လက်ပံတန်းမှ သာရဝေါသို့ ဘူတာကိုးဘူတာကို ဖြတ်ကျော် ပြေးဆွဲပေးသွားမည့် လော်ကယ်ရထားလိုင်းသစ်ဖွင့်လှစ်

 

လက်ပံတန်း   စက်တင်ဘာ   ၁၆


ပဲခူးတိုင်းဒေသကြီး    သာယာဝတီ ခရိုင်  လက်ပံတန်းမြို့တွင်  မြန်မာ့ မီးရထား   တိုင်းအမှတ်     (၆)  လက်ပံတန်းမှ     သာရဝေါသို့ လော်ကယ်ရထား    လိုင်းဖွင့်လှစ်ပြေးဆွဲခြင်းကို  သာရဝေါဘူတာ၌ ယနေ့နံနက် ၆ နာရီက ကျင်းပသည်။

 


သာရဝေါဘူတာမှ လက်ပံတန်း ဘူတာသို့ ထွက်ခွာမည့် စက်ခေါင်း အမှတ် DF-1631 တွဲဆိုင်းအား တိုင်းအမှတ်(၆) -(ရန်ကုန်) တိုင်း တာဝန်ခံ  ဦးယဉ်မင်းဦးနှင့် တာဝန်ရှိသူများက  အမွှေးနံ့သာရည်များ    ပက်ဖျန်းပြီး   နံနက် ၆ နာရီခွဲတွင်  စတင်ထွက်ခွာခဲ့ရာ လက်ပံတန်းဘူတာ သို့ နံနက်  ၈  နာရီတွင်  ဆိုက်ရောက်ပြီး   လက်ပံတန်းဘူတာမှ   မြန်မာ့ မီးရထား အောက်မြန်မာပြည် (ရန်ကုန်) အထွေထွေမန်နေဂျာ ဦးနေမျိုး အေးနှင့်အဖွဲ့ဝင်များ၊ လက်ပံတန်းဘူတာ အထူးတန်းရုံပိုင်ကြီး ဦးရဲမင်း နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

 


အဆိုပါ  လက်ပံတန်း - သာရဝေါ  လော်ကယ်ရထားခရီးစဉ်ကို စက်တင်ဘာ ၁၆ ရက်မှစတင်၍ တစ်ပတ်လျှင်  တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် သာရဝေါဘူတာမှ နံနက် ၆နာရီခွဲတွင် ထွက်ခွာ၍ လက်ပံတန်းဘူတာသို့ ၈နာရီခွဲတွင်ရောက်ရှိမည့် အမှတ်(၁၉၆)အစုန် ခရီးစဉ်နှင့် လက်ပံတန်းဘူတာမှ မွန်းလွဲ ၂ နာရီခွဲတွင်ထွက်ခွာပြီး သာရ ဝေါဘူတာသို့ ညနေ ၅ နာရီတွင် ရောက်ရှိမည့် အမှတ်(၁၉၅)အဆန် ခရီးစဉ်ကို  လမ်းခရီးတွင် ညောင်ဝိုင်း၊ ကျောက်အိုင်၊ စည်ပင်သာယာ၊ ခမုံဆိပ်၊ မြစ်မခ၊ သံဖြူရုံ၊  ကညင်တို၊  ဇီးဖြူကုန်း၊   ဇီးဖြူကုန်းရွာမ၊  ဘူတာ ကိုးဘူတာ  ထွက်ခွာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့ မီးရထား လက်ပံတန်းဘူတာရုံပိုင်ကြီးထံမှ သိရသည်။        

 
မြို့နယ်(ပြန်/ဆက်)