နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)သို့ သင်တန်းတစ်ခေါက်အတွေ့အကြုံ

Type
၅

 

ကသ-၂၄၅၊ သူရိန် ၉၀ (ကံ့ကော် ၈)

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သင်တန်းကို  ပထမဆုံးအကြိမ်အဖြစ်      ဝန်ထမ်းလုပ်သက် ၁၀   နှစ်ကျော်မှ  စာရေးသူအနေဖြင့်  တက်ရောက်ခဲ့ရသည်။ ကြားကာလတွေမှာ မတက်ရောက်ဖြစ်သည်က ဌာနလုပ်ငန်းခွင်တွင် လုပ်ငန်းလိုအပ် ချက်အရ   မတက်ရသည်သာဖြစ်ပေသည်။ စာရေးသူ၏    အိပ်မက်မှာကား   နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ဇီးပင်ကြီးသို့     တက်ရောက်လိုသည့် ဆန္ဒကား အမြဲပင်ရှိနေခဲ့သည်။ 
 

တန်ဖိုးမဖြတ်နိုင်


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)သို့ တက်ရောက်ရန် စာရေး သူ၏ အမည်စာရင်း ထွက်လာသည့်အခါ အလှည့်ကျော်ခဲ့ရပြီး အလုပ်တာဝန်များ ဖြင့်   မြန်မာပြည်အနှံ့ရောက်သွားတတ် သည်က အခါခါပင်ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ   ယခုအခါ အရာထမ်းငယ်        အခြေခံသင်တန်း  အမှတ်စဉ် (၉၀) သို့ တက်ရောက်ခဲ့ရသည့် အတွေ့အကြုံနှင့် ရရှိလိုက်ရသည့် လူမှုပေါင်းသင်းဆက်ဆံ ရေးသည်    စာရေးသူအတွက်သာမက   မိခင်ဌာနအတွက်ပါ များစွာတန်ဖိုးမဖြတ် နိုင်သည်ကို  ပိုမိုသိရှိခဲ့ရသည်။ 

 


စာရေးသူတို့တက်ရသည့်   အရာ ထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၉၀) သည်   နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) က ဖွင့်ခဲ့ဖူးသည့် သင်တန်းများနှင့်မတူဘဲ   ထူးခြားနေ သည်။ ထူးခြားချက်သည် အွန်လိုင်းစနစ် ဖြင့်   သုံးလတက်ရောက်ခဲ့ရပြီး မြေပြင် သင်တန်းသို့   တစ်လတက်ရောက်ခဲ့ရ သည်။ အွန်လိုင်းဖြင့်တစ်လှည့်၊ မြေပြင် ဖြင့် တစ်လှည့်ဖြစ်သည်။ အွန်လိုင်းစနစ် ဖြင့် တက်ရောက်ခဲ့ရသည့်  သုံးလတာ ကာလသည် သင်တန်းသား  သင်တန်းသူ အချင်းချင်း ရင်းနှီးမှုခင်မင်မှုမှာ မြေပြင် သင်တန်းတွင်  တစ်လတက်ရောက်ခဲ့ရ သည့် ရင်းနှီးခင်မင်မှုနှင့်စာလျှင်   အလွန် နည်းလှပေသည်။    

 


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံ့တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်းငယ်များအား အမျိုးသားရေး အမြင်ရရှိရေးနှင့်    စိတ်ဓာတ်ကြံ့ခိုင်မှု ရရှိစေရေးအတွက် လေ့ကျင့်ပျိုးထောင် ပေးရန်နှင့် သက်ဆိုင်ရာပညာရပ်များကို အခြေခံအားဖြင့် နားလည်သဘောပေါက် စေပြီး စည်းကမ်းနှင့် ကိုယ်ကျင့်သိက္ခာ ကို     စောင့်သိထိန်းသိမ်းတတ်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်နှင့်   နိုင်ငံ့ဝန်ထမ်းများ၏    အရည်အသွေး တိုးတက်လာစေရန်    အထောက်အကူ ပြုမည့်    စီမံခန့်ခွဲမှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အထွေထွေပညာမြင့်မား မှုတို့အတွက်     ဝန်ထမ်းလေ့ကျင့်ရေး ဆိုင်ရာပညာရပ်များ အရှိန်အဟုန်မပျက် စေရေး  စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ပြည်သူ့ဝန်ဆောင်မှု    လုပ်ငန်းများကို ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင် ရန်အတွက် လေ့ကျင့်ပေးရန်ဖြစ်ပါသည်။

 


မဖြစ်မနေသင်ယူသင့်


ယင်းစနစ်များကို    စာရေးသူတို့ အရာထမ်းငယ်အခြေခံသင်တန်း အမှတ် စဉ် (၉၀) သင်တန်းသားများအနေဖြင့် အွန်လိုင်းစနစ်ဖြင့်       စီမံခန့်ခွဲမှုပညာ ဘာသာရပ်၊  စီးပွားရေးပညာဘာသာရပ်၊ ဥပဒေပညာဘာသာရပ်၊   လူမှုရေးသိပ္ပံ ပညာဘာသာရပ်၊   နိုင်ငံရေးသိပ္ပံပညာ ဘာသာရပ်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်တို့ကို သင်ကြား ပို့ချပေးခြင်းများကို သင်ယူခဲ့ကြရသည်။ အပတ်စဉ်တိုင်း  စာမေးပွဲများဖြေဆိုကြ ရပြီး အဆိုင်းမန့်များ ဘာသာရပ်အလိုက် တင်ပေးကြရသည်။    နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် မဖြစ်မနေသင်ယူသင့်သည့် ဘာသာရပ်များ ဖြစ်ပေသည်။  

 


မြေပြင် In-House Learning စနစ် ဖြင့် သင်ကြားခဲ့သည့် ဘာသာရပ်များမှာ စီမံခန့်ခွဲမှုပညာဘာသာရပ်၊  စီးပွားရေး ပညာဘာသာရပ်၊ ဥပဒေပညာဘာသာ ရပ်၊     လူမှုရေးသိပ္ပံပညာဘာသာရပ်၊ နိုင်ငံရေးသိပ္ပံပညာဘာသာရပ်၊ သတင်း အချက်အလက်နှင့်      ဆက်သွယ်ရေး နည်းပညာဘာသာရပ်၊    အင်္ဂလိပ်စာ ဘာသာရပ်အပြင်   ကာကွယ်ရေးပညာ ဘာသာရပ်ကိုလည်း ထပ်တိုးသင်ကြရ သည်။ သင်ကြားပေးသည့် ဆရာ ဆရာမ များအနေဖြင့်လည်း       သင်တန်းသား သင်တန်းသူများကို       ဘာသာရပ် အလိုက် နားလည်သဘောပေါက်စေရန် သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြား ပို့ချပေးသည်မှာ သင်တန်းသားများအနေ ဖြင့် ပိုမိုသိရှိလာရသည်။ 

 


လုပ်ငန်းခွင်အတွင်း 
များစွာအထောက်အကူပြု


စာရေးသူတို့   တက်ရောက်ခဲ့သည့် အရာထမ်းငယ်         အခြေခံသင်တန်း အမှတ်စဉ် (၉၀) တွင်   သင်တန်းသား ၁၈၀၊ သင်တန်းသူ ၂၇၆ ဦး စုစုပေါင်း ၄၅၆ ဦးတို့ကို သင်တန်းစီမံအုပ်ချုပ်ရေး အဖွဲ့အနေဖြင့်    အဆောင်စည်းကမ်း၊ စားရိပ်သာစည်းကမ်း၊       သွားလာမှု စည်းကမ်း၊   စာသင်ဆောင်စည်းကမ်း များကို   စနစ်တကျသတ်မှတ်ပေးပြီး ထိန်းကျောင်းပေးသည်မှာ   သင်တန်း သားအချင်းချင်း စည်းလုံးမှုကို ပိုမိုရရှိ စေခဲ့သည်။ အချိန်ကို စီမံခန့်ခွဲနိုင်မှုများ နှင့် အခြေခံသဘောတရားများစသည့် စွမ်းဆောင်ရည်များ၊     ထားရှိရမည့် စိတ်ဓာတ်၊ မွေးမြူရမည့် အလေ့အကျင့် ကောင်းများကို  သိရှိခဲ့ရသည့်အတွက် ဝန်ထမ်းများအနေဖြင့်   လုပ်ငန်းခွင် အတွင်း များစွာအထောက်အကူပြုစေ မည်ဖြစ်သည်။

 


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)    သင်တန်းမှရရှိခဲ့သည့် အကျိုးကျေးဇူးများရှိပါသည်။ ထိုအကျိုး ကျေးဇူးများမှာ     


    ၁။    သင်ကြားခဲ့ရသည့် ဘာသာရပ် များအားလုံးသည်   သက်ဆိုင်ရာ ဌာနအသီးသီးတွင်   တာဝန် ထမ်းဆောင်နေသော     နိုင်ငံ့ ဝန်ထမ်းများအတွက်   အလွန် အကျိုးဖြစ်ထွန်းခြင်း။ 
    ၂။    အဖွဲ့အစည်းများ၊ ပြည်သူနှင့် နိုင်ငံတော်အကြား၊ နိုင်ငံ့ဝန်ထမ်း နှင့်   နိုင်ငံတော်အကြားထားရှိ ဆောင်ရွက်ရမည့်    စိတ်ဓာတ် ကောင်းများနှင့် အလေ့အကျင့် ကောင်းများကို တိုးတက်လာစေ ခြင်း။
    ၃။     နိုင်ငံတော်က   ချမှတ်ကျင့်သုံး ဆောင်ရွက်နေသော လမ်းညွှန် ချက်များ၊ မူဝါဒများကို ကောင်းစွာ သိရှိနားလည်စေပြီး    ပြည်သူ တို့၏  အကျိုးစီးပွားကို   ကူညီ ဆောင်ရွက်ပေးနိုင်သည့် နိုင်ငံ့ ဝန်ထမ်းကောင်းများ ပေါ်ထွက် လာခြင်း။
    ၄။        နိုင်ငံ့ဝန်ထမ်းများအား   ခေတ် နှင့်အညီ    တိုးတက်ပြောင်းလဲ နေသည့်    နည်းပညာရပ်များ၊ အတွေးအခေါ်များကိုလည်း အချိန်တိုအတွင်း သိရှိမှတ်သား ခဲ့ရခြင်း။
    ၅။         သင်တန်းချိန်   ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးပြု နိုင်စေပြီး    တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီမှု၊ ပူးပေါင်းဆောင် ရွက်တတ်စေမှု၊     စည်းကမ်း လိုက်နာမှု၊  အမိန့်နာခံတတ်မှု တို့ကို သိရှိလိုက်နာတတ်ခြင်း။
    ၆။        သင်တန်းတွင်   ဌာနပေါင်းစုံမှ ဝန်ထမ်းများ   တက်ရောက်ရ သဖြင့် အချင်းချင်းရင်းနှီးမှုရှိပြီး  ဌာနအချင်းချင်း   ဆက်သွယ် ချိတ်ဆက်ရသော လုပ်ငန်းများ၊ ပူးပေါင်း  ဆောင်ရွက်ရသော လုပ်ငန်းများ၌   ပိုမိုမြန်ဆန် ကောင်းမွန်အောင် ဆောင်ရွက် နိုင်ခြင်းဆိုသည့်  အကျိုးကျေးဇူး များကို ရရှိခဲ့ပါသည်။

 


မိမိရာထူးနှင့် လျော်ညီသည့်    
သင်တန်းများသို့ တက်ရောက်သင့်


ထို့ကြောင့်  စာရေးသူရရှိခဲ့ရသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ရန်  နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်  (အထက်မြန်မာ ပြည်)(အောက်မြန်မာပြည်) သင်တန်းများ သို့ မတက်ရောက်ရသေးသည့် နိုင်ငံ့ တာဝန်ထမ်းဆောင်နေသော     နိုင်ငံ့ ဝန်ထမ်းများအနေဖြင့်   အမျိုးသားရေး အမြင်၊     စိတ်ဓာတ်ကြံ့ခိုင်မှုရရှိစေရေး၊ သက်ဆိုင်ရာပညာရပ်များကို   အခြေခံ အားဖြင့် နားလည်သဘောပေါက်စေရေး နှင့် လက်တွေ့အသုံးချနိုင်ရေးတို့အတွက်   နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် မိမိရာထူး နှင့်   လျော်ညီသည့်  သင်တန်းများသို့ ပျော်ရွှင်စွာ      တက်ရောက်နိုင်ကြရန် တိုက်တွန်းလိုက်ရပါကြောင်း...။          ။