
နေပြည်တော် စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများရှိ ဒေသခံပြည်သူများအား ခြိမ်းခြောက် အကျပ်ကိုင်၍ လူသစ်စုဆောင်းခြင်း၊ အတင်းအဓမ္မဆက်ကြေးကောက်ခံခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ကို ထောက်ခံအားပေးမှုမရှိသည့် တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူများ၏ သတင်းပေးပို့မှုအရ စက်တင်ဘာ ၄ ရက်တွင် မော်လိုက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက် ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ မော်လိုက်မြို့နယ် မိုင်းနွဲ့ကျေးရွာ ၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ စခန်း တစ်ခုအား တွေ့ရှိခဲ့သဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သမားများ ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် အဆိုပါစခန်းအတွင်းမှ PDF အမည်ခံ အကြမ်းဖက်သမားများ ၏ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသည့် အမျိုးသမီး လေးဦးအား ပြန်လည် ကယ်တင်နိုင်ခဲ့ပြီး သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။
PDF အမည်ခံ အကြမ်းဖက် သမားများက အဆိုပါအမျိုးသမီး များအား အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခဲ့မှု၊ နေထိုင်စားသောက် ခဲ့ရမှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ကယ်တင်၍ သက်ဆိုင် ရာသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့မှုနှင့် ပတ်သက်၍ ယခု ကဲ့သို့ ကြားသိခဲ့ရသည်-
မဝင်းဝင်း(အမည်လွှဲ)
သမီးကတော့ မော်လိုက် မြို့နယ် ကောင်းကွေအုပ်စု မိုင်းနွဲ့ ကျေးရွာမှာ နေထိုင်ပါတယ်။ အသက်ကတော့ ၁၅ နှစ် ဖြစ်ပါ တယ်။ သမီးတို့ရွာကို အကြမ်းဖက် PDF ခေါင်းဆောင် တစ်ယောက် နဲ့ သူ့ရဲ့ တပည့်နှစ်ယောက်က အတင်းအဓမ္မ လူသစ်စုတဲ့အတွက် သမီးတို့ လူသစ်စုခြင်း ခံခဲ့ရပါ တယ်။ ၉ လပိုင်း ၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ သေနတ် သံတွေ ကြားရပါတယ်။ သမီးတို့ လည်း ဘယ်မှမပြေးဘဲ မြေကြီး ပေါ်မှာပဲ ဝပ်နေခဲ့ပါတယ်။ အဲဒီ အချိန် သမီးတို့ကို လာကယ်တဲ့ တပ်မတော်သားတွေနဲ့ တွေ့ပါ တယ်။ တပ်မတော်သားတွေကို တွေ့တဲ့အချိန်မှာ အရမ်းကို ပျော်ရွှင်ခဲ့ပါတယ်။
လုံခြုံမှုလည်း ရတယ်လို့ ခံစားရပါတယ်။ တပ်မတော်က သမီးတို့ကို ကယ်တင်တဲ့အချိန်မှာ ညှဉ်းပန်း နှိပ်စက်ခြင်း၊ ကာယအိန္ဒြေ ပျက်ပြားအောင် ပြုလုပ်ခြင်းမရှိဘဲ ကောင်းကောင်းမွန်မွန် ကျွေး တယ်၊ ကောင်းကောင်းမွန်မွန် ထားတယ်။ သမီးတို့ကို ဦးလေး သဖွယ်၊ မိဘသဖွယ် စောင့်ရှောက် ထားပါတယ်။ စခန်းကနေ ကောင်းကွေအထိ လမ်းလျှောက်ရ ပါတယ်။ အဲဒီနေရာကနေ ကလေးအထိ ကားနဲ့ပို့ပေးပါ တယ်။ လမ်းတစ်လျှောက်မှာ လည်း သမီးတို့ကို ကောင်းကောင်း မွန်မွန် ကျွေးမွေးစောင့်ရှောက် ထားပါတယ်။ ကလေးမြို့ကို ရောက်တဲ့အချိန်မှာ တာဝန်ရှိသူ တွေအနေနဲ့ သမီးတို့ကို နွေးနွေး ထွေးထွေး ကြိုဆိုပါတယ်။ အားပေးစကားတွေလည်း ပြောပါ တယ်။ ကျန်းမာရေးစောင့်ရှောက်မှု တွေလည်း လုပ်ပေးပါတယ်။ လိုအပ်တဲ့ အဝတ်အစားနဲ့ အသုံး အဆောင်တွေကိုလည်း ဝယ်ပေး ပါတယ်။ အခုလည်း ဟိုတယ်နဲ့တူ တဲ့ ရိပ်သာကြီးမှာ သမီးတို့ကိုထား ပါတယ်။ သမီးတို့လို လူငယ် လူရွယ်တွေကို ပြောချင်တာက တော့ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံ မဖြစ်ပါစေနဲ့။ သတင်း မီဒီယာတွေရဲ့ မဟုတ်မမှန် သွေးထိုးလှုံ့ဆော်မှုတွေကို မယုံ ကြပါနဲ့။ PDF အကြမ်းဖက်အဖွဲ့ ထံမှာ ကိုယ့်ရဲ့ဘဝကို ရေတိမ်မနစ် ပါစေနဲ့။ အမြန်ဆုံးရုန်းထွက်ခဲ့ ကြပါ။ တပ်မတော်က နွေးထွေးစွာ ကြိုဆိုနေတဲ့အတွက် မိဘရင်ခွင် ကို ပြန်လာခဲ့ကြပါလို့ ပြောကြား ချင်ပါတယ်။ တာဝန်ရှိသူအားလုံး ကို ကျေးဇူးတင်ပါတယ်။
မလင်းလင်း(အမည်လွှဲ)
သမီးက မော်လိုက်မြို့နယ်မှာ နေထိုင်ပါတယ်။ အသက်ကတော့ ၁၆ နှစ်ပါ။ သမီးတို့ရွာမှာ အိမ်ခြေ တစ်ရာကျော်ရှိပါတယ်။ သမီးတို့ ရွာမှာ PDF အကြမ်းဖက်တွေက ခြိမ်းခြောက်မှုတွေ ရှိတာကြောင့် အုပ်ချုပ်ရေးမှူးလုပ်ရဲတဲ့သူ မရှိပါ ဘူး။ ကျေးရွာတွေကို PDF အကြမ်းဖက်တွေက မီးရှို့မယ်လို့ ခြိမ်းခြောက်ကြပါတယ်။ ချင်းတွင်း မြစ်မှာ သွားလာနေတဲ့ လှေ၊ သင်္ဘောတွေကိုလည်း ဆက်ကြေး ကောက်ခံကြပါတယ်။ အစိုးရဝန် ထမ်းတွေကိုလည်း ဖမ်းဆီးသတ် ဖြတ်ကြပါတယ်။
စာသင်ကျောင်း များ မဖွင့်နိုင်အောင်လည်း ခြိမ်းခြောက် ထားကြပါတယ်။ …… ကျေးရွာမှာလည်း ကျောင်းသုံး စာအုပ်တွေကို ဖျက်ဆီးကြပါ တယ်။ သမီးတို့ရွာကို တခြား ရွာက PDF ခေါင်းဆောင်က အကြိမ်ကြိမ် လာရောက်စည်းရုံး ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သမီးနဲ့ သူငယ်ချင်းဖြစ်သူတို့ အတင်းအဓမ္မ စုဆောင်းခြင်း ခံရပါတယ်။ ပဲနဲ့ မျှစ်ကိုပဲ အဓိက စားသောက်ခဲ့ရပြီး အရမ်းလည်း ခက်ခဲခဲ့ပါတယ်။ မိုးတွင်းကာလ ဖြစ်တဲ့အတွက် ဖျားနာသူတွေ ရှိရင် ဆေးဝါးကုသမှု လုံလုံ လောက်လောက် မရကြပါဘူး။ ဖုန်းတွေကိုလည်း သိမ်းထား ပါတယ်။ စခန်းနားမှာ မိုင်းတွေ ထောင်ထားတယ်လို့လည်း ပြော ပါတယ်။ သမီးတို့လည်း အိမ်ပြန် ချင်တဲ့အတွက် အကြိမ်ကြိမ် ငိုခဲ့ရပါတယ်။ ရိက္ခာအနေနဲ့ ကျွေးတာက အတင်းအဓမ္မ ကောက်ခံပြီး ကျွေးတာများ တယ်လို့ သိရပါတယ်။ ၉ လပိုင်း ၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ တော့ လက်နက်ငယ်သံတွေကြား ရပြီး တိုက်ပွဲဖြစ်ပြီလို့ သိရတာ ကြောင့် မြေကြီးပေါ်မှာ ဝပ်နေခဲ့ပါ တယ်။ ခဏအကြာမှာတော့ တပ်မတော်သားတွေ ရောက်လာ ခဲ့ပါတယ်။ သမီးတို့က “ကြောက် ပါတယ်၊ ကြောက်ပါတယ်” လို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ တပ်မတော်သားတွေက “ဘာမှ မဖြစ်ဘူး။ ဝပ်နေ ဝပ်နေ” လို့ ပြောပြီး သေနတ်သံတွေ ငြိမ်သွား တဲ့အခါမှာတော့ စစ်ကြောင်းမှူးဆီ ခေါ်သွားပါတယ်။ သမီးတို့ကို ဆဲဆို ကြိမ်းမောင်းတာတွေ၊ ရိုက်နှက်တာတွေ၊ ထိကပါးရိကပါး သွေးဆောင်ဖြားယောင်းတာတွေ လည်း မရှိပါဘူး။ ကိုယ့်မိသားစု ဝင်တွေလိုပဲ နွေးနွေးထွေးထွေး ဆက်ဆံတယ်။ ကောင်းကောင်း မွန်မွန် ကျွေးမွေးတယ်။ ကိုယ့်သား သမီးတွေလို ဂရုစိုက်ခဲ့ပါတယ်။ ကလေးမြို့ကို ရောက်တဲ့အချိန် မှာတော့ တာဝန်ရှိသူတွေအနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက် ပေးခဲ့တဲ့အတွက် အရမ်းဝမ်းသာ ပါတယ်။ တပ်မတော်ကြီးက DVB, Mizzima တို့က ထုတ်လွှင့်နေသလို မဟုတ်ဘဲ မိဘအိမ်ကဲ့သို့ နွေးနွေး ထွေးထွေး ဆက်ဆံခဲ့တဲ့အတွက် အရမ်းလည်း ပျော်မိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ PDF အကြမ်းဖက်အဖွဲ့ထဲ ရောက်ရှိ နေတဲ့ သမီးတို့လို လူငယ်လူရွယ် တွေကို ပြောချင်တာကတော့ နိုင်ငံရေးအကြောင်း ဘာမှ နား မလည်သေးတဲ့အရွယ်မှာ နိုင်ငံရေး သမားတွေရဲ့ အသုံးချခံမဖြစ်ပါ စေနဲ့။ ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှားဆိုတာကို ခွဲခြားနားလည်ပြီး ဥပဒေဘောင် အတွင်း အမြန်ဆုံးဝင်ရောက်လာ ခဲ့ကြပါ။ သမီးတို့ နိုင်ငံကြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နဲ့ တည်ဆောက်သွားဖို့ အချိန်တန် ပြီလို့ ပြောကြားလိုပါတယ်။
သတင်းစဉ်