ကမ္ဘာ့ကုလသမဂ္ဂ သမာသမတ်ရှိပါစ

Type

 

မင်းခေါင်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ဩဂုတ်လ ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့မှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဩဂုတ် ၁၉ ရက်တွင် အပြည့်အစုံအကျယ်တဝင့် ဖော်ပြခဲ့ပါသည်။
 

 

အကျယ်တဝင့် သတင်းထုတ်ပြန်


သာမန်အားဖြင့် အထူးကိုယ်စားလှယ်အပါအဝင် နိုင်ငံတကာမှ  ကမ္ဘာ့ခေါင်းဆောင်များနှင့်    နိုင်ငံ့ ခေါင်းဆောင်များ   အခါအားလျော်စွာ    တွေ့ဆုံ ဆွေးနွေးခဲ့မှုများကို ထိုသို့ အပြည့်အစုံအကျယ်တဝင့် သတင်းထုတ်ပြန်ဖော်ပြလေ့မရှိပါ။  အထူးကိုယ်စား လှယ်နှင့် ယခုတွေ့ဆုံဆွေးနွေးခဲ့မှုများကိုမူ အဘယ် ကြောင့် အပြည့်အစုံ   အကျယ်တဝင့်   ဖော်ပြခဲ့ရပါ သနည်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   သတင်း ထုတ်ပြန်ရေးအဖွဲ့က “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏    မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ယခုလ ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့မှု များနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်အနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အပြု သဘောမဆောင်သော ထုတ်ပြန်ချက်ကို  ထုတ်ပြန် ခဲ့သည်။

 


ကုလသမဂ္ဂတာဝန်ရှိသူများအနေဖြင့် ၎င်းတို့မှ အများပြည်သူသို့ထုတ်ပြန်ချက်များတွင် အစိုးရ၏တုံ့ပြန်ပြောကြားချက်များကို မျှတစွာထည့်သွင်း ဖော်ပြရန် ကျင့်ဝတ်အရ လိုအပ်သော်လည်း အထူး ကိုယ်စားလှယ်၏  ၁၇-၈-၂၀၂၂ ရက်နေ့ ထုတ်ပြန် ချက်သည် ယင်းကိုလိုက်နာခြင်းမရှိကြောင်း တွေ့ရှိ ရသည်။ ယင်းထုတ်ပြန်ချက်ကြောင့်   နိုင်ငံတကာ အသိုက်အဝန်းက   အထင်အမြင်လွဲမှားစေနိုင်ပြီး အများပြည်သူက   နားလည်မှုလွဲမှားစေနိုင်သည် စသည်ဖြင့် ထုတ်ပြန်ချက် နိဒါန်းနှင့်နိဂုံးတွင် ဖော်ပြ ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ 

 


မေးခွန်းထုတ်စရာဖြစ်ရ


နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့စဉ်က “အခြေအနေ ကောင်းများကို ကောင်းစွာထိန်းသိမ်းနိုင်ရန် နှစ်ဦး နှစ်ဖက် အပြန်အလှန်   နားလည်ယုံကြည်မှုများ လိုအပ်မည်  ဖြစ်ပါသည်။  ပထမတင်ပြလိုသည့် အချက်မှာ အဆွေတော်နှင့်  မိမိတို့အကြား   အမြဲ မပြတ် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ တိုးတက်မှု များရရှိအောင်ဆောင်ရွက်သွားရန် အဆိုပြုပြော ကြားလိုပါသည်”ဟူသည့်  အထူးကိုယ်စားလှယ်၏ အမှန်တကယ်ဆွေးနွေးခဲ့မှုများအစား များစွာကွဲလွဲ စွာထုတ်ပြန်ခဲ့သော  သတင်းထုတ်ပြန်ချက်ကြောင့် မေးခွန်းထုတ်စရာ  ဖြစ်ရသည်။   ထို့အတူ   ကမ္ဘာ့ မိသားစုဝင် ကမ္ဘာ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် ကုလသမဂ္ဂ၏  သမာသမတ်ကျမှုအပေါ်   ထပ်ဆင့် မေးခွန်းထုတ်စရာဖြစ်ရသည်။

 


ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ


ကုလသမဂ္ဂအဖွဲ့ကြီးကို စစ်ပွဲများတားဆီးရန် နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေး တည်တံ့စေရန် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ကမ္ဘာ့နိုင်ငံပေါင်း   ၅၁   နိုင်ငံ၏ သဘောတူညီချက်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာ နိုင်ငံသည် လွတ်လပ်ရေးရပြီး လပိုင်းအတွင်း ၁၉၄၈ ခုနှစ်   ဧပြီလ  ၁၉   ရက်တွင်   ကုလသမဂ္ဂသို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည်။

 


မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်း က   ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်နှင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက် သော  နိုင်ငံခြားရေးမူဝါဒကို   ယခုတိုင်   ကျင့်သုံး လိုက်နာခဲ့သည့်   နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အတိတ်က   ကိုရီးယား၊   ဟန်ဂေရီ၊   အီဂျစ်စသည့် ကမ္ဘာ့အရေးအခင်းများတွင် ကျူးကျော်သူနိုင်ငံများ ကို   ဘက်မလိုက်ဘဲ   ပြစ်တင်ရှုတ်ချခဲ့ဖူးသည်။ ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းများတွင် မြန်မာ နိုင်ငံသားများ ပါဝင်ခွင့်မရရှိစေရန် အမေရိကန်ဘက် က ကြိုးပမ်းခဲ့လေသည်။ ၁၉၅၆ ခုနှစ်က ကိုလိုနီလွတ်မြောက်ရေးဆိုင်ရာကောင်စီတွင်    မြန်မာ ပါဝင်ခွင့်ရရှိနိုင်ရန်   ထိုစဉ်က   အမေရိကန်၏ နောက်လိုက်    လိုက်ဘေးရီးယားနိုင်ငံနှင့်အပြိုင် အကြိမ်ကြိမ် မဲခွဲခဲ့ရဖူးသည်။

 


သို့ရာတွင်   ထိုစဉ်က   ဝန်ကြီးချုပ်    ဦးနု ခေါင်းဆောင်သည့်  မြန်မာအစိုးရ၏  လွတ်လပ် တက်ကြွသော နိုင်ငံခြားရေးမူဝါဒ ဆောင်ရွက်ချက် များနှင့်    မြန်မာသံတမန်ရေးရာပုဂ္ဂိုလ်များ၏ ကျွမ်းကျင်လိမ္မာမှုကြောင့်   ဖဆပလခေတ်တွင် မြန်မာနိုင်ငံသားများ   ကုလသမဂ္ဂ၌   အဆင့်မြင့် ရာထူးကြီးများကို   ထမ်းဆောင်ခွင့်ရရှိခဲ့ကြသည်။ ယင်းတို့အနက် မြန်မာနိုင်ငံသား ဦးသန့်သည် ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ  ၃၁ ရက်အထိ  ဆယ်စုနှစ်တစ်ခုတိုင်   တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။   တာဝန်ထမ်းဆောင်စဉ် အတွင်း အမေရိကန်နှင့်ဆိုဗီယက်ပြည်ထောင်စုတို့ အင်အားကြီး   နှစ်နိုင်ငံအကြား   တတိယကမ္ဘာ စစ်ကြီး    ဖြစ်ပွားလုမတတ်   ထိပ်တိုက်ရင်ဆိုင် ခဲ့သော   ကျူးဘားပဋိပက္ခအပါအဝင်    အီရီယန် အရေး၊ အယ်ဂျီးရီးယား အရေးတို့ကို ပြေလည်အောင် စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။    ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာသည်လည်း    ကမ္ဘာတစ်ခွင်မြင့်မား ခဲ့သည်။

 


အမေရိကန်အပါအဝင် နိုင်ငံကြီးများ၏
လွှမ်းမိုးချုပ်ကိုင်အသုံးချမှု 


ထိုကဲ့သို့ သမိုင်းအစဉ်အလာနှင့်  ရည်ရွယ်ချက် မြင့်မားခဲ့သော   ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် စစ်အေးခေတ်လွန် အာဖဂန်နစ္စတန်စစ်ပွဲ၊ အီရတ် စစ်ပွဲတို့မှအစပြု၍ အမေရိကန်အပါအဝင် နိုင်ငံကြီးများ၏လွှမ်းမိုးချုပ်ကိုင်အသုံးချမှုကြောင့် သမာသမတ် ရှိပါစဟု မေးခွန်းထုတ်စရာဖြစ်လာခဲ့ရသည်။

 


အီရန်သမ္မတ အာမာဒီနီဂျက်က (၆၄)  ကြိမ် မြောက်    ကုလသမဂ္ဂအထွေထွေညီလာခံတွင် “အင်အားကြီးနိုင်ငံများက  နိုင်ငံငယ်အချို့ကို   ဒီမို ကရေစီတို့၊ လူ့အခွင့်ရေးတို့လို့ဆိုပေမယ့် အစ္စရေး ကို မျက်ကွယ်ပြုထားတယ်”ဟု ဆိုခဲ့သည်။ အာရပ် နိုင်ငံများကမူ ကိုဖီအာနန်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟုမခေါ်ဘဲ အမေရိကရဲ့ အတွင်းရေးမှူး ချုပ်ဟု   သုံးနှုန်းတိုက်ခိုက်ခဲ့ပြီး    ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း       နေရာအနှံ့အပြား၌ ကိုဖီအာနန်၏ မျက်စိတစ်ဖက်တွင် အမေရိကန် အလံနှင့်   ကျန်တစ်ဖက်တွင်   အစ္စရေးအလံကို အစားထိုးပုံဖော်ထားသည့်    ပိုစတာများကပ်ခဲ့ကြ သည်။ 

 


ကုလသမဂ္ဂအဖွဲ့ကြီး၏ 
လက်ရှိအခန်းကဏ္ဍနှင့် ရပ်တည်မှု


အီရတ်စစ်ပွဲကာလတွင်မူ   ငြိမ်းချမ်းရေးကို လိုလားသော ကမ္ဘာ့နိုင်ငံများသာမက အမေရိကန်၏ မဟာမိတ် အင်အားကြီးနိုင်ငံများကပါ ကုလသမဂ္ဂ အဖွဲ့ကြီး၏ လက်ရှိ အခန်းကဏ္ဍနှင့်ရပ်တည်မှုအပေါ် အပြင်းအထန်ဝေဖန်မေးခွန်းထုတ်လာခဲ့ကြသည်။
နယူးစ်ဝိခ်မဂ္ဂဇင်းက   “ကုလသမဂ္ဂကြီးဟာ ဖောင်းပွပြီး ဘာမှအလုပ်ဖြစ်အောင် မလုပ်နိုင်ဘူး” ဟု ဝေဖန်ရေးသားသည်။ လန်ဒန်ထုတ် ဂါးဒီးယန်း သတင်းစာကြီးက အီရတ်ကိစ္စတွင် အမေရိကန်က လုပ်ချင်ရာလုပ်ပြီး ဘေးကျပ်နံကျပ်၊   ထိန်းမနိုင် သိမ်းမရ ဖြစ်လာသည့်အခါမှ ကုလသမဂ္ဂက တာဝန် ယူရန် လူရာသွင်းလာခဲ့မှုအပေါ် “ကုလသမဂ္ဂဟာ မအောင်မြင်တဲ့ အမေရိကန်စွန့်စားခန်းတွေအတွက် အမှိုက်ပုံကြီးတစ်ခုအဖြစ် အသုံးချတာမခံသင့်ဘူး” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားခဲ့သည်။
အမှန်တကယ်အားဖြင့်လည်း    အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များသည် ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၏ သဘောတူအတည်ပြု ချက်မရဘဲ အီရတ်ကို ဝင်တိုက်ခဲ့ကြသည်။ စစ်ပြီး ခေတ်   အီရတ်နိုင်ငံ   ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ရန်အတွက်လည်း ကုလသမဂ္ဂက ဦးစီး ဦးဆောင်လုပ်စရာမလိုဘူးဟူ၍ ဘေးဖယ်ထားပြီး လူလူချင်းစာနာထောက်ထားရေး အကူအညီကိစ္စ များမှာသာ ကုလသမဂ္ဂအခန်းကဏ္ဍကို သုံးမည်ဟု ဆိုကြသည်။ ထို့အပြင်  အီရတ်ဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖြစ်   ရွေးချယ်စေလွှတ်ရာတွင် လည်း ကုလသမဂ္ဂသည် အမေရိကန်၏တောင်းဆို ချက်အရ ရွေးချယ်စေလွှတ်ပေးခဲ့ရသည်။

 


ထို့ကြောင့် (၅၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေ ထွေညီလာခံကြီးတွင် အီရတ် ပြဿနာနှင့်ပတ်သက် ၍ ပွက်လောရိုက်ခဲ့လေသည်။ ကမ္ဘာ့နိုင်ငံအများစုက ကမ္ဘာ့အဖွဲ့အစည်းကြီး   ပျက်စီးမသွားစေရေးနှင့် ပတ်သက်၍ “ကုလသမဂ္ဂကြီး အားကောင်းဖို့နှင့် ကုလသမဂ္ဂကို ဘေးချိတ်ပြီး လုပ်ချင်ရာမလုပ်ကြဖို့”၊ “ကုလသမဂ္ဂကြီးဟာ အင်အားနည်းတဲ့နိုင်ငံတွေရဲ့ ရှေ့က မားမားမတ်မတ်ရပ်ပေးတဲ့ လူရိုသေရှင်ရိုသေ အဖွဲ့ကြီးဖြစ်ဖို့”၊ “ပြုပြင်ပြောင်းလဲရေးတွေကို ထိထိ ရောက်ရောက်လုပ်ပြီး ခိုင်မာတောင့်တင်းတဲ့အဖွဲ့ အစည်းကြီးဖြစ်အောင်  လုပ်ကြဖို့”   စသည်ဖြင့် စေတနာရှေ့ထားဆွေးနွေးခဲ့ကြသည်။

 


ပြင်သစ်သမ္မတ ဂျက်ရှီရက်က ကုလသမဂ္ဂအခန်း ကဏ္ဍမြှင့်တင်ရေးနှင့်  ပတ်သက်၍   ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တိုးချဲ့ရန် အကြံပြုခဲ့သည်။  အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်က “ကုလသမဂ္ဂရဲ့ အခွင့်အာဏာမပါရှိဘဲ တစ်ဖက်သတ်လက်ဦးမှုရယူပြီး စစ်တိုက်တာဟာ ကမ္ဘာကြီးကို ကြီးနိုင်ငယ်ညှဉ်းတောတွင်းဥပဒေဆီသို့ ပြန်လည်ပို့ဆောင်ရာရောက်ကြောင်း” အမေရိကန် ၏လုပ်ရပ်အပေါ် ထူးထူးခြားခြား ဝေဖန်ပြောကြား ခဲ့လေသည်။

 


ကုလသမဂ္ဂပဋိညာဉ်


ကုလသမဂ္ဂပဋိညာဉ်တွင်     နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်နှင့်   တန်းတူညီမျှ ဆက်ဆံရေးတို့နှင့်ပတ်သက်၍ တိကျစွာပြဋ္ဌာန်းထား သော်လည်း လက်ရှိ မြန်မာနိုင်ငံအရေးနှင့် ပတ်သက် ၍ ကုလသမဂ္ဂအဖွဲ့ကြီး၏ သဘောထားနှင့်ရပ်တည် ချက်သည် ဘက်လိုက်မှုကင်းကင်းနှင့် သမာသမတ် ရှိပါလေစဟု ဆိုရမည်ဖြစ်သည်။

 


မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် ကောင်းမွန် သောသမိုင်းကြောင်း ရေစက်ရှိခဲ့ရုံမက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ    တစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လက်ရှိအချိန်အထိ       ကုလသမဂ္ဂပဋိညာဉ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းမရှိခဲ့ပါ။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုလသမဂ္ဂ၏အရိပ်အာဝါသ ကြောင့် အေးမြသည့်အရသာကို လိုလားတောင့်တ သောနိုင်ငံများ ဖြစ်ပါသည်။ 
သို့ရာတွင် ကုလသမဂ္ဂအဖွဲ့ကြီးသည် အတိတ် ကလည်း မြန်မာနိုင်ငံသို့ ကူမင်တန် တရုတ်ဖြူတပ် များကျူးကျော်မှုအရေးကိစ္စတွင် နိုင်ငံကြီးအချို့၏အလိုကျကြိုးဆွဲရာ ကခဲ့ပါသည်။ တရုတ်ဖြူတပ်များ ဆုတ်ခွာပေးရေးအတွက်   မြန်မာကိုယ်စားလှယ် အဖွဲ့၏ အရေးဆိုမှုတွင် ကျူးကျော်သူ ကူမင်တန် တပ်များဟူသည့်   စကားရပ်အစား    ကူမင်တန် အစိုးရကို  ထောက်ခံသူ    အမေရိကန်အလိုကျ ပြည်ပတပ်ဟုသာ   ပြောင်းလဲအဆိုတင်သွင်းခဲ့ရ ပါသည်။

 


မြန်မာနိုင်ငံအပေါ် 
တစ်ဖက်သတ် ခွဲခြားဆက်ဆံ


လက်ရှိကာလတွင်လည်း    မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့်ပတ်သက်၍ ကုလသမဂ္ဂသည် နိုင်ငံကြီးအချို့နှင့်  အဖွဲ့အစည်းအချို့၏   အလိုကျ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်  ခွဲခြားဆက်ဆံ ခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်   အခက်အခဲ များစွာဖြစ်ပေါ်ခဲ့ရာ အခြားနိုင်ငံများနည်းတူ ကုလ သမဂ္ဂစသည့်အဖွဲ့အစည်းများ၏  ပူးပေါင်းဆောင် ရွက်မှုများကို မျှော်လင့်ခဲ့ပါသော်လည်း “ကျန်ရစ်သူ မရှိစေရ (Leave No One Behind)”ဟူသည့် ကုလ သမဂ္ဂ၏   မူဝါဒအတိုင်း     အကောင်အထည်ဖော် ဆောင်ရွက်သော   ကမ္ဘာ့ကျန်းမာရေးအဖွဲ့   (WHO) ပင်လျှင်    လွန်စွာဝမ်းနည်းစရာကောင်းလောက် အောင် မြန်မာနိုင်ငံကို မည်သည့်အကူအညီမျှပေး အပ်ခဲ့ခြင်းမရှိခဲ့ချေ။ 

 


ထို့အပြင်  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်၏ ခရီးစဉ်အတွင်းနှစ်ဖက် ဆွေးနွေးခဲ့စဉ်က “မြန်မာနိုင်ငံဘက်က အမြဲတမ်းထုတ်ဖော်ပြောကြား လေ့ရှိသည့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟူသော အချက်နှင့်ပတ်သက်၍လည်း ကုလသမဂ္ဂအနေဖြင့် နိုင်ငံများ၏     အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အမြဲတမ်းအသိအမှတ်ပြု လေးစားလျက်ရှိပါသည်” ဟူသည့် ပြောကြားချက်အစား သတင်းထုတ်ပြန် ချက်တွင်   “ကုလသမဂ္ဂရဲ့     ထိတွေ့ဆက်ဆံမှုက မည်သည့်နည်းနှင့်မျှ တရားဝင်မှုကို ပေးဆောင်ခြင်း မဟုတ်ပါ” ဟူသည့် ကွဲလွဲစွာဖော်ပြချက်များသည် ကုလသမဂ္ဂ၏ဂုဏ်သိက္ခာယုံကြည်မှုအပေါ် ထိခိုက် စရာဖြစ်ရသည်။ 

 


မည်သို့ဆိုစေ  မြန်မာနိုင်ငံသည်   ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ ကုလသမဂ္ဂ အနေဖြင့် အဖွဲ့ဝင်နိုင်ငံများအပေါ် ချမှတ်ထားသည့် ပဋိညာဉ်နှင့်အညီ ထိတွေ့ဆက်ဆံဆောင်ရွက်မှုကို မျှော်လင့်ပါသည်။ ထို့အတူ မြန်မာနိုင်ငံသား ဦးသန့် နည်းတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် ကမ္ဘာ့ နိုင်ငံများ၏ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ပုဂ္ဂိုလ်မျိုး ဖြစ်ရန် လိုအပ်ပါသည်။ သို့ဖြစ်၍ မျက်မှောက်ကာလ တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် ကမ္ဘာ့မိသားစုဝင် နိုင်ငံအများစု၏ ကမ္ဘာ့ကုလသမဂ္ဂ သမာသမတ်ရှိပါစ ဟူသည့် မေးခွန်းအစား ကမ္ဘာ့ကုလသမဂ္ဂ သမာ သမတ်ရှိပါစေ ဟူ၍သာ မေတ္တာရပ်ခံတောင်းဆိုချင် ပါသည်။     ။