ရုရှားနိုင်ငံထုတ်လက်နက်အသစ်များကို ကမ္ဘာသို့ ထုတ်ဖော်ပြသလိုက်နိုင်တဲ့ ARMY 2022 အပြည်ပြည်ဆိုင်ရာစစ်ဘက်နှင့် နည်းပညာဖိုရမ်

Type
၅

 

ထက်မြတ်

 

(ယမန်နေ့မှအဆက်)


ခြေလျင်တပ်ဖွဲ့သုံးစစ်လက်နက်ပစ္စည်းများ


အမြင်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ARMY 2022 ဖိုရမ်က တင့်တွေကိုပဲဦးစားပေး ပြသတယ် ဆိုသော်ငြားလည်း   တကယ်တမ်းမှာ   အမျိုးမျိုး သောသံချပ်ကာယာဉ်များကို အကန့်အသတ်ရှိတဲ့ နေရာလေးတစ်ခုမှာ ရှားရှားပါးပါးတွေ့မြင်ရတာ ဖြစ်ပါတယ်။

 


အူရယ်ဗာဂွန်ဇာဗော့က အဆင့်အမြင့်ဆုံးသောသံချပ်ကာယာဉ်ဖြစ်တဲ့   Armata   စနစ်ပေါ်မှာ တည်ဆောက်ထားတဲ့ T-14 MBT၊ T-90MS MBT နဲ့ BMPT-72 တင့်ပစ်ကူ ပေးယာဉ်တို့ကို ARMY 2022 မှာ ထည့်သွင်းပြသခဲ့ပါတယ်။
T-90MS  က   T-90   အမျိုးအစားထဲမှာ နောက်ဆုံးပေါ်တင့်ဖြစ်ပြီး တာဂေးမြို့မှာထုတ်လုပ် တဲ့ တိုးတက်မှုအရှိဆုံးသော သံချပ်ကာယာဉ်များ အတွက် နောက်ထပ်စံနမူနာပြ တစ်ခုဖြစ်ပါတယ်။ အဆင့်မြှင့်တင်မှုကိုတော့   အဆင့်အားလုံးမှာ လုပ်ဆောင်ထားတာ   ဖြစ်တဲ့အတွက်   T-90MS ကို   လုံးဝအသစ်ဖြစ်တဲ့  တိုက်ယာဉ်တစ်စင်းအဖြစ် မှတ်ယူနိုင်ပါတယ်။ သူ့မှာ ဆုံလည်အသစ်၊  အဆင့် မြှင့်တင်ထားတဲ့ စက်စွမ်းအားနဲ့  ဂီယာစနစ်များ အပြင် ကိုယ်ထည်တို့ပါဝင်ကာ သံချပ်ကာ အကာ အကွယ်ပေးနိုင်မှုကိုလည်း အဆင့်မြှင့်ထားပါတယ်။

 


သူ့မှာပါဝင်တဲ့ အလိုအလျောက်လက်နက်စခန်း ကိုတော့   သေနတ်သမားအတွက်   ဘက်ပေါင်းစုံ မြင်ရတဲ့မြင်ကွင်းနဲ့        တိုက်ယာဉ်မှူးအတွက် မြင်ကွင်းကျယ်မြင်ကွင်းတို့ကိုလည်း   ပေါင်းစပ် တပ်ဆင်ပေးထားပါတယ်။ ဒီအတွက်ကြောင့် တိုက် ယာဉ်မှူးအနေနဲ့   ပတ်ဝန်းကျင်အခြေအနေများနဲ့ပတ်သက်ပြီး   သတင်းအချက်အလက်များစွာကို ရရှိနိုင်ရုံသာမကဘဲ တိုက်ယာဉ်ရဲ့လက်နက်စနစ်များကိုလည်း   အကောင်းဆုံးထိန်းချုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ အလိုအလျောက်လက်နက်စခန်းက အသစ်တည်ဆောက်ထားတဲ့ယာဉ်များအပြင် ပြီးခဲ့ တဲ့နှစ်တွေမှာ     အဆင့်မြှင့်တင်ထုတ်လုပ်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းများ အဆင့်မြှင့်တင်မှုအတွက် လည်း တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

 


BMPT-72 ကတော့ အနားပေးလိုက်ပြီဖြစ်တဲ့ T-72 တင့်များကို စွမ်းဆောင်ရည်မြင့်  တိုက်ယာဉ် အဖြစ် ပြောင်းလဲမယ့် စိတ်ကူးအပေါ်မှာ အခြေခံထား တာပါ။  ဒီအတွက်ကြောင့်   တစ်ခေတ်တစ်ခါက အများဆုံးထုတ်လုပ်ထားတဲ့  T-72   တင့်တွေကို အသုံးပြုနေတဲ့ နိုင်ငံပေါင်း ၅၀ နီးပါးအနေနဲ့ သူတို့ရဲ့ ကြည်းတပ်တွေကို ဈေးကြီးတဲ့သံချပ်ကာ   ယာဉ် အသစ်တွေမဝယ်စေဘဲ ခေတ်အမီဆုံး စွမ်းဆောင် ရည်မြင့်သော၊    လှုပ်ရှားသွားလာနိုင်စွမ်းရှိသော၊ အမြင့်မားဆုံးကာကွယ်မှုကို  ပေးနိုင်စွမ်းရှိသော တပ်ဖွဲ့အဖြစ်သို့   အဆင့်မြှင့်တင်ရာမှာ  လျင်လျင် မြန်မြန်နဲ့ ကုန်ကျစရိတ်နည်းစွာ ပြောင်းလဲနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ဆင်ရေးအလုပ်ရုံနဲ့ လိုအပ် တဲ့ပစ္စည်းပစ္စယများရှိတယ်ဆိုရင် T-72 တင့်တွေကို BMPT-72 တင့်များအဖြစ် အဆင့်မြှင့်တင်ပြောင်းလဲ မှုကို    သက်ဆိုင်ရာအိမ်ရှင်နိုင်ငံအတွင်းမှာပင် လုပ်ဆောင်နိုင်ဦးမှာ ဖြစ်ပါတယ်။

 


High Precision Systems ကုမ္ပဏီက မြေပြင် နဲ့ ဝေဟင်ပစ်မှတ်များကို တိုက်ခိုက်နိုင်ရေးအတွက် ရည်ရွယ်ပြီး လှိုင်းနှုန်းဖိဖျက်မှုကို   ခံနိုင်ရည်ရှိတဲ့ လေဆာအလင်းတန်း ထိန်းချုပ်ရေးစနစ်ပါ ရွေ့လျား နေ့/ည တိကျပဲ့ထိန်းတာဝေးပစ်ဒုံးကျည်စနစ်ဖြစ် တဲ့  Kornet-EM  ကို  ထုတ်ဖော်ပြသခဲ့ပါတယ်။ ထိရောက်မှုအကွာအဝေးက  ၁၀  ကီလိုမီတာရှိပြီး ပစ်မှတ်နှစ်ခုကို တစ်ပြိုင်နက်တည်း   ပစ်ခတ်နိုင်ပါ တယ်။

 


ဒါ့အပြင်   အဲဒီကုမ္ပဏီက   Planshet-M-IR ရွေ့လျားအလိုအလျောက်ပစ် သေနတ်/ စိန်ပြောင်း/MRL ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်ကိုလည်း ပြသခဲ့ ပါသေးတယ်။    အဲဒီစနစ်က   ရုရှားနိုင်ငံထုတ်  မောင်းသူမဲ့လေယာဉ်များအားလုံးနဲ့ ကိုက်ညီမှုရှိတဲ့ စနစ်ဖြစ်ပေမယ့် တခြားထိန်းချုပ်ရေးစနစ်များနဲ့လည်း ပေါင်းစပ်နိုင်ပါသေးတယ်။

 


Kalashnikov Concern ကုမ္ပဏီက တိုက်ပွဲဝင်နဲ့ အရပ်ဘက်သုံး နောက်ဆုံးပေါ်လက်နက်ငယ်များ၊ ဒုံးကျည်နဲ့အမြောက်လက်နက်များအပြင် အထူး စစ်လက်နက်ပစ္စည်းများ၊ မောင်းသူမဲ့လေယာဉ်များ ကို ARMY 2022 မှာပါဝင်ပြသခဲ့ပါတယ်။ အဲဒီဖိုရမ် အတွင်းမှာ AK-308 ချေမှုန်းရေးရိုင်ဖယ်၊ Chukavin လက်ဖြောင့်ရိုင်ဖယ်၊ PPK-20 Kalashnikov စက် သေနတ်လေးနဲ့  AK-12    ချေမှုန်းရေးရိုင်ဖယ် အဆင့်မြှင့်ပုံစံတို့အကြောင်းကို တင်ပြခဲ့ပါတယ်။

 


ဒီနှစ်ရဲ့စစ်လက်နက်ပစ္စည်းများပြပွဲမှာ အဓိက ပြသသွားတာတွေကတော့ အထူးတပ်ဖွဲ့များ အသုံးပြု တဲ့ လက်နက်စနစ်အမျိုးမျိုးဖြစ်ပါတယ်။ အဲဒီထဲမှာ ကျည်ကာအင်္ကျီနဲ့ ကာကွယ်ထားတဲ့လှုပ်ရှားပစ်မှတ် နဲ့   သံချပ်ကာမဟုတ်တဲ့  ယာဉ်ပေါ်ကပစ်မှတ်ကို မီးညွန့်မထွက်၊  အသံမထွက်စေဘဲ   ချေမှုန်းနိုင်ဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ VSS အထူးထုတ် အသံတိတ်ရိုင် ဖယ်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့များအတွက် သီးသန့် ဒီဇိုင်းရေးဆွဲထားတဲ့ SR.3M အပေါ့စားအဆင့်မြင့် ချေမှုန်းရေးရိုင်ဖယ်၊ မီတာ ၁၀၀ အတွင်းရှိ ကျည်ကာ အင်္ကျီ    ဒါမှမဟုတ်   စစ်သုံးသံမဏိဦးထုပ်ကို ဖောက်ထွင်းမှုနဲ့အတူ    လှုပ်ရှားပစ်မှတ်များကို ကောင်းစွာချေမှုန်းနိုင်စွမ်းရှိတဲ့ ကမ္ဘာ့အကောင်းဆုံး ပစ္စတိုတစ်မျိုးဖြစ်တဲ့ SR.1M၊ Lobaev နဲ့ ORSIS တာဝေးပစ်ရိုင်ဖယ်အမျိုးမျိုးတို့ ပါဝင်ပါတယ်။

 


Rosoboronexport အနေနဲ့ PTKM-1R စမတ် တင့်ဖျက်မိုင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ PTKM-1R တင့်ဖျက်မိုင်းက သံချပ်ကာယာဉ်များကို ရွေးချယ် ပြီး ချေမှုန်းနိုင်စွမ်း  ရှိပါတယ်။  ဒီလိုရွေးချယ်နိုင်ဖို့ အတွက် တခြားသောနည်းလမ်းတွေနဲ့မတူတာက သတ်မှတ်ထားတဲ့ပတ်ပတ်လည်ရှိ ဆူညံသံတွေနဲ့မြေပြင်တုန်ခါမှုတွေကိုသိရှိခြင်း နည်းလမ်းအသုံးပြု ထားတာပါ။

 


ရေတပ်သုံးလက်နက်များ


တိုက်ခိုက်ရေးနဲ့ကာကွယ်ရေးစနစ်များအမျိုးမျိုးကိုလည်း ARMY 2022 ရဲ့ ရေတပ်သုံးလက်နက် များကဏ္ဍမှာ  ပြသခဲ့ပါတယ်။   အဓိကကတော့ Tactical  Missile   Weapons   ကော်ပိုရေးရှင်းနဲ့ Almaz-Antey ကော်ပိုရေးရှင်းတို့က ထုတ်လုပ်တဲ့ လက်နက်များ ဖြစ်ပါတယ်။

 


KTRV ကတင်ပြတဲ့ UGST ဘက်စုံသုံး ပင်လယ် နက်ပစ်မှတ်တိုက်ခိုက်ရေးတော်ပီဒိုဆိုရင် သူ့ကို ရေငုပ် သင်္ဘောများ၊ စစ်သင်္ဘောများမှာ တပ်ဆင်ထားတဲ့ ၅၃၃ မီလီမီတာ တော်ပီဒိုပစ်လွှတ်ပေါက်ကနေ ပစ်လွှတ်နိုင်ပါတယ်။ UGST တော်ပီဒိုရဲ့သူမတူတဲ့ လုပ်ဆောင်မှုတစ်ခုက   မော်ဂျူးပုံစံဒီဇိုင်းဖြစ်ပြီး အဆင့်အမျိုးမျိုးကို    စိတ်ကြိုက်ဖန်တီးနိုင်တာ ကြောင့် ဘယ်လိုရေတပ်စနစ်သုံး လက်နက်စနစ်တွေ နဲ့မဆို အမြန်ဆုံးပေါင်းစပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ထိရောက်မှုအကွာအဝေးက ကီလိုမီတာ ၅၀ ရှိပါတယ်။

 


PAKET-E/NK ဆိုတာ ရုရှားနိုင်ငံထုတ်ရေငုပ်သင်္ဘောဖျက်စနစ်ဖြစ်ပြီး သူ့မှာတိုက်ခိုက်ရေးစနစ် နဲ့ ခုခံကာကွယ်ရေးစနစ်တို့ ပေါင်းစပ်ပါဝင်ပါတယ်။ စစ်ရေယာဉ်အနီး အနားမှာရှိတဲ့ရေငုပ်သင်္ဘောများကိုဖျက်ဆီးဖို့နဲ့ စစ်ရေယာဉ်ဆီကို ပစ်လွှတ်လိုက်တဲ့ တော်ပီဒိုကိုဖျက်ဆီးဖို့အတွက် သူ့ကို ဒီဇိုင်းရေးဆွဲ ထားတာပါ။ သူ့မှာထိန်းချုပ်ရေး စနစ်တစ်ခု၊ ဆိုနာ စနစ်တစ်ခု၊ အသေးစားအပူငွေ့ရှာတော်ပီဒိုများ၊ တော်ပီဒိုဖျက်   လက်နက်များနဲ့အတူ    အလုံးပုံစံ လောင်ချာနှစ်ခု ပါဝင်ပါတယ်။ ဒီလိုစွမ်းဆောင်ရည် များကြောင့် သူ့အနေနဲ့  စစ်သင်္ဘောကိုတိုက်ခိုက် လာတဲ့ ရေငုပ်သင်္ဘောနဲ့  တော်ပီဒိုများကို  ဖျက်ဆီး နိုင်တာ ဖြစ်ပါတယ်။ သူ့ရဲ့အရွယ်အစားကသေးငယ် လွန်းတာကြောင့်  သူ့ကို   သင်္ဘောများမှာဖြစ်စေ၊ တခြားစစ်ရေယာဉ်များမှာဖြစ်စေ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ပါတယ်။

 


Shtil-1 သင်္ဘောအခြေပြုချန်နယ်ပေါင်းစုံတာလတ် SAM စနစ်ကိုတော့ Almaz-Antey ကုမ္ပဏီက ထုတ်ဖော်ပြသခဲ့တာပါ။ သူက ရေတပ်အုပ်စုများ ဒါမှမဟုတ် သတ်မှတ်အဝန်းအဝိုင်းအတွင်းရှိ စစ် သင်္ဘောများအပြင် အဲဒီစနစ်ကို  တင်ဆောင်ထားတဲ့ သင်္ဘောများကို သင်္ဘောဖျက်ဒုံးကျည်များ၊ လေယာဉ် များ၊ ရဟတ်ယာဉ်များ၊လှေများနဲ့   သင်္ဘောများရဲ့    တိုက်ခိုက်မှုကနေ  ကောင်းစွာကာကွယ်ပေးနိုင်ပါ တယ်။ သူ့ရဲ့ပုံစံက  ပုံသေမဟုတ်ဘဲ   ပြောင်းလဲနိုင်စွမ်း   ရှိတဲ့အတွက် ပစ်မှတ်နှစ်ခုမှသည်  ၁၂  ခုအထိကို တစ်ပြိုင်နက် တည်း ပစ်ခတ်နိုင်စွမ်းရှိပါတယ်။   မော်ဂျူးပုံစံနဲ့   သူ့မှာပါဝင်တဲ့   ကိရိယာအစုစုတို့ကြောင့်   SAM စနစ်ကို ရှင်သန်နိုင်စွမ်းအမြင့်ဆုံးဖြစ် စေပြီး ပြုပြင် ထိန်းသိမ်းမှုနဲ့ စစ်ဆင်ရေးအသုံးပြုမှုတို့ကို သက်သာ စေပါတယ်။ ပြပွဲမှာတော့  Shtil-1 SAM စနစ်ကို ပုံစံငယ်နဲ့သာ သရုပ်ပြသခဲ့တာပါ။

 


ARMY 2022   ဖိုရမ်အတွင်း   ရုရှားနိုင်ငံပိုင် Rosoboronexport ကုမ္ပဏီနဲ့ Marine Instrum-entation ကော်ပိုရေးရှင်းတို့ကြား ၂၀၂၂-၂၀၂၇ ခုနှစ် အတွင်း ပြင်ပဈေးကွက်မှာ   ရေတပ်သုံးလက်နက် ပစ္စည်းတွေကို ကြော်ငြာဖို့   ပူးတွဲဆောင်ရွက်ရေး အစီအစဉ်တစ်ခုကို လက်မှတ်ထိုးလိုက်နိုင်ပါတယ်။

 


“ကမ္ဘာ့လက်နက်ဈေးကွက်မှာ ရေပန်းစားနေတဲ့ အနေအထားနောက်ကိုလိုက်တဲ့အနေနဲ့ မိမိတို့ကြား မှာ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာအစီအစဉ်ကို    အလေးအနက်ထား လုပ်ဆောင်ခဲ့ပါတယ်။ သဘောတူထားတဲ့အစီအစဉ် အရ   Rosoboronexport   အနေနဲ့  ရေတပ်စနစ် တွေမှာ ရုရှားနိုင်ငံသုံးစစ်လက်နက်ပစ္စည်းတွေကို အဆင့်မြှင့်တင်အသုံးပြုဖို့နဲ့ နိုင်ငံရဲ့သင်္ဘောကျင်း တွေမှာ တည်ဆောက်မှုတွေလုပ်ဖို့အတွက် ပြည်ပ မိတ်ဖက်နိုင်ငံများကို         ကမ်းလှမ်းသွားမှာပါ။  ဒါ့အပြင်   မိမိတို့အနေနဲ့ နောက်ဆုံးပေါ်   ရုရှား စစ်လက်နက်ပစ္စည်းတွေအပေါ် မူတည်ပြီး ရေတပ်သုံး စစ်လက်နက်ပစ္စည်းတွေကို ပူးတွဲဖန်တီးထုတ်လုပ်မှု   ပုံစံအမျိုးမျိုးကိုလည်း တိုးမြှင့်သွားမှာဖြစ်ပါတယ်” လို့ Roso-boronexport မှ  ညွှန်ကြားရေးမှူးချုပ်   အလက်ဇန်းဒါးမီခိက ပြောပါတယ်။

 


လက်မှတ်ထိုးထားတဲ့အစီအစဉ်က Bal-E နဲ့ Rubezh-ME ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည် စနစ်တွေ၊ အမျိုးမျိုးသော  ကမ်းရိုးတန်းရေပြင်နဲ့ ဝေဟင်ကင်းထောက်ရေဒါများ၊ တိုက်ပွဲစီမံခန့်ခွဲမှု စနစ်များ၊ ထိန်းချုပ်ရေးနဲ့  အချက်အလက်ဖလှယ်ရေး စနစ်များ၊ သင်္ဘောတင်ရေဒါများ၊ ဆိုနာနဲ့မီးသတ် ပစ္စည်းများအပြင်  သင်္ဘောများနဲ့   ရေငုပ်သင်္ဘော စစ်သည် သင်တန်းဆရာများကို နိုင်ငံတကာဈေးကွက်မှာပိုမိုအသုံးပြုရေး တိုးမြှင့်လုပ်ဆောင်သွား ဖို့ကို ရည်ရွယ်ထားတာဖြစ်ပါတယ်။

 


လေကြောင်းရန်ကာကွယ်ရေး


ရုရှားကာကွယ်ရေးပစ္စည်းပြပွဲမှာ လေကြောင်း ရန်ကာကွယ်ရေးစနစ်အမျိုးမျိုးကိုလည်း ခင်းကျင်း ပြသခဲ့ပါသေးတယ်။ ဒီလို ခင်းကျင်းပြသမှုကြောင့် အထူးသဖြင့်   ရုရှားဟာ   ဒီအပိုင်းမှာများစွာသော အတွေ့အကြုံများနဲ့ စွမ်းရည်များရှိတယ်ဆိုတာကို သိသာထင်ရှားစွာတွေ့မြင်ရပါတယ်။

 


ARMY 2022 မှာ Almaz-Antey က Viking ရွေ့လျား SAM စနစ်မှ မော်ဂျူလာပုံစံ ပစ်မှတ်ရှာရေဒါ စနစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီစနစ်ကို 9S38E မော်ဂျူလာပစ်မှတ်ရှာရေဒါ၊ 9A317ME TELAR၊ 9A316ME နဲ့  9A383E TEL တို့မှာ မြင်တွေ့နိုင်ပါ တယ်။ Viking  စနစ်က လက်ရှိထုတ်လုပ်အသုံးပြုနေပြီဖြစ်တဲ့အပြင်   ထွက်ပေါ်လာဖို့ တာဆူနေတဲ့ ကိုယ်ပျောက်နည်းပညာ  အသုံးပြုတည်ဆောက်ထားတဲ့လေယာဉ်များ   အပါအဝင်   နည်းဗျူဟာ  မြောက်နဲ့ မဟာဗျူဟာမြောက်လေယာဉ်များ၊ အနိမ့် ပျံဒုံးကျည်များ၊  ရဟတ်ယာဉ်များ၊  ကင်းထောက်နှင့် တိုက်ခိုက်ရေးပစ္စည်းအမျိုးမျိုး၊ မောင်းသူမဲ့ လေယာဉ် များ၊ မြေပြင်နဲ့    ရေပြင်ပစ်မှတ်များကို   တိုက်ခိုက် ချေမှုန်းနိုင်စွမ်းရှိပါတယ်လို့   ကော်ပိုရေးရှင်းက ပြောထားပါတယ်။ တစ်ချိန်တည်းမှာပဲ Viking က လှိုင်းနှုန်းဖိဖျက်မှုအားကြီးတဲ့ ပတ်ဝန်းကျင်နဲ့တုံ့ပြန် ပစ်ခတ်မှုရှိတဲ့ပတ်ဝန်းကျင်မှာပါ ကောင်းစွာလုပ်ငန်း ဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ သူ့ရဲ့အမြင့်ဆုံးစစ်ဆင် နိုင်မှုအကွာအဝေးကတော့ ၆၅ ကီလိုမီတာပါ။

 


Sosna အလိုအလျောက်ပစ်တာတို SAM စနစ် ရဲ့ ပုံသေတိုက်ခိုက်ရေးအခန်းကိုလည်း   ဖိုရမ်မှာ သရုပ်ပြသခဲ့ပါသေးတယ်။     အနိမ့်ပျံဒုံးကျည်များ နဲ့    ဝေဟင်ပစ်ပဲ့ထိန်းဒုံးကျည်များ  အပါအဝင် လေကြောင်းမှ    ခြိမ်းခြောက်မှုအားလုံးနီးပါးကို တုံ့ပြန်နိုင်စေဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။ ဒီစနစ်က Sosna-R မြန်နှုန်းမြင့်တိကျဒုံးကျည် ၁၂ စင်းကို အသုံးပြုထားပါတယ်။ ဒီဒုံးကျည်များက အလေးချိန် ပေါ့ပါးတဲ့အတွက် SAM စနစ်မှ သယ်ယူပို့ဆောင် ရေး/ကျည်ထိုးယာဉ်လိုအပ်မှုကို    ဖယ်ရှားနိုင်ပါ တယ်။ Sosna ကို အမျိုးမျိုးသောယာဉ်ကိုယ်ထည် များပေါ်မှာ တပ်ဆင်နိုင်ပြီး   မော်ဂျူလာပုံစံနဲ့လည်း ရရှိနိုင်ပါတယ်။

 


တာဝေးလေကြောင်းရန်  ကာကွယ်ရေးစနစ် ကဏ္ဍမှာဆိုရင် Almaz-Antey က နောက်ဆုံးပေါ် Antey-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် စနစ် (ADMS) ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ လေကို ခွဲပြီးပျံသန်းလာတဲ့ဝေဟင်ပစ်မှတ်ကို ကီလိုမီတာ ၃၈၀ အကွာကနေပစ်ချနိုင်စွမ်းရှိပါတယ်။

 


High Precision Systems က နာမည်ကျော် Pantsir-S1 SPAAGM စနစ်အပြင် အသစ်ဖြစ်တဲ့ Verba MANPADS စနစ်ကိုလည်း ဧည့်ပရိသတ်များ ကို ပြသခဲ့ပါသေးတယ်။ အဲဒီစနစ်က ခေတ်မီလှိုင်း နှုန်း ဖိဖျက်မှုပုံစံများကို ခံနိုင်ရည်ရှိပြီး၊ ပစ်လွှတ်ပြီး နောက်ပြန်လှည့်ကြည့်စရာမလိုတဲ့ လုပ်ငန်းအခြေခံ သဘောတရားကိုလည်း   အသုံးပြုထားပါတယ်။ ဒါ့အပြင် အပူထုတ်လွှတ်မှုနည်းပါးတဲ့ပစ်မှတ်များကိုလည်း ကောင်းစွာချေမှုန်းနိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ စစ်ဆင်နိုင်မှုအကွာအဝေးကတော့ ၆ ကီလိုမီတာပါ။

 


မောင်းသူမဲ့လေယာဉ်များကို တုံ့ပြန်ပစ်ချနိုင်ရေး အတွက် ဒီဇိုင်းရေးဆွဲထားတဲ့  အထူးအီလက်ထရွန် နစ်စစ်ဆင်ရေးစနစ်များကဏ္ဍမှာလည်း လက်နက် အသစ်များကို ထုတ်ဖော်ပြသခဲ့တာတွေ့ရပါတယ်။ ဒီနှစ်အတွက်အသစ်အဆန်းဖြစ်တာကတော့ RB-504A-E  စနစ်ဖြစ်ပြီး   Rosoboronexport   က ထုတ်ပြခဲ့တာပါ။ သူက တာတိုနဲ့  တာလတ်သွား မောင်းသူမဲ့လေယာဉ်များကို  အသက်မဲ့စေနိုင်စွမ်း ရှိပါတယ်။

 


အသေးစားမောင်းသူမဲ့လေယာဉ်များကို တုံ့ပြန် နိုင်ရေးအတွက် ဖန်တီးထားတဲ့ Repellent-Patrol ရွေ့လျားအီလက်ထရွန်နစ်   စစ်ဆင်ရေးစနစ်က အဲဒီ မောင်းသူမဲ့လေယာဉ်တွေရဲ့  ဆက်သွယ်ရေး လမ်းကြောင်းအမျိုးမျိုးကို ဖိဖျက်နိုင်ကာ မောင်းသူမဲ့ လေယာဉ်အုပ်လိုက်ပျံသန်းမှုများကို   ကောင်းစွာ ဟန့်တားနိုင်စွမ်းရှိပါတယ်။ မောင်းသူမဲ့လေယာဉ် ဆက်သွယ်ရေးလမ်းကြောင်း ထောက်လှမ်းသိရှိမှု ပမာဏကတော့  ၂၅ ကီလိုမီတာ  ဖြစ်ပါတယ်။ Repellent Patrol က မောင်းသူမဲ့လေယာဉ်များကို ထောက်လှမ်းသိရှိတုံ့ပြန်နိုင်စွမ်းများကို တိုးမြှင့်ထား ပြီး ရွေ့လျားပုံစံနဲ့သော်လည်းကောင်း၊ အထိုင်ပုံစံနဲ့ သော်လည်းကောင်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။ အခုပြပွဲမှာပြသခဲ့တာကတော့ ယာဉ်တင်ပုံစံပဲဖြစ်ပါ တယ်။

 


ရုရှားနိုင်ငံအနေနဲ့  ကမ္ဘာ့နိုင်ငံရေးကစားပွဲမှာ အနောက်အုပ်စုရဲ့ဖယ်ကြဉ်ခြင်းကို ခံနေရတယ်လို့ အနောက်အုပ်စုမီဒီယာများက ရေးသားဖော်ပြမှုတွေ လုပ်နေပေမယ့်လည်း ယခုကျင်းပနိုင်ခဲ့တဲ့ ARMY 2022 ဖိုရမ်က  ရုရှားနိုင်ငံရဲ့  အင်အားအစစ်အမှန် တစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်ပြသခွင့်ရလိုက်တယ် လို့ဆိုနိုင်ပါတယ်။ ဒါ့အပြင် ထုတ်ဖော်ပြသလိုက်သမျှ သော စစ်လက်နက်ပစ္စည်းအများစုကလည်း အသစ် အဆန်းကြီးများသာ ဖြစ်နေတာကိုလည်း  တွေ့ရပါ တယ်။ ဒါကြောင့်  ရုရှားနိုင်ငံဟာ   ဘယ်သူတွေက ဘာတွေပဲ  ပြောနေပါစေ၊ သူလုပ်စရာရှိတာကိုသာ အကောင်းဆုံးလုပ်ဆောင်ပြီး   ထိပ်တန်းနေရာကိုတက်လှမ်းလာနိုင်ခဲ့တယ်ဆိုတာ ARMY 2022 က သက်သေပြနေကြောင်း   ရေးသားတင်ပြလိုက်ရ ပါတယ်။      ။