
နေပြည်တော် စက်တင်ဘာ ၁၄
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတ ပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကို ပွဲစဉ် (၁၈) ပွဲဖြင့် စက်တင်ဘာ ၂ ရက်မှ စတင်ပြီး အပတ်စဉ် သောကြာနေ့ ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များ အဖြစ် ထပ်ဆင့်အကယ်ဒမီ ချိုပြုံး၊ စန္ဒရား မျိုးနိုင်နှင့် တေးသံရှင်ခိုင်ဝါတို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာ့အသံ တေးဂီတအဖွဲ့နှင့် တွဲဖက်၍ သရုပ်ဆောင်/ တေးသံရှင်များဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ် တို့က အစီအစဉ် တင်ဆက်သူများအဖြစ် ဆောင်ရွက် ကြမည်ဖြစ်သည်။
ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် သုံးဦးစီ ဖြင့် စုစုပေါင်း ၄၅ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ ပြိုင်ပွဲ ၏ ပွဲစဉ် (၃) ပထမဆင့် (Level -1) အုပ်စု (ခ) ပွဲစဉ် ကို စက်တင်ဘာ ၁၆ ရက် သောကြာနေ့ညတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ကချင်ပြည်နယ်မှ ထင်ဗေး အောင်၊ ရခိုင်ပြည်နယ်မှ ပန်းအိနွယ်၊ ပဲခူးတိုင်းဒေသ ကြီးမှ မြတ်ကေခိုင်၊ ချင်းပြည်နယ်မှ မြင့်မြတ်သူ၊ မွန်ပြည်နယ်မှ အေးသက်ထားဇော်၊ မန္တလေးတိုင်း ဒေသကြီးမှ သုနှင်းစံ၊ မကွေးတိုင်းဒေသကြီးမှ မြတ်နိုး စံ၊ ရှမ်းပြည်နယ်မှ အိုင်းစံနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ထွန်းပပအောင်၊ စုစုပေါင်းပြိုင်ပွဲဝင် ကိုးဦးတို့၏ ပြဋ္ဌာန်းတေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြပုံ များကို ယင်းနေ့ ည ၈ နာရီ သတင်းများအပြီးတွင် MRTV – HD မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့် သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့တင်ဆက်မှုကို စက်တင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ခန့်တွင် ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်