စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၂၄၂၆ ဦး တွေ့ရှိ

 

စင်ကာပူ   စက်တင်ဘာ  ၁၄ 


စင်ကာပူနိုင်ငံသည် စက်တင်ဘာ ၁၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ   ၂၄၂၆  ဦး စစ်ဆေးတွေ့ရှိရသည့်အတွက် နိုင်ငံ တစ်ဝန်း      အဆိုပါရောဂါကူးစက် ခံရသူ  စုစုပေါင်း ၁၈၆၇၁၆၈ ဦး အထိ ရှိလာပြီဖြစ်ကြောင်း သိရ သည်။ 

 


အဆိုပါ ကူးစက်ခံရသူများ အနက် ၂၄၁ ဦးသည် ပီစီအာရ် နည်းဖြင့်    စစ်ဆေးတွေ့ရှိခြင်း ဖြစ်ပြီး ၂၁၈၅ ဦးသည် အေအာရ်တီ နည်းဖြင့်    စစ်ဆေးတွေ့ရှိခြင်း ဖြစ်ကြောင်း      ကျန်းမာရေး ဝန်ကြီးဌာနက   ထုတ်ပြန်သော  ကိန်းဂဏန်း အချက်အလက်အရ သိရသည်။     ပီစီအာရ်နည်းဖြင့် စစ်ဆေးတွေ့ရှိသည့်    ၂၄၁  ဦး အနက် ၂၁၂ ဦးသည်  ပြည်တွင်း ကူးစက်သူများဖြစ်ပြီး ကျန် ၂၉ ဦး သည်    ပြည်ပပြန်ကူးစက်မှုဖြစ် ကြောင်း သိရသည်။ 

 


အေအာရ်တီနည်းဖြင့် စစ်ဆေး တွေ့ရှိသည့်   ၂၁၈၅  ဦးအနက် ၁၉၅၄   ဦးသည်  ပြည်တွင်း ကူးစက်မှုဖြစ်ပြီး  ကျန်  ၂၃၁  ဦး သည်    ပြည်ပပြန်ကူးစက်မှုဖြစ် ကြောင်း သိရသည်။ စင်ကာပူ နိုင်ငံ၌ စက်တင်ဘာ ၁၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထပ်မံ သေဆုံးသူ  နှစ်ဦးရှိသည့်အတွက် နိုင်ငံတစ်ဝန်း    အဆိုပါရောဂါ ကြောင့်    သေဆုံးသူ  စုစုပေါင်း ၁၆၀၄   ဦးအထိ  ရှိလာပြီဖြစ် ကြောင်း   ကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။      

ဆင်ဟွာ