 
တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပ
==========================================================================
နေပြည်တော်   ဒီဇင်ဘာ   ၁၁
တပ်မတော်       ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်း          ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ တပ်မတော်ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူး ကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်၍ သင်တန်းဆင်း မိန့်ခွန်း ပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့       ကာကွယ်ရေး ဦးစီးချုပ်(ရေ)   ဗိုလ်ချုပ်ကြီး  ဇေယျ ကျော်ထင် တင်အောင်စန်း၊ ကာကွယ် ရေးဦးစီးချုပ်(လေ)     ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်  မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)  မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျောင်းဆင်းဗိုလ်လောင်း တပ်ခွဲ၏  အလေးပြုခြင်းကို  ခံယူပြီး   တပ်မတော်          ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁)မှ     အောင်စစ်သည်    ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၇၁ ဗိုလ်လောင်း ပြည့်ဖြိုးဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆု ရရှိသူ   ဗိုလ်လောင်းအမှတ်   ၅၄၆၀ ဗိုလ်လောင်း ဇေယျာမင်းလွင်၊  စာပေ ထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၅၄၈၁  ဗိုလ်လောင်း  လင်းပြည့်ဖြိုး တို့အား ဆုများ  ပေးအပ်ချီးမြှင့်သည်။
ထို့နောက်  တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီးနောက်      ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ     ပြန်လည် ထွက်ခွာသည်။
ဂုဏ်ပြုအမှာစကား ပြောကြား
စစ်ရေးပြ အခမ်းအနားအပြီးတွင် တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် သည်    တပ်မတော်ဆေးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တပ်မတော်  ဆေး တက္ကသိုလ်    ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁)မှ ထူးချွန်ဆုရရှိကြ သည့်  ဗိုလ်လောင်းများကို  တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား     ပြောကြားခဲ့ ကြောင်း   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏  သတင်းထုတ်ပြန်ချက် အရ သိရသည်။  
              သတင်းစဉ် 
      
   
      


