
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး(၂/၂၀၂၀)သို့ တက်ရောက်အမှာစကား ပြောကြား
======================================================
နေပြည်တော် ဒီဇင်ဘာ ၈
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၂/၂၀၂၀)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မသန်စွမ်းအသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ စာမျက်နှာ ၄ ကော်လံ ၁ သို့ m
ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက မသန်စွမ်းသူများ၏ဘဝ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ နိုင်ငံတော်အဆင့် ထိထိရောက်ရောက် အင်တိုက်အားတိုက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခု ကာလတွင် ကြုံတွေ့နေရသော ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 နှင့် ရင်ဆိုင်ရချိန်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေသောမူဝါဒဖြင့် နိုင်ငံတော်ဘက်က မသန်စွမ်းသူများ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်တို့နှင့် ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ရေး လုပ်ဆောင်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ကပ်ရောဂါအလွန် ကာလများတွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မသန်စွမ်းသူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပူးပေါင်းချိတ်ဆက်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။
အစပြုအကောင်အထည်ဖော်ဆောင်ရွက်နေ
မသန်စွမ်းသူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မသန်စွမ်းသူများအားလုံး အကျုံးဝင်ပါဝင် စေရန် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းနှင့် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းလုပ်ငန်းစဉ်သည်လည်း အဓိကအဖြစ် ပါဝင် ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီများ၊ မြန်မာနိုင်ငံ မသန်စွမ်း သူများအသင်းချုပ်၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် UNICEF (မြန်မာ)တို့၏ နည်းပညာ၊ ငွေကြေးပံ့ပိုးမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ လူ့အခွင့်အရေး နှင့် လူမှုရေးမော်ဒယ်နည်းပညာဖြင့် အစပြုအကောင်အထည်ဖော် ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း။
ဆရာဖြစ်သင်တန်းများနှင့် မှတ်ပုံတင်ကြီးကြပ်ရေးမှူးသင်တန်းများကို ကျေးရွာ၊ ရပ်ကွက်များတွင် သင်တန်းများပေးနေချိန် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားသောကြောင့် အကောင်အထည်ဖော်မှုကို ခေတ္တရပ်ဆိုင်းထားသော်လည်း ယခုအခါ COVID-19 ကာကွယ်ရေးလမ်းညွှန်ချက် များနှင့်အညီ အဝေးရောက်အကဲဖြတ်ခြင်းနည်းစနစ် (Remote Assessment Methodology)နှင့် မသန်စွမ်းမှုသတင်းအချက်အလက်စနစ် (Management Information System) တည်ဆောက်ပြီး ကရင်ပြည်နယ်၌ စတင်အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
၂၀၂၀ ပြည့်နှစ်အတွင်း ထူးခြားစွာလုပ်ဆောင်နေမှုတစ်ခုမှာ မသန်စွမ်းသူ များ၏ အခွင့်အရေးများကို ပေါင်းစပ်ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်နေသော အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ကာလလတ် (၂၀၂၀-၂၀၂၅)ကို ရေးဆွဲဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်ကုန်တွင် မဟာဗျူဟာစီမံကိန်း(မူကြမ်း) ထွက်ပေါ်လာရေးအတွက် Technical Core Group နှင့် ဆပ်ကော်မတီ(၉)ခုတို့က ကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြား လိုပါကြောင်း။
မသန်စွမ်းသူများအနေဖြင့် ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာ ဘဝ ရပ်တည်နိုင်ရေးအတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် သက်ဆိုင်ရာဒေသနှင့် ကိုက်ညီသော အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေများရရှိစေရန် အကောင်အထည်ဖော်ဆောင်ရွက် ခြင်းလုပ်ငန်းများကို နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိရာ မသန်စွမ်းသူများ အတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ရန်ပုံငွေတစ်ရပ်ဖြစ်သော ငွေကျပ် ၃ ဘီလီယံအား အရင်းမပျောက် မတည်ငွေစနစ်ဖြင့် ဆောင်ရွက်ထားရှိပြီးဖြစ်သည့် အတွက် COVID-19 အလွန်ကာလများတွင် Microfinance Institute များနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။
မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကလည်း လုပ်ငန်း ရှင်များ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် မူဝါဒချမှတ်နေမှုအစည်းအဝေးများ ကျင်းပနေသည်ကို သိရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ COVID-19 အလွန်ကာလတွင် မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ အမျိုးသားအဆင့်အစည်းအဝေး ကျင်းပသွားရန်လည်း လိုအပ်ပါကြောင်း။
မသန်စွမ်းသူများအတွက် Barrier Free Community ဖြစ်စေရန် နေပြည်တော် ရေပန်းဥယျာဉ်နှင့် မြို့မဈေးတို့၌ စံနမူနာပြဆောင်ရွက်ထားရှိပြီး ဖြစ်သည့််အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ တာဝန်ရှိသူများကလည်း မိမိဒေသအတွင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် COVID-19 အလွန်ကာလ ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်သည့်အခါတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ရေးဆွဲ ထုတ်ပြန်ခဲ့သည့် မသန်စွမ်းသူများအနေဖြင့် အတားအဆီးကင်းမဲ့စွာ သွားလာ နိုင်ရေး ရှေ့ပြေးစီမံကိန်း (Myanmar Barrier Free Pilot Project)ကို တစ်ချိန် တည်း တစ်ပြိုင်တည်း အကောင်အထည်ဖော်နိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင် ထားရန် လိုအပ်ပါကြောင်း။
အစီရင်ခံစာ စာအုပ်ထုတ်ဝေနိုင်ခဲ့
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ စတင် ဖွဲ့စည်းခဲ့သည့် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ဆောင်ရွက်ချက်များကို မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ စာအုပ်ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်အတွင်း ဆောင်ရွက်ချက်များကိုလည်း နှစ်ပတ်လည်အစီရင်ခံစာ ပြုစုထုတ်ဝေနိုင်ရေး အတွက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သောကော်မတီက ဆက်လက်ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ တစ်ဆက်တည်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကော်မတီ၏ Concluding Observation ပါ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် သည့် အစီရင်ခံစာအတွက်လည်း အထောက်အကူပြုစေမည့် လုပ်ငန်းတစ်ခု ဖြစ်သကဲ့သို့ ၎င်းအစီရင်ခံစာတင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်သော ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်မတိုင်မီ တစ်နှစ်ခန့်အလို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကော်မတီက ပြုစုမည့် List of Issues နှင့်အညီ Simplified Reporting Procedure ဖြင့် တင်သွင်းရေး အစီရင်ခံစာ ရေးသားပြုစုရေးအဖွဲ့ကို ဖွဲ့စည်းရန်လည်း လိုအပ်ပါကြောင်း။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းရှေ့ပြေးရလဒ်များအရ မြန်မာနိုင်ငံ၌ မျက်မှန်တပ်သည့်တိုင်အောင် အမြင်ခက်ခဲခြင်းမှာ ၆ ဒသမ ၃ ရာခိုင်နှုန်း၊ နားကြားကိရိယာတပ်ထားသည့်တိုင် အကြားခက်ခဲခြင်းမှာ ၂ ဒသမ ၄ ရာခိုင်နှုန်း၊ လမ်းလျှောက်/လှေကား တက်ရာတွင် ခက်ခဲခြင်းမှာ ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မှတ်ဉာဏ်/ သင်ယူလေ့လာရာတွင် ခက်ခဲခြင်းမှာ ၄ ဒသမ ၄ ရာခိုင် နှုန်း၊ မိမိကိုယ်မိမိ စောင့်ရှောက်ရာတွင် (တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် အဝတ် အစားဝတ်ဆင်ရာတွင်) ခက်ခဲခြင်းမှာ ၁ ဒသမ ၉ ရာခိုင်နှုန်း၊ အခြားသူများနှင့် ဆက်သွယ်ရာတွင် ခက်ခဲခြင်းမှာ ၁ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ကို သိရှိရပါကြောင်း။
ထို့ကြောင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကဏ္ဍသည် တစ်စထက်တစ်စ အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လာသည့်အတွက် ရှေ့ဆက်၍ ပြောင်းလဲလာသော အခြေအနေများကိုမူတည်ကာ ပိုမိုထိရောက် သည့် အကာအကွယ်ပေးနိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ပြန်လည်သုံးသပ်ညှိနှိုင်းခြင်းလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွား ရမည်ဖြစ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကာလမတိုင်မီ မသန်စွမ်းသူများ ပါဝင်မဲပေးနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မဲစာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပြီး မဲပေးပိုင်ခွင့် ရှိသော မသန်စွမ်းသူများ အားလုံးမဲပေးနိုင်ရေး မဲရုံများတွင် မသန်စွမ်းသူများ အဆင်ပြေလွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် လျှောစောက်များ ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းမှုအလိုက် လိုအပ်သည်များကို ကူညီပံ့ပိုးပေး ခြင်းများဆောင်ရွက်ခဲ့ရာ မသန်စွမ်းသူ စုစုပေါင်း ၈၇၀၀၀ ကျော် ပါဝင်မဲပေး နိုင်ခဲ့သည်ကိုသိရှိရပါကြောင်း၊ ယခင် ရွေးကောက်ပွဲများထက် မသန်စွမ်းသူများ၏ ပူးပေါင်းပါဝင်မှု ပိုမိုတိုးတက်များပြားလာသည်ကို အသိအမှတ်ပြုရမည် ဖြစ်ပါ ကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်း အဝေး (၁/၂၀၂၀) အစည်းအဝေးက ချမှတ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက် ၂၅ ချက်အပေါ် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် နိုင်ငံတော်အစိုးရ၏ ရှေ့ဆက်ဆောင်ရွက်မည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်၍ မသန်စွမ်းသူ များအပေါ် အကျိုးဖြစ်ထွန်းစေမှု၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကို အသိ အမှတ်ပြု အလေးထားဆောင်ရွက်ပေးကြရန်နှင့် COVID-19 အလွန်ကာလများ တွင် မသန်စွမ်းသူများ၏ အခွင့်အရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် အကောင် အထည်ဖော်ရန်အတွက် ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့က သတ်မှတ်ခဲ့သော “ ပိုမိုကောင်းမွန်သည့် COVID-19 အလွန်ကမ္ဘာ တည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အားလုံးအတူ ပါဝင်သော လူ့အသိုက်အဝန်းတစ်ခု ဆီသို့ စည်းလုံးညီညာစွာဖြင့် လျှောက်လှမ်းနိုင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ စတင် ဖွဲ့စည်းခဲ့မှု၊ လုပ်ငန်းစဉ်များ၊ အစည်းအဝေးများ ကျင်းပခဲ့မှုနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းခဲ့မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ မြန်မာနိုင်ငံ မသန်စွမ်း သူများအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် အမျိုးသားကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၂၀) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင် ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အမျိုးသားကော်မတီ (၁/၂၀၂၀) အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှုအခြေ အနေနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကော်မတီသို့ Simplified Reporting Procedure ဖြင့် အစီရင်ခံစာ တင်သွင်းရေးကိစ္စရပ်များ ကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးအောင်လှထွန်း၊ ဦးကျော်မျိုး၊ ဦးဝင်းမော်ထွန်းနှင့် ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများက မသန်စွမ်းအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှု၊ မသန်စွမ်းသူများအပေါ် ပြစ်မှုကျူးလွန်မှုများကို အရေးယူဆောင်ရွက်ခဲ့မှု၊ အကျဉ်းထောင်များရှိ မသန်စွမ်း သူများအတွက် ဆောင်ရွက်ပေးနေမှု၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် စပ်လျဉ်း၍ အများပြည်သူသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ သင်တန်းများဖွင့်လှစ်ပို့ချရေး၊ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားဆောင်ရွက်ခဲ့မှု၊ New Normal ပုံစံသစ်တွင် မသန်စွမ်းသူများ၏အခွင့်အရေးများ လျော့ပါးမှုမရှိစေ ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မသန်စွမ်းသူများအတွက် အထောက်အကူ ပစ္စည်းများ ထောက်ပံ့ပေးမှု၊ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မသန်စွမ်းသူများအား ထောက်ပံ့ပေးမှု၊ မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ လိုအပ်ချက်များ၊ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်
သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြ အကြံပြုဆွေးနွေးကြ သည်။
ထို့နောက် အမျိုးသားကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမြတ်သူဝင်းက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ သုံးနှစ်ကျော် ကာလအတွင်း ဆောင်ရွက်ခဲ့မှုအခြေအနေကို သုံးသပ်လျှင် အတိုင်းအတာတစ်ခု အထိ အောင်မြင်မှုရရှိခဲ့ပါကြောင်း၊ အထူးသဖြင့် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မသန်စွမ်းမှု အလိုက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပေးနိုင်ခဲ့သဖြင့် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများထက် မသန်စွမ်းသူဦးရေ ပိုမိုမဲပေးနိုင်ခဲ့ခြင်းသည် မှတ်တိုင် တစ်ခုပင်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း သွားလာမှုဆိုင်ရာ အကန့် အသတ်များကြားမှ မသန်စွမ်းသူများအတွက် ပံ့ပိုးကူညီမှုများကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေသကဲ့သို့ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန် လုပ်ငန်း များကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးအကြံပြုချက်များနှင့် ချိတ်ဆက် ကာ အားလုံးဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်သွားစေလိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်