
နေပြည်တော် စက်တင်ဘာ ၁၆
ကလေးငယ်များသည် အနာဂတ် အတွက် တန်ဖိုးရှိသော ရတနာများဖြစ်၍ ကလေးတစ်ဦးချင်းစီ ကို တန်ဖိုးထားပြုစုပျိုးထောင်ပေး ခြင်းဖြင့် ၎င်းတို့၏ ရေရှည်ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံ ကောင်းများ ရရှိစေနိုင်မည်ဖြစ် ကြောင်း ဒုတိယဝန်ကြီး ဦးအောင် ထွန်းခိုင်က ပြောကြားသည်။
နေပြည်တော်အတွင်းရှိ လူမှု ဝန်ထမ်းဦးစီးဌာန၊ ရင်သွေးရတနာ မူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာမူလတန်းကြိုကျောင်းနှင့် နန်းထိုက်ရတနာ မူလတန်းကြို ကျောင်းများသို့ ယနေ့ နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဒုတိယဝန်ကြီးက ကလေးငယ်များအား ကျန်းမာ ပျော်ရွှင်စွာဖြင့် နေ့စဉ်သင်ကြား လေ့ကျင့်မှုများ ဆောင်ရွက်နိုင်ရန် အဓိက ဦးစားပေးလုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ လက်ဆေးခြင်း အလေ့အထနှင့် ကိုဗစ်စည်းမျဉ်း များနှင့်အညီ နေထိုင်တတ်စေရန် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ကလေးငယ်များမှတစ်ဆင့် မိဘ အုပ်ထိန်းသူများကိုလည်း ဖြန့်ဝေ ပေးနိုင်စေရန် လေ့ကျင့်သင်ကြားပေးနိုင်ပါကြောင်း သက်ဆိုင်ရာ မူလတန်းကြို ကျောင်းများက ကျောင်းအုပ်များ၊ ဆရာမများ နှင့် ကျောင်းသားမိဘများအား တွေ့ဆုံ၍ မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် မူလတန်းကြိုကျောင်းများ တွင် ကလေးများအား သင်ကြား လေ့ကျင့်နေမှုများနှင့် ကျောင်းခန်း အတွင်း၊ အပြင်သင်ယူရန်နေရာ များ၊ ကျောင်းနှင့် ကျောင်းပတ်ဝန်း ကျင်တို့ကို လှည့်လည်ကြည့်ရှုပြီး ၎င်းတို့၏ ဖွံ့ဖြိုးမှုကို ကိုယ်ပိုင်စွမ်း ရည်များ အပြည့်အဝရရှိစေရန် နှင့် တတ်မြောက်နိုင်စွမ်းရရှိသည် အထိ ပံ့ပိုးပေးနိုင်သည့် ပတ်ဝန်း ကျင်ကောင်းများအဖြစ် မိဘများ၊ ဆရာမများ ဝိုင်းဝန်း၍ ဟန်ချက် ညီ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ဦးစီးဌာနအနေဖြင့်လည်း ဆန်းစစ်လေ့လာ၍ ကလေးများ အတွက် သင်ကြားလေ့ကျင့်ပေး နိုင်မည့်နည်းလမ်းများကို ဖော် ထုတ်ခြင်း၊ တိုင်းဒေသကြီး၊ ပြည် နယ်များမှ ရပ်ရွာများအထိ မူကြို နည်းပညာများ ပျံ့နှံ့ရောက်ရှိနိုင် စေရေးအတွက် မူကြိုဆရာမများ မွေးထုတ်ခြင်း၊ သင်ကြားလေ့ကျင့် ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်