှုန်း ဆွေးနွေးခြင်းဖြင့် ရုရှား-မြန်မာ နှစ်နိုင်ငံ ၏ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြသည်။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကလည်း တွေ့ဆုံ ဆွေးနွေးမှုအပေါ်  ကျေးဇူးတင်စကားဆို ၍   နှစ်နိုင်ငံ၏  သံတမန်ဆက်ဆံရေး အခြေအနေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယခင်ရင်ဆိုင်ခဲ့ရသည့်   အခက်အခဲများ နှင့်  ၎င်းအခက်အခဲများကြားမှ  လက်ရှိ သမ္မတကြီးလက်ထက်တွင်      ကမ္ဘာ့ ထိပ်တန်းနိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းခဲ့မှုများအပေါ် ချီးကျူးစကားဖြင့် ဆွေးနွေးခြင်းကိုစသည်။ အပြန်အလှန် သော ရင်းနှီးမှုဖြင့် ချစ်ကြည်ရေးဆွေးနွေး မှုများအပြီးတွင်  နှစ်နိုင်ငံ၏  အမျိုးသား အကျိုးစီးပွားကို ရှေးရှုသောဆွေးနွေးမှုကို ဆောင်ရွက်ကြသည်။ 

 


ခေတ်ပညာတတ်များအတွက် ကဏ္ဍတစ်ခုဖွင့်လှစ်


ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာ နိုင်ငံတို့အကြား         သံတမန်ဆက်ဆံမှု တိုးမြှင့်ရေးမှ အစချီ၍ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့်   ကိစ္စရပ် များ၊   ဆက်စပ်နေသည့်  ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများတွင်  ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့်      ပတ်သက်၍ ဆွေးနွေးသည်။  နိုင်ငံသူ၊  နိုင်ငံသား တစ်ဦးချင်းမှအစပြု၍ နိုင်ငံအဆင့်အထိ တိုးတက်လာမည့် ကိစ္စရပ်များဖြစ်သည့် အတွက်  ဆွေးနွေးမှုမှာ  ကျယ်ပြောလှ သည်။ ဆက်လက်ဆွေးနွေးမှုတွင် သိပ္ပံ နှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ အာကာသနှင့် ဂြိုဟ်တု နည်းပညာဆိုင်ရာ  ပူးပေါင်းဆောင်ရွက် ရေးတို့ကို   ဆွေးနွေးသည်။  တိုးတက် လာသည့် သိပ္ပံနှင့်နည်းပညာခေတ်တွင် ပူးပေါင်းဆောင်ရွက်ရမည့်  ဆွေးနွေးမှု များမှာ    အဖိုးတန်   လှသည့်အပြင် မြန်မာနိုင်ငံရှိ    ခေတ်ပညာတတ်များ အတွက် အခန်းကဏ္ဍတစ်ခုကို ဖွင့်လှစ် လိုက်နိုင်ခြင်းဟု ဆိုရမည်ဖြစ်သည်။ 

 


နှစ်နိုင်ငံ  ခရီးသွားလုပ်ငန်း  အပြန် အလှန်တိုးမြှင့်ရေး၊ မြန်မာနိုင်ငံသို့ ရုရှား နိုင်ငံမှ    ရင်းနှီးမြှုပ်နှံမှုများ    လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး  ဖိတ်ခေါ်ဆွေးနွေးမှု ကိုလည်း  ဆောင်ရွက်ခဲ့ရာ  အနာဂတ် ကာလတွင်  နှစ်နိုင်ငံလုံးမှ  ပြည်သူလူထု ၏ လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသော  ဆွေးနွေးမှုအဖြစ် မှတ်တမ်း တင်ရမည်ပင်ဖြစ်သည်။  နှစ်ဖက်သော အကြီးအကဲများ၏   နိုင်ငံနှင့်ပြည်သူ လူထုအပေါ်ထားရှိသည့်        စိတ်စေတနာ ကိုမြင်သာသည့်   ဆွေးနွေးမှုများဟု လည်း   ထင်မြင်မိသည်။  အလားတူပင် နျူကလီးယားစွမ်းအင်ကို     ငြိမ်းချမ်းစွာ အသုံးပြု၍    လူမှုစီးပွားဘဝ   ဖွံ့ဖြိုး တိုးတက်ရေးတွင်     အသုံးချနိုင်ရေးကို လည်း  ဆွေးနွေးဆောင်ရွက်ခဲ့ရာ   အမိ မြန်မာပြည်အတွက်  ရလဒ်ကောင်းများ  ရရှိစေရန် ပြီးပြည့်စုံလှသော ဆွေးနွေး ချက်များအဖြစ်  ယူဆမိသည်။  သာမန် တွေ့ဆုံမှုများထက်  ပိုမိုကြာမြင့်ခဲ့သည့် တွေ့ဆုံဆွေးနွေးခဲ့မှုသည်   နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှု၊     ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှု၊            အပြန်အလှန်ကူညီ ဆောင်ရွက်မှုစသည့်            အပြုသဘော ဆောင်သော                ရလဒ်ကောင်းများကို ဆွေးနွေးနိုင်ခဲ့သည်ဟု မှတ်တမ်းပြုရမည် ပင်ဖြစ်သည်။

 


ရုရှားဖက်ဒရေးရှင်းနိုင်ငံ  သမ္မတ H.E.Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင်    မကြာမီ စတင်ကျင်းပမည့် (၇)  ကြိမ်မြောက် အရှေ့ဖျား  စီးပွားရေးဖိုရမ်  (The 7 th Eastern Economic Forum-2022) ၏ မျက်နှာစုံညီ  အစည်းအဝေး  Plenary Session တွင် တက်ရောက်ဆွေးနွေးရန် စီမံရသည်။ 

 


ဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေး သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတ အပါအဝင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာမေး နီးယားနိုင်ငံ ဝန်ကြီးချုပ်  Mr.  Nikol  Pashinyan ၊ မွန်ဂိုလီးယားနိုင်ငံ   ဝန်ကြီး ချုပ်  Mr. Luvsannamsrian Oyun-Erdene ၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  အမျိုးသား ပြည်သူ့ကွန်ဂရက်   ဥက္ကဋ္ဌ   Mr.  Li  Zhanshu  စသည့်  နိုင်ငံ့ ခေါင်းဆောင်များ အပါအဝင် နိုင်ငံ ၉၀ ကျော်မှ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ် များပါဝင် တက်ရောက်ကြသည်။

 


အစည်းအဝေးတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သမ္မတက ရုရှားအရှေ့ဖျားဒေသ ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုများအတွက် ဆောင်ရွက် ပေးမည့်    အခြေအနေ၊   ရုရှားနိုင်ငံမှ  ကုန်သွယ်ကူးသန်းရောင်းဝယ်မှုများနှင့် ပတ်သက်၍  ဆက်လက်ဆောင်ရွက်ပေး သွားမည့် အခြေအနေများကို ဆွေးနွေး ပြောကြားသည်။  ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ၏   ဆွေးနွေးပြောကြားမှု အပြီးတွင်           ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင်က  ဆက်လက်ဆွေးနွေးရသည်။

 


ဖေးမကူညီတတ်သည့် မြန်မာ့စိတ်ရင်း


မြန်မာအကြီးအကဲက ဆွေးနွေးမှုကို “စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက်   အခွင့်အလမ်း ကောင်းများ”  ဟူသော   ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။ လူသားများ၏  အသက် ရှင်  နေထိုင်လှုပ်ရှားသွားလာရန်အတွက် စားနပ်ရိက္ခာ၏  အရေးပါမှုကို   စတင် ဖော်ပြ၍  စားနပ်ရိက္ခာလုံခြုံမှု  (Food Security)သည် လူသားအားလုံးအတွက် အခြေခံအကျဆုံးနှင့်   အဓိကအကျဆုံး သော လိုအပ်ချက်ဖြစ်သည်ဟု ဆွေးနွေး သည်။   စားနပ်ရိက္ခာလုံခြုံမှု  (Food Security) အပေါ် ခေတ်ကာလပြောင်းလဲ မှုအရ  ဘဏ္ဍာရေးလုံခြုံမှု (Financial Security)က   လွှမ်းမိုးလာမှုကိုလည်း သတိပြုနိုင်ရန် ထောက်ပြဆွေးနွေးသည်။

 


စားနပ်ရိက္ခာလုံခြုံရေး(Food Security)တွင် အဓိကကျသည့် အထောက်အကူ ပစ္စည်းများ         ရောင်းဝယ်မှုပြုရာတွင် အချို့နိုင်ငံများက  ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲ၍  ဒေါ်လာကို  လက်နက်သဖွယ် အသုံးချလာမှု၊ နိုင်ငံကြီးများမှ နိုင်ငံငယ် များကို ဒေါ်လာဖြင့်အနိုင်ကျင့်ကာ  နိုင်ငံ ရေး၊   စီးပွားရေးတို့တွင်  လွှမ်းမိုးလာမှု တို့ကိုလည်း  အလေးထားထောက်ပြ၍ သတိပြုမိစေရန် ထည့်သွင်းဆွေးနွေး သည်။ ၎င်းကိစ္စရပ်များကို လွန်ဆန်နိုင် မည့် နည်းလမ်းနှစ်သွယ်ကို ဆောင်ရွက် နိုင်မှု၊  အင်အားကြီးနိုင်ငံများမှ  ဝိုင်းဝန်း ကူညီပေးရန် လိုအပ်မှုတို့ကိုလည်း အကြံ ပြုတိုက်တွန်းသည်။  အမိမြန်မာပြည် အတွက်သာမဟုတ်၊   အခြားအနိုင်ကျင့်ခံ နေရသည့်   နိုင်ငံငယ်များအတွက်ကိုပါ ရည်ရွယ်ထည့်သွင်း        ဆွေးနွေးမှုတွင် ဖေးမကူညီတတ်သည့်  မြန်မာ့စိတ်ရင်းကို မြင်သာသည်။ 

 


စားနပ်ရိက္ခာလုံခြုံမှု          (Food Security) ကို   ခြိမ်းခြောက်နေသည့် ပြောင်းလဲမှု ဖြစ်စဉ်များ၊ နှစ်ကာလများ အလိုက်  တိုးတက်လာမည့်  လူဦးရေနှင့် အညီ စားနပ်ရိက္ခာလိုအပ်မှု (Demand) မြင့်တက်လာနိုင်မည့် အခြေအနေများကို လည်း   ကြိုတင်ပြင်ဆင်  ဆောင်ရွက်ရန် လိုအပ်ချက်များအဖြစ်    သိသာစေရန် ဆွေးနွေးမှုတွင်            ထည့်သွင်းသည်။ ဆက်လက်ဆွေးနွေးမှုတွင်  အမိမြန်မာ နိုင်ငံပါဝင်သည့်   အာဆီယံဒေသသည် ပထဝီ   အနေအထားအရ  အရေးပါသည့် နေရာတွင်     တည်ရှိနေမှု   အခြေအနေ၊ အာဆီယံနိုင်ငံများမှ  စိုက်ပျိုးရေးထွက် ကုန်များထုတ်လုပ်မှု၊   တင်ပို့ရောင်းချမှု အခြေအနေများကိုလည်း ကိန်းဂဏန်း အချက်အလက် အကိုးအကားများဖြင့် ရှင်းလင်းဆွေးနွေးသည်။    အာဆီယံ ဒေသတွင်း         နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏  ပထဝီအနေအထားအရ သဘာဝပတ်ဝန်းကျင်      ကောင်းများနှင့် ပြည့်စုံမှု၊ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်မည်ဆိုပါက စားနပ်ရိက္ခာလုံခြုံမှု (Food Security) အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့်  အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြား သည်။    အပြန်အလှန်   ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ   သဘောကို    အခြေခံ၍ ဆွေးနွေးမှုအဖြစ် မှတ်သားရသည်။ 

 


လာရောက်ရင်းနှီးမြှုပ်နှံ


မြန်မာနိုင်ငံ၏     လက်ရှိရေနံနှင့် သဘာဝဓာတ်ငွေ့   ထုတ်လုပ်နေမှုအခြေ အနေ၊    အသစ်ထပ်မံတွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့သိုက်များ၏ အခြေအနေ၊  သဘာဝဓာတ်ငွေ့ကို အခြေခံ သည့် စီးပွားရေးလုပ်ငန်းများ  လာမည့်  သုံးနှစ်အတွင်း   တိုးတက်လာမည်ဖြစ် သည့်အတွက် ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်ကမ်းလှမ်းမှုကိုလည်း  ဆွေးနွေးမှုတွင် ထည့်သွင်း ပြောကြားသည်။ အလားတူ သဘာဝတွင်းထွက်သတ္တုများ   တူးဖော် ထုတ်လုပ်ရေး၊ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့်   ကုန်ထုတ်လုပ်ငန်းများ အပါအဝင်   နယ်ပယ်စုံ၊  ကဏ္ဍစုံတွင်  လာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် ကုန်သွယ် ရေးအတွက်   အခွင့်အလမ်းများစွာကို  ပေးအပ်နိုင်စွမ်းရှိမှု စသည်တို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသည်။

 


ယခုကျင်းပပြုလုပ်သည့် ဖိုရမ်မှအစ ပြု၍   အနာဂတ်ကာလတွင်  အာရှ-ပစိဖိတ်ဒေသကို  ရင်းနှီးမြှုပ်နှံမှုသာမက ပထဝီနိုင်ငံရေးအရ တည်ငြိမ်မှုရရှိစေရေး ပိုမိုအားကောင်း  လာမည့်အခြေအနေ၊ ဒေသတွင်း အဖွဲ့အစည်းအသီးသီးတို့နှင့် ခိုင်မာသည့် ဆက်ဆံရေး ထူထောင်ခြင်း ဖြင့်   ရရှိလာနိုင်သည့် အကျိုးစီးပွားဖြစ် ထွန်းမှုတို့ကို   ထည့်သွင်းဆွေးနွေးကာ စည်းလုံးညီညွတ်ခြင်းဖြင့်   ဒေသတွင်း သာမက  နယ်မြေအသီးသီး၏  အကျိုး စီးပွား တိုးတက်စေနိုင်မှုကို အသေးစိတ် ဆွေးနွေးသည်။  ၎င်းကဲ့သို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို  မြှင့်တင်နိုင်ရေး အတွက်   ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်ရန်  လိုအပ်မှု၊    ဆက်သွယ်ရေး လမ်းကြောင်းဖွင့်လှစ်ရာတွင် ပေါင်းစပ် ဆောင်ရွက်သင့်သည့် အခြေအနေများ ကိုလည်း  အကြံပြုဆွေးနွေးခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အတွေး တစ်ခုဖြစ် လာစေရန်တိုက်တွန်းနိုင်ခဲ့သည်။ အကြံ ပြုတိုက်တွန်းမှုကို    အမိမြန်မာနိုင်ငံ၏ ပထဝီအခြေအနေ၊  ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေး(Food Security)အတွက် ဖြည့်ဆည်းပေးနိုင်မည့်   အခြေအနေနှင့် ချိတ်ဆက်ဆွေးနွေးကာ  ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်ရန် ဖိတ်ကြားခြင်းဖြင့် ဆွေးနွေးမှုကို အဆုံး သတ်သည်။ ကမ္ဘာကြီး၏ စားနပ်ရိက္ခာ လိုအပ်ချက်၊ ဒေသတွင်းဆောင်ရွက်သင့် သည့်အချက်များ၊ မြန်မာနိုင်ငံ၏ ပထဝီ အခြေအနေနှင့်  ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို     အကိုးအကား၊ အထောက်အထားများဖြင့်   ချိတ်ဆက် ဆွေးနွေးမှုမှာ သေသပ်ပြည့်စုံလွန်းသည် ဟု မြင်မိသည်။

 


အနာဂတ်တွင် ယုံကြည်အားထား ရသည့်    ကာလရှည်မိတ်ဖက်နိုင်ငံ၊ တစ်နည်းအားဖြင့်   မဟာမိတ်နိုင်ငံဟု ညွှန်းသည်။  ရှည်လျားသော  သမိုင်း ကြောင်း၏        အကဲဖြတ်ချက်အရ  ထွက်ပေါ်လာသည့်စကားစုဟု သုံးနှုန်း လျှင်    မှားမည်မထင်ပါ။   နှစ်နိုင်ငံ၏  ဆက်ဆံရေးသမိုင်း         တစ်လျှောက် တိုးတက်လာသည့် ကုန်သွယ်ရေး၊ စီးပွား ရေးပူးပေါင်း          ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်း အလားအလာကောင်း များစွာရှိမှုနှင့်ယခုဖိုရမ်ကို  တက်ရောက် လာမှုအပေါ် ကျေးဇူးတင်စကား လည်း ဆိုသည်။  တည်ငြိမ်သည့်  အပြော တွင်   ရည်မှန်းချက်ပါသည်ကို  သတိပြု မိသည်။

 


သမိုင်းကြောင်းရှိသည့် ဆက်ဆံရေး


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း အပြန်အလှန် ကျေးဇူးတုံ့ပြန်စကားဖြင့် စသည်။  နှစ်နိုင်ငံ  သံတမန်ဆက်ဆံရေး ကာလကို   ညွှန်းဆိုရင်း  ထူးခြားသည့် သမိုင်းကြောင်းရှိသည့်        ဆက်ဆံရေး အဖြစ်  ဂုဏ်ပြုစကားဆိုသည်။  အနိမ့်၊ အမြင့်မျိုးစုံသော ဆက်ဆံရေးသမိုင်းနှင့် လွန်ခဲ့သော ၁၀ စုနှစ် နှစ် စုကျော်ကာလမှ စတင်၍ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာမှုကို   အရှိန်အဟုန်ဖြင့်ဟူသော အထူးပြု စကားလုံးဖြင့် ညွှန်းဆိုသည်။ လွန်ခဲ့သည့်  နှစ် ၃၀ ခန့်တွင်  ရုရှားနိုင်ငံ ရင်ဆိုင်ခဲ့သည် အခက်အခဲအပေါ် လက်ရှိ သမ္မတကြီးတာဝန်ယူသည့် ၁၀ စုနှစ် ကာလအတွင်း   ကမ္ဘာ့ထိပ်တန်းနိုင်ငံ အဖြစ် ရောက်ရှိလာမှု၊ ကမ္ဘာ့ထိပ်တန်းသို့ ရောက်ရှိလာမှုနှင့်အတူ  ကမ္ဘာ့အရေးကိစ္စ များတွင် ရပ်တည်ဆောင်ရွက်နေမှုများကို ဂုဏ်ပြုစကားဖြင့် ဖော်ပြသည်။ လာမည့် အနာဂတ်ကာလတွင် ရုရှားနှင့်မြန်မာနှစ် နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုအား  ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဆိုသည်ကိုလည်း ထည့်သွင်းပြောဆိုသည်။ ကဏ္ဍတစ်ခု တည်း၊ အနည်းငယ်မျှသောကဏ္ဍ၊ ကဏ္ဍ အချို့ စသည့် ကန့်သတ်ချက်မပါ။ ကဏ္ဍ ပေါင်းစုံဟု   သုံးနှုန်းသည်။  စီးပွားရေး၊ လူမှုရေး၊  ယဉ်ကျေးမှု၊   ပညာရေး၊ ကျန်းမာရေးအစချီသည့် ကဏ္ဍနယ်ပယ် ကမနည်းလှ။ မကြာမီက ကျင်းပပြုလုပ် ပြီးစီးခဲ့သည့်   International Army Game ကဲ့သို့သော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းလေ့ကျင့်ဆောင်ရွက်မှုများကလည်း  တစ်ခန်းတစ်ကဏ္ဍအဖြစ် ပါပေ လိမ့်မည်။ ကျယ်ပြောလှသည့် ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍတွေကလည်း ဦးစားပေးအဆင့်ထဲမှာ  ပါပေလိမ့်မည်။ တစ်ပွင့်တည်းသော ပန်းအတွက် ရည်ရွယ်ခြင်းမဟုတ်။ ပန်းပေါင်းစုံသော ပန်းခင်းကြီးအဖြစ် ရည်ရွယ်သည်ဟု ဆိုရပေမည်။ 

 


အကြီးအကဲ၏ ဆွေးနွေးမှုအပြီးတွင် အခန်းအနားမှူးက   သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး အကြီး အကဲက   ပြန်လည်ရှင်းလင်းဆွေးနွေး သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ကလည်း  သူ၏  ထင်မြင်ယူဆချက်ကို ဖြည့်စွက်ဆွေးနွေးခြင်းဖြင့်  ပံ့ပိုးသည်။ ၎င်းနောက်  တက်ရောက်လာသည့် အကြီး အကဲများမှ သက်ဆိုင်ရာ ခေါင်းစဉ်များ အလိုက်  ကိုယ်တိုင်ပါဝင်ဆွေးနွေးခြင်း၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Narendra Modi ၊  မလေးရှားနိုင်ငံဝန်ကြီးချုပ် H.E. Ismail Sabri Yaakob နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Pham Minh Chinh တို့က Video Message များဖြင့် ပေးပို့ ဆွေးနွေးကြသည်။   နိုင်ငံ့ခေါင်းဆောင် အသီးသီး၏  ဆွေးနွေးမှုများအပြီးတွင် အခမ်းအနားမှူးက  လက်ရှိကမ္ဘာတွင် ဖြစ်ပေါ်နေသည့်   ဖြစ်ပေါ်ပြောင်းလဲမှု များနှင့်    ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ရပ်တည်ချက်များကို မေးမြန်းရာ ရုရှား ဖက်ဒရေးရှင်း နိုင်ငံသမ္မတက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆွေနွေးမှုများ အားလုံးပြီးဆုံးချိန်တွင်  တက်ရောက်လာ သည့်  အကြီးအကဲများ  ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီးနောက် အခမ်းအနားပြီးဆုံး ခဲ့သည်။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ တစ်နေ့တာ လှုပ်ရှားဆောင်ရွက်မှု၊ တွေ့ဆုံဆွေးနွေးမှု များက အစီအစဉ်အားဖြင့် ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ အစီအစဉ်အရ ပြီးမြောက်ခြင်း ၏ နောက်ဆက်တွဲ အကျိုးကျေးဇူးများ ကား မပြီးဆုံးသေး။  အချို့အကြောင်း အရာများက တိုးတက်မှုအဖြစ် ရှိနေပြီး အချို့အကြောင်းအရာများမှာ အသစ် အသစ်သော၊ ကောင်းမွန်သောအရာများ အဖြစ်  စတင်သက်ဝင်လာပြီဖြစ်သည်။ တိုးတက်မှု၊ ဖွံ့ဖြိုးမှု၊ ကြီးပွားမှုအစရှိသည့် အပြုသဘောဆောင် တိုးတက်မှုများမှာ တိုင်းတာကြည့်ရန်ပင်   ခက်ခဲလွန်းလှ သည် ထင်သည်။ မည်သို့ပင် ဆိုစေကာမူ အမိမြန်မာပြည်အတွက်  အပြုသဘော ဆောင်  တိုးတက်မှုမှန်သမျှ    အတိုင်း အဆမရှိခြင်းသည်ပင်  မင်္ဂလာမည်ပါ ပေသည်ဟု သုံးသပ်ဖော်ပြအပ် ပါသည်။       ။