သီရိလင်္ကာနိုင်ငံသား တစ်သန်းခွဲ အရေးပေါ်အစားအစာ အထောက်အပံ့များလိုအပ်နေ

 

ကိုလံဘို   စက်တင်ဘာ   ၁


သီရိလင်္ကာနိုင်ငံ၌    စားနပ်ရိက္ခာ     ပြတ်လပ် နေချိန်တွင် ပြည်သူ ၁ ဒသမ ၅ သန်းမှာ အရေးပေါ် အစားအစာ  အထောက်အပံ့များ လိုအပ်နေကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (ဒဗလျူ အက်ဖ်ပီ) က  စက်တင်ဘာ ၁ ရက်တွင် ပြောကြား သည်။

 


အဆိုပါ ထုတ်ပြန်ချက်တွင် တောင်အာရှနိုင်ငံ အတွင်း စီးပွားရေးအကျပ်အတည်းကြောင့် သီရိ လင်္ကာနိုင်ငံသား ၁၀ ဦးအနက် သုံးဦးမှာ အစား အစာမလုံလောက်မှုနှင့် ကြုံတွေ့နေရပြီး  ကိုယ်ဝန် ဆောင်နှင့်    နို့တိုက်မိခင်များတွင်    အဆိုးရွားဆုံး ခံစားနေရကြောင်း၊ သီရိလင်္ကာနိုင်ငံသား ၆ ဒသမ ၃ သန်းနီးပါးသည် အစားအစာမလုံလောက်မှုနှင့်  အကူအညီများ   လိုအပ်နေကြောင်း  ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (ဒဗလျူအက်ဖ်ပီ)  က ပြောကြား သည်။ 

 


သီရိလင်္ကာနိုင်ငံ၌    နိုင်ငံခြားငွေ    ပြတ်လပ်မှု ကြောင့် လက်ရှိတွင်  အဆိုးရွားဆုံး   စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။   နိုင်ငံခြားငွေ    ပြတ်လပ်မှုကြောင့် အစားအစာ အမျိုးအမည်အများ အပြား    တင်သွင်းခွင့်ကို   အဟန့်အတားဖြစ်စေခဲ့ ကြောင်း သိရသည်။                                

ဆင်ဟွာ