နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင်  ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်  ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ  ပြောရေးဆိုခွင့်ရှိသူများနှင့်  ဌာနဆိုင်ရာ  သတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ 

 

(ယမန်နေ့မှအဆက်)


ဆက်လက်၍ NP News Agency မှ အယ်ဒီတာ ချုပ် ဦးကျော်မျိုးမင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ဘူးဆိုသည့်  EAO များ၏  မီဒီယာများ၌ ဖော်ပြထားသည့်  စကားများကိုကြည့်လျှင် ၎င်းတို့ သုံးနှုန်းထားသည့် စကားလုံးအသုံးအနှုန်းများသည် အလွန်အကျွံဖြစ်နေသည်ကို တွေ့ရကြောင်း၊  ယင်း အတွက်ကြောင့် မလာနိုင်ဘူးဟုဆိုသည့်  ထင်မြင်မှု ရှိ၊ မရှိနှင့် ယင်းအသုံးအနှုန်းများအပေါ် တပ်မတော် အနေဖြင့် အဘယ်ကြောင့် သည်းခံ၍နေနိုင်သည်ကို သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက တစ်ခါတစ်ရံ၌ တချို့ သော လက်နက်ကိုင်အဖွဲ့များအနေဖြင့်     ၎င်းတို့ သုံးနှုန်းထားသည့်  စကားလုံးအသုံးအနှုန်းများ၏ အဓိပ္ပာယ်ကို ၎င်းတို့ကိုယ်တိုင်မသိသည့် အချိန်များ ရှိကြောင်း၊ ဥပမာအနေဖြင့်  ဗကပအဖွဲ့က  သုံးနှုန်း သွားသည်ကို  ကြည့်လျှင်သိနိုင်ကြောင်း၊ မိမိခန့်မှန်း ပြောရလျှင် ၁၉၇၀၊   ၁၉၇၁ ခုနှစ်ခန့်တွင်  ၇၆ လမ်းစဉ်ကို   ချမှတ်ခါနီးအချိန်တွင်    ပြောခဲ့ခြင်း ဖြစ်ကြောင်း၊ အရှေ့မြောက်ဒေသတွင် ၎င်းတို့ရှုံးနိမ့် မည့်   အရိပ်အယောင် စတင်၍မြင်တွေ့ရသည့် အချိန်၌ ဗဟိုကော်မတီဝင်များကို ဗကပ၏စစ်ရေး၊ နိုင်ငံရေးနှင့်ပတ်သက်၍   မည်သည့်အခြေအနေ အတိုင်းအတာအထိ ရောက်နေသည်ကို တိတိကျကျ ပြောပေးရန်  လက်အောက်ကလူများက  မေးကြ ကြောင်း၊ ဗကပခေါင်းဆောင်ကလည်း လုံးဝ တိတိ ကျကျ   ပြောခဲ့ကြောင်း၊   ၁၉၄၈   ခုနှစ် မတ်လ နောက်ပိုင်းကာလသည် ၎င်းတို့၏ ပထမဒီရေမြင့်တက်လာသည့်ကာလဖြစ်ကြောင်း၊  “နောင်ဖြစ်ပေါ် လာမည့် ဒုတိယ ဒီရေမြင့်တက်ကာလ၏   ကြားထဲ တွင် ရှိသောအချိန်လို့ သတ်မှတ်တယ်” ဟု  ပြော ကြောင်း၊ ယင်းစကားလုံးအသုံးအနှုန်းမှာ မည်သည် ကိုဆိုလိုသည်ကို မသိကြောင်း၊ ယင်းအဓိပ္ပာယ်နှင့် ပတ်သက်သည့်စကားမျိုး ပြောဆိုသည့် အဖွဲ့တချို့ရှိ ကြောင်း၊ ၎င်းအဖွဲ့များ၏ စကားလုံးအသုံးအနှုန်း များကို ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုလျှင် အထက် မှာပြောခဲ့သည့် စကားလုံးများကဲ့သို့ ပြောနေသူများ ရှိကြောင်း။

 


အခြားတစ်ခုမှာ ဘက်စုံမျှော်ကိုးမှုဖြစ်ကြောင်း၊ ယခင်က  တချို့ EAO အဖွဲ့များသည် နောက်ကွယ်မှ အားပေးထောက်ခံမှုဖြစ်သည့် ပြည်ပ၏  အားပေး ထောက်ခံမှုမရှိသည့်အချိန်များတွင်    လေသံများ ပြောင်းလဲသွားကြသည်ကို  တွေ့ရကြောင်း၊ ယခု အချိန်ကဲ့သို့ ဝိုင်းဝန်းထောက်ပံ့သည့် အချိန်များတွင် လေသံများတစ်မျိုးဖြစ်လာကြကြောင်း၊ KNU အဖွဲ့ အတွင်း၌ပင်  KNU ကို  စိတ်မချလို့ဟုဆို၍ ကော်သူ လေး Army ဆိုသည့်အဖွဲ့ကို   ဖွဲ့စည်းတည်ထောင် လိုက်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ၎င်းတို့ ပြောနေသည့်စကားများကို သတင်းထောက်ကြီးတို့ လည်းအမြင်ပင် ဖြစ်ကြောင်း၊ တိုက်ပွဲများတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောရ မည်ဆိုပါက နောက်ဆုံးလာခဲ့သည့် SSPP အဖွဲ့က မိမိတို့နှင့်   လာရောက်ဆွေးနွေးနေသည့်အချိန်၌ SSPP အဖွဲ့မှ အလယ်အလတ်အရာရှိ အဆင့်ရှိသူ တစ်ဦးက နိုင်ငံခြားသတင်းဌာနများကို ဆက်သွယ် ၍ ၎င်း၏အင်တာဗျူးကိုထည့်ပေးရန်  ကမ်းလှမ်း ခဲ့ကြောင်း၊   ၎င်း၏အင်တာဗျူးသည်   ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ သွားရောက်နေသည့်အဖွဲ့သည် SSPP ကို ကိုယ်စားမပြုကြောင်းနှင့် ၎င်းအနေဖြင့် သဘော မတူကြောင်းကိုပြောမည်ဖြစ်ကြောင်း၊      Ethic စောင့်စည်းသော   သတင်းဌာနများအနေဖြင့်  ၎င်း တစ်ဦးတည်း၏   ထင်မြင်ချက်ဖြစ်သောကြောင့် ထည့်မပေးကြကြောင်း၊ ဝေဝေဆာဆာ   ထည့်သွင်း ဖော်ပြနေသည့် သတင်းဌာနများလည်းရှိကြောင်း။

 


ထို့ကြောင့်    တချို့သော  မီဒီယာများတွင် မြင်တွေ့နေရသည့်   သတင်းများအနက် တချို့သည် ၎င်းတစ်ယောက်တည်း၏ ထင်မြင်ချက်ဖြစ်ကြောင်း၊ တချို့ကလည်း အဖွဲ့အစည်းကို ကိုယ်စားပြုသည်ဟု ဆိုကြကြောင်း၊ သို့သော် အဖွဲ့အစည်းကိုကိုယ်စားပြု သည်ဟုဆို သည်မှာလည်း လက်ခံရန်ခက်ခဲကြောင်း၊ မည်သို့ပင်ဖြစ်စေကာမူ   မိမိတို့အနေဖြင့်   လက် နှစ်ဖက်ဖြင့်   ငြိမ်းချမ်းရေးအတွက်  တံခါးဖွင့်ထား ကြောင်း၊ မီဒီယာများ၏ ဖော်ပြချက်များနှင့် ပြောဆို သည်များအတိုင်း လိုက်၍လုပ်ဆောင်ကြမည်ဆိုပါ က မြန်မာနိုင်ငံ၌ မည်သည့်အချိန်တွင်မျှ ငြိမ်းချမ်း ရေးမရနိုင်ကြောင်း၊  ယခုအချိန်ထိ    “ငြိမ်းချမ်းစွာ နေထိုင်လိုသည့်  ဦးနုကို   ကြံတောပို့ခြင်းသည်သာကောင်းသည်ဟုဆိုပြီး ငြိမ်းချမ်းစွာ နေထိုင်လိုသည့် ဆိုရှယ်လစ်အရိုးများ ဗားကရာချောက်ထဲတွင် ပြည့် သွားမည်” ဟုဆိုသော စကားလုံးများကို အထအန ကောက်နေမည်ဆိုလျှင် မြန်မာ့ငြိမ်းချမ်းရေးသည် တစ်သက်လုံးမဖြစ်နိုင်ကြောင်း၊     မိမိတို့အနေဖြင့် ယင်းစကားလုံးများအပေါ်တွင်     နာကျင်နေမည့် အစား လက်တွေ့ဆန်းစစ်၍ လုပ်ဆောင်ခြင်းသည် သာ ကောင်းသည်ဟု   ပြောလိုကြောင်း    ပြန်လည် ဖြေကြားသည်။
Voice of Myanmar သတင်းထောက် ဦးမောင် မောင်ထွန်းက   ဈေးကွက်စီးပွားရေးစနစ်ကို အကြောင်းပြ၍ ကုန်သည်များသည်    ဈေးတင်၍ ရောင်းချနေကြကြောင်း၊ အခြေခံစားသောက်ကုန် များ ဈေးနှုန်းမြင့်တက်ခြင်း၊      စားအုန်းဆီများ ဈေးနှုန်းမြင့်တက်ခြင်း၊     ဆေးဝါးများ    ဈေးနှုန်း မြင့်တက်ခြင်းတို့အပေါ် မည်ကဲ့သို့စီစဉ် ဆောင်ရွက် ပေးမည်ကို သိလိုကြောင်း၊ အခြားတစ်ခုမှာ ဂျပန် နိုင်ငံသား    Toru Kubota ကို    ယခင်အပတ်က ဆန္ဒပြသည့်နေရာ၌    ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၅၀၅(က)၊ Visa စည်းကမ်းဖောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုထားသည်ဟု     သိရကြောင်း၊ ၎င်းကို ပြန်လွှတ်မည်ဟုဆိုသည့်    သတင်းများလည်း ကြားနေရကြောင်း၊ ၎င်း၏အခြေအနေကို သိလိုပါ ကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက အခြေခံစားသောက် ကုန်ဈေးနှုန်းနှင့်   ပတ်သက်၍ ပြောရမည်ဆိုပါက မိမိတို့အနေဖြင့်  စားအုန်းဆီနှင့်   ပတ်သက်၍ လည်းကောင်း၊    စက်သုံးဆီနှင့်   ပတ်သက်၍ လည်းကောင်း ဈေးနှုန်းများ မြင့်တက်နေသည်ကို သိရကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်    ဖြစ်သော ကြောင့်  ပြောဆို၍မလွယ်ကြောင်း၊ သို့သော် အလွန် အကျွံဖြစ်လာလျှင် ထိန်းရမည်ဖြစ်ကြောင်း၊ တချို့ သော အခြေခံစားသောက်ကုန်များကို  မိမိတို့နိုင်ငံ တွင် ထုတ်လုပ်ကြကြောင်း၊ ပြည်ပတင်ပို့သည်မှာ လည်း အကန့်အသတ်ဖြင့်သာ   တင်ပို့ခိုင်းခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်   တတ်နိုင် သည့်ကဏ္ဍများကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊  ထိုသို့ဆောင်ရွက်ရာ၌  အလွန်အကျွံ ပြုလုပ်ပါက ကုန်သွယ်မှုနှင့် ဈေးကွက် စီးပွားရေး စနစ်အပေါ် ထိခိုက်မည်ကိုစိုးရိမ်ကြောင်း၊ မိမိတို့ အနေဖြင့် ထုတ်ကုန်များ မြှင့်တင်ရေးကို ဆောင်ရွက် လျက်ရှိသည်ဟု ပြောလိုကြောင်း။

 


ဂျပန်နိုင်ငံသားနှင့်  ပတ်သက်၍ပြောရလျှင် ၎င်းသည်   မြန်မာနိုင်ငံသို့    ခရီးသွား Visa ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊   သတင်းထောက် Visa ဖြင့် လာရောက်ခြင်းမဟုတ်ကြောင်း၊ ၎င်း အနေဖြင့် ၂၀၂၂ ခုနှစ်  ဇူလိုင် ၁ ရက်မှစ၍ မြန်မာ နိုင်ငံသို့ရောက်ရှိခဲ့ပြီး ရန်ကုန်တွင် ဆန္ဒပြသူများနှင့် တောက်လျှောက်ချိတ်ဆက်၍  ဆန္ဒပြသည့်အထဲ၌ ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊  ၎င်း၏ကိစ္စနှင့် ပတ်သက်၍     ဂျပန်အောက်လွှတ်တော်အမတ် လာချိန်၌လည်း မိမိတို့ဘက်က ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြောင်း၊  မိမိတို့အနေဖြင့် ၎င်းကို     တရား စွဲတင်ထားကြောင်း၊ ယမန်နေ့ကဆိုလျှင်    ဂျပန် မီဒီယာများက မိမိထံသို့ ဖုန်းများ    ဆက်တိုက် ဆက်သွယ်ကြကြောင်း၊ ဂျပန်နိုင်ငံသားများက ဖိအားပေးနေသောကြောင့်ဖြစ်မည်ဟု   ထင်မြင်မိ ကြောင်း၊ သတင်းအမှားများကို   တောက်လျှောက် ထုတ်လွှင့်နေကြကြောင်း၊  ပျံ့နှံ့နေသည့် ကောလာ ဟလများတွင်  ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ဂျပန် အောက်လွှတ်တော်အမတ်ကို ကတိ ပေးခဲ့သော ကြောင့် ၎င်းကို  အမြန်ဆုံးစစ်ဆေးမည်ဖြစ်ကြောင်း၊ ၎င်းကို    လေယာဉ်ဖြင့်       ပြန်ပို့မည်ဟုဆိုသည့် ကောလာဟလများကြောင့်      ဂျပန်မီဒီယာများ အနေဖြင့်  လေယာဉ်ကွင်းပဲ   ပြေးရမလိုလို၊ ဟိုကို ပဲပြေးရမလိုလို ဖြစ်နေကြကြောင်း။

 


 မိမိတို့အနေဖြင့် ၎င်းကို အမှု ၃ မှု ဖြင့်    တရား စွဲဆိုရန်    စီစဉ်ထားကြောင်း၊    နံပါတ်တစ် Visa ဖောက်ဖျက်မှု၊ နံပါတ် နှစ်အမှုမှာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့်အတွက် ၅၀၅(က)၊ နံပါတ်သုံး အီလက် ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြစ်ပြီး တရားမစွဲရသေးကြောင်း၊   ယင်းအချက်များထဲမှ Visa ဖောက်ဖျက်မှုကို     ရုံးတင်တရားစွဲဆိုပြီး ဖြစ်ကြောင်း၊  နံပါတ်နှစ်အမှုကိုလည်း တရားစွဲဆိုရန် လုပ်ဆောင်နေကြောင်း၊ နံပါတ်သုံးအမှုကို  လေ့လာ ဆန်းစစ်နေပြီး လွှတ်ခြင်း၊ မလွှတ်ခြင်းသည်   ယင်း အမှုပြီးပြတ်မှသာ   ဖြစ်နိုင်ကြောင်း၊   နိုင်ငံတော် ဝန်ကြီးချုပ်က    အောက်လွှတ်တော်အမတ်ကို ပြောလိုက်သည့်      စကားမှာ        ၎င်းတစ်ဦး  တည်းနှင့်  ပတ်သက်၍ ခွင့်မလွှတ်နိုင်စရာမရှိကြောင်း၊ ဒုတိယ ကမ္ဘာစစ်အတွင်း၌ ဂျပန်များက မြန်မာတွေအပေါ် ကျူးလွန်သည့် ပြစ်မှုများကိုပင်  သင်ပုန်းချေထား ကြောင်း၊ သို့သော် ၎င်းအနေဖြင့် ဥပဒေအရ တရား စွဲဆိုစီရင်ခံရမည်ဖြစ်ကြောင်း၊   အဘယ်ကြောင့် ဆိုသော် ယခင်က ဂျပန်သတင်းထောက်တစ်ယောက် ဆန္ဒပြပွဲ၌ ပါဝင်ခြင်းမရှိဘဲ ဓာတ်ပုံရိုက်နေကြောင်း၊ သတင်းထောက် Visa ဖြင့်လည်း လာရောက်ခြင်း ဖြစ်ပြီး   သတင်းထောက်အစစ်လည်းဖြစ်သည့် အတွက်    မိမိတို့အနေဖြင့်     လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း။ 

 


ယခုမူ ၎င်းသည် မြန်မာနိုင်ငံသို့  Tourist Visa ဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊    ပကတိအမှန် ပြောရလျှင် လက်ရှိတရားစွဲဆိုခြင်းခံထားရသည့် ဂျပန်လူမျိုးသည် မြန်မာနိုင်ငံသို့ ယခင်ကလည်း ယခုကဲ့သို့ပင် ခိုးဝင်ခဲ့ကြောင်း၊ ခိုးဝင်ပြီး ရခိုင်ဘက် သို့ သွား၍ ဘင်္ဂါလီများအကြောင်းကို Sympathy Trip ဟုခေါင်းစဉ်တပ်   အကြောင်းပြဇာတ်လမ်းတို ရိုက်ပြီး မဟုတ်က ဟုတ်ကများကို ဂျပန်၌ ပြသခဲ့ ကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်ဖော်ထုတ်မှုမျှ မလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် တရားဥပဒေဖြင့် စီရင် ခံရမည်ဖြစ်ကြောင်း၊  လွှတ်ခြင်း/   မလွှတ်ခြင်းမှာ အထက်ကပြောခဲ့သကဲ့သို့ဖြစ်ကြောင်း၊ စကားကုန် ပြောခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်    အချုပ် အခြာအာဏာပိုင်နိုင်ငံဖြစ်ကြောင်း၊   အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုတွင်  ယခုကဲ့သို့  စည်းကမ်းမဲ့ လုပ်ရပ်မျိုးကို မည်သည့်နိုင်ငံမျှ လက်ခံမည်မဟုတ် ကြောင်း ပြန်လည်ဖြေကြားသည်။

 


Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက မိမိအနေဖြင့် ပထမဦးဆုံးမေးလိုသည့်မေးခွန်းမှာ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြစ်သည့် ပြည်သူ လူထုပူးပေါင်းပါဝင်သည့် ပြည်သူ့ကာကွယ်ရေးစနစ် ကို အကြမ်းဖက်အန္တရာယ် အမှန်တကယ်ကျရောက် နေသည့် စစ်ကိုင်းတိုင်းဒေသကြီးကဲ့သို့သော ဒေသ များတွင် အမျိုးသမီးများပါမကျန်  အားတက်သရော ပါဝင်ကြသည်ကို     တွေ့ရပါကြောင်း၊    ယင်းသည် အောင်မြင်နိုင်ချေရှိသော အခြေအနေတစ်ရပ်ဖြစ်ပြီး ဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း၊   တစ်ဖက်၌ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် လက်နက်မဲ့ ဖြစ်နေ သောကြောင့် အကြမ်းဖက်သမားများ၏    အဓိက ပစ်မှတ်များဖြစ်လာကြောင်း၊ ရန်ကုန်မြို့တွင်လည်း အုပ်ချုပ်ရေးမှူးများ အဓိကပစ်မှတ်ထားခံရကြောင်း၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ကဲ့သို့သော နေရာ ၌ပင် အုပ်ချုပ်ရေးမှူးအိမ် ဗုံးပစ်ခံရကြောင်း၊ ခေတ် အဆက်ဆက်ကို ပြန်ကြည့်လျှင်    အင်္ဂလိပ်အစိုးရ လက်ထက်၌ အခြေအနေအရ ရပ်ရွာလူကြီးများကို လက်နက်တပ်ဆင်ပေးထားကြောင်း၊ လွတ်လပ်ရေး ရပြီးခေတ်တွင်လည်း ရှိခဲ့ကြောင်း၊   ယနေ့ကာလ တွင် တည်ငြိမ်အေးချမ်းမှုမရှိဘဲ အုပ်ချုပ်ရေးမှူးများ ၌   ခုခံကာကွယ်ရန် လက်နက်မရှိကြောင်း၊ အုပ်ချုပ် ရေးမှူးအိမ်ကို သွားမည်ဆိုလျှင် နှစ်လုံးပြူးသေနတ် ဖြင့် လိုက်ခံရနိုင်သည်ကို PDF များအား အသိပေး နိုင်ရုံမျှဖြင့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရမှု ရာခိုင် နှုန်း အတော်များများ လျော့နည်းသွားနိုင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ အုပ်ချုပ် ရေးမှူးများကို လက်နက်ထုတ်ပေးလိုက်ပါဟူသည့် ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ရန်    ရှိ/မရှိကို သိလို ကြောင်း။

 


နောက်တစ်ချက်အနေဖြင့်   သာစည်မြို့နယ်  ဟန်ဇားတိုက်နယ်ဆေးရုံသည်  နီပိန်းများ၊ NLD အစွန်းရောက်များလှုံ့ဆော်၍ CDM    ပြုလုပ်သော ကြောင့် ရွာသူ/သားများက CDM ပြုလုပ် သူများကို ဆန္ဒပြခဲ့ကြောင်း၊ တပ်မတော်မှ    စေလွှတ်သည့် ဆရာဝန်များ/ သူနာပြုများ   လာရောက်ချိန်တွင် ဒေသခံများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြ သည့်နေရာဖြစ်ကြောင်း၊ ယခုအချိန်ထိ   ယင်းတိုက်နယ် ဆေးရုံတွင်   အစားထိုးခန့်အပ်ပေးခြင်းများ    မရှိ သေးကြောင်း၊ တပ်မတော်မှ    စေလွှတ်ထားသည့် ဆရာဝန်တစ်ယောက်၊ သူနာပြုနှစ်ယောက်သာရှိပြီး လိုအပ်ချက်များအား    ရပ်ရွာမှ တာဝန်ယူနေရ ကြောင်း၊ ဆရာဝန်/ ဆရာမ     တရားဝင်မရှိသည့် အတွက်    ဆေးဝါးခွဲတမ်း ပြည့်ဝစွာမရရှိသည့် အခြေအနေဖြစ်နေကြောင်း၊    ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ဆရာဝန်၊ သူနာပြုများ အမြန်ဆုံး ခန့်ထားစေလိုကြောင်း၊ ယခင်က ဆရာဝန်/သူနာပြု ဆယ်ယောက်ဖြင့်   ကုသမှုပေးခဲ့သည်ဟု   သိရ ကြောင်း၊ ထို့ကြောင့် ဆရာဝန်/   သူနာပြု စေလွှတ် ခန့်ထားမည့် အစီအစဉ် ရှိ/မရှိကို  သိလိုကြောင်း၊ နောက်ဆုံးတစ်ချက်အနေဖြင့် ယခုရက်ပိုင်းအတွင်း ဆင်ဖြူတော်   မွေးဖွားသည့်  အခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားကြောင်း၊ မြန်မာ ရာဇဝင်တွင်လည်း ဆင်ဖြူတော်ပေါ်ခဲ့သည့် အစဉ် အလာကောင်းများရှိခဲ့ကြောင်း၊ ယခု ဆင်ဖြူတော် လေးနှင့်ပတ်သက်၍ ဆင်ဖြူ တော်သမိုင်းကြောင်းကို အနည်းငယ်ရှင်းပြပြီး ဆင်ဖြူတော်ကို မည်သို့ ပြုစု စောင့်ရှောက်ထားသည်ကိုလည်း   ဖြေကြားပေးစေ လိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို  စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး မြောက်ဘက်ပိုင်းများတွင် အဓိက  ဦးစားပေး   အကောင်အထည်ဖော်လျက် ရှိကြောင်း၊  အုပ်ချုပ်ရေးမှူးများ    လုံခြုံရေးနှင့် ပတ်သက်ပြီး  တော်တော်များများ   တိုက်တွန်းထား ကြောင်း၊ အုပ်ချုပ်ရေးမှူးများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ များပြားသည်ကိုလည်း   တွေ့ရပါ ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်    ပြည်သူ ပါဝင်သော ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင် ရာတွင် ဥပဒေအရ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းခြင်း ဖြင့် ဆောင်ရွက်ရကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များ ၏ လိုအပ်ချက်များအား မြို့နယ်များကို အဆင့်ဆင့် တင်ပြပေးရန် ပြောလိုကြောင်း၊ လက်နက်ထုတ်ပေး ခွင့်ဆိုသည်ထက် ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ပြည်သူ့စစ်ဖွဲ့စည်းခွင့်များကို တိုင်းစစ်ဌာနချုပ်များ၌ ဆောင်ရွက်လျက်ရှိကြောင်း၊    နောက်ဆက်တွဲ လိုအပ်သည့်နေရာများတွင်       မိမိကိုယ်ကို ခုခံ ကာကွယ်ပိုင်ခွင့်ရှိသည့်       လက်နက်များကို ဆောင်ရွက်ပေးလျက်ရှိပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

 


သာစည်မြို့နယ်     ဟန်ဇားတိုက်နယ်ဆေးရုံ ပြန်ဖွင့်သည့်အချိန်တွင်  ကန့်ကွက်သူများရှိသကဲ့သို့ တပ်မတော်မှ ဆရာဝန်/ ဆရာမများ လာရောက်ချိန် တွင် ဝမ်းမြောက်စွာ ကြိုဆိုကြကြောင်း၊ တော်တော် ထူးခြားသည့်ဆေးရုံဖြစ်ကြောင်း၊  တချို့သောနေရာ များတွင်  ဆရာဝန်/ဆရာမ အခက်အခဲများရှိနေသော ကြောင့် တပ်မတော်မှ ဆရာဝန်/ ဆရာမများဖြင့် ကုသပေးနေကြောင်း၊ ဆေးဝါးကိစ္စများ  လိုအပ်ချက် များကို ယခုသတင်းစာရှင်းလင်းပွဲပြီးပါက ကျန်းမာ ရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူ ကိုယ်စားလှယ်အား အချက်အလက်များ အသေးစိတ်ပေးစေလိုကြောင်း၊ မိမိတို့အစိုးရ၊   ဝန်ကြီးဌာနအနေဖြင့်    ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

 


ဆင်ဖြူတော်နှင့်   ပတ်သက်လျှင်     သတင်း ထုတ်ပြန်မှုနှစ်ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း၊  ယခုပေါ်ထွန်း လာသည့်ဆင်ဖြူတော်မှာ ကြန်အင်လက္ခဏာ ၈ ချက်ရှိသည့်အနက် ၇ ချက်နှင့်    ကိုက်ညီမှုရှိသည် ဟူ၍လည်း    သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းကို ၂၀၂၂ ခုနှစ်  ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီ မိနစ် ၃၀ တွင်  ရခိုင်ပြည်နယ်  တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းအဖွဲ့၏      ဆင်ဝိုင်းတွင်ရှိသည့် ဆင်တစ်ကောင်မှ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း၊ ထို ဆင်ဖြူတော်နှင့် ပတ်သက်ပြီး ဩဂုတ် ၁၆ ရက် ကလည်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အရပ် အမြင့် ၂ ပေ ၅ လက်မ၊ အလေးချိန်ပေါင် ၁၉၀ ခန့် ရှိကြောင်း၊ ယခုအချိန်တွင် အလေးချိန်ပေါင် ၂၀၀ ခန့် ရှိမည်ဟု   ခန့်မှန်းရကြောင်း၊   ဆင်ဖြူတော်ကို ပိုင်ဆိုင်ခွင့်ရရှိသူအနေဖြင့်     ဘုန်းတန်ခိုးကြီးမား ခြင်း၊   ထင်ပေါ်ကျော်ဇောခြင်း၊    ရန်သူခပ်သိမ်းကို အလွယ်တကူအောင်မြင်ခြင်း၊ တိုင်းသူပြည်သားများ ချမ်းသာကြွယ်ဝ၍  ကောင်းကျိုးချမ်းသာမင်္ဂလာ အပေါင်းနှင့်ပြည့်စုံခြင်း၊  စားရေရိက္ခာပေါများခြင်း စသည့်အကျိုးကျေးဇူးများ ဖြစ်ထွန်းသည်ဟုလည်း မြန်မာနိုင်ငံ၏  သမိုင်းအစဉ်အဆက်တွင်    ယူဆ ထားကြောင်း၊    မြန်မာနိုင်ငံ၌    လက်ရှိအချိန်တွင် ရတနာဆင်ဖြူတော်ကိုးစီးအထိ ရှိကြောင်း၊ ၎င်းတို့ ကို နေပြည်တော်နှင့် ရန်ကုန်မြို့တွင်ရှိသည့် ရတနာ ဆင်ဖြူထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်များတွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ သတင်းစာ ရှင်းလင်းပွဲပြီးပါက ဆင်ဖြူတော်များနှင့်  ပတ်သက် သည့်  အချက်အလက်များ   ပေးလိုက်မည်ဖြစ် ကြောင်း၊ ယခုတွေ့ရှိသည့် ဆင်ဖြူတော်မှာ   ပို၍ ထူးခြားကြောင်း၊ ယခင်ပေါ်ထွက်ခဲ့သည့်   ဆင်ဖြူ တော်ကိုးစီးအနက်    ပထမဆုံး    ပေါ်ထွက်ခဲ့သည့် ဆင်ဖြူတော်တစ်စီးသာ ကြန်အင်လက္ခဏာ ၇ ချက် နှင့် ကိုက်ညီပြီး    ကျန်သည့် ၈ စီးမှာ ကြန်အင် လက္ခဏာ ၆ ချက်နှင့်သာ   ကိုက်ညီမှုရှိကြောင်း၊ ယခုပေါ်ထွက်ခဲ့သည့်ဆင်ဖြူတော်မှာ   ကြန်အင် လက္ခဏာ ၇ ချက်နှင့်   ကိုက်ညီမှုရှိသည်ကို   တွေ့ရ ကြောင်း၊ တိုင်းပြည်အတွက်၊ နိုင်ငံတော်အတွက် ဂုဏ်တစ်ခုဖြစ်သည်ဟု ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။

 


People Media မှ     သတင်းထောက်ချုပ် ဦးကျော်စိုးဦးက  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA နှင့် PDF များ၏ အကြမ်းဖက်လှုပ်ရှားမှုများ ကြောင့် အချို့သော ရဲကင်းစခန်းများကို ရုပ်သိမ်းခဲ့ရ ကြောင်း၊ ပညာရေးနှင့်     ပတ်သက်သည့် စာသင် ကျောင်းများလည်း ဖွင့်လှစ်နိုင်မှု  မရှိသေးကြောင်း၊ ထို့ပြင် ကျေးလက်ကျန်းမာရေး ဆေးခန်းများလည်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း၊    အဆိုပါ ကိစ္စများ မည်မျှဖြစ်ပျက်နေသည်ကို သိလိုကြောင်း၊ မူလအတိုင်းပြန်ဖြစ်ရန်အတွက်  နိုင်ငံတော်အနေ ဖြင့်   မည်မျှအထိ    ဆောင်ရွက်နိုင်မည်ကို သိလို ကြောင်း၊ ယခု လက်ရှိ   ၆ လတာကာလအတွင်း ပြီးစီးနိုင်ခြင်း ရှိ၊ မရှိ သိလိုကြောင်း၊      စစ်ကိုင်းတိုင်း ဒေသကြီးကို   ပထမဦးဆုံး မီးရှို့သူမှာ KIA     ဖြစ် ကြောင်း၊   တပ်မတော်ကလည်း  ယခုအချိန်အထိ သဘောထားကြီးနေဆဲဖြစ်ကြောင်း၊ နေ့စဉ် အရပ်သား ပြည်သူများသတ်ဖြတ်ခြင်း    ခံနေရကြောင်း၊ KIAနှင့် ပတ်သက်သည့်    နိုင်ငံတော်နှင့်    တပ်မတော်၏ သဘောထားကို သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကိုင်းတိုင်းဒေသ ကြီး၏ လုံခြုံရေးအခြေအနေနှင့်  ပတ်သက်၍ သတင်းထောက်ကြီးမေးမြန်းခဲ့သည့်   ရဲကင်းစခန်း များ၏ အခြေအနေကို    ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက  ပြန်လည်ဖြေကြားပေးမည် ဖြစ်ကြောင်း၊ KIA နှင့်ပတ်သက်သည့် ကိစ္စများကိုမူ မိမိကဆက်လက်၍ ဖြေကြားပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။

 


ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အချို့နေရာများ တွင် PDF အမည်ခံ   အကြမ်းဖက်သမားများက အင်အားနည်းပါးသည့်        ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း၊  ရဲစခန်းများနှင့် ရဲကင်းများ ရုပ်သိမ်းသည်ဆိုသည့်ကိစ္စမှာ မဟုတ် ကြောင်း၊   အလှမ်းဝေးသည့်နေရာများတွင်  ရှိပြီး အင်အားနည်းပါးသည့် ရဲကင်းစခန်းငယ်များကိုမူ ခေတ္တရုပ်သိမ်းထားကြောင်း၊ ကျန်သည့်စခန်းများ ကိုမူ    ရုပ်သိမ်းထားခြင်းမရှိကြောင်း   ဖြည့်စွက် ဖြေကြားသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း   အသတ်ခံခဲ့ရသူများ၏   စာရင်းကို သီးခြားပေးလိုက်မည်ဖြစ်ကြောင်း၊    စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဖမ်းဆီးရမိခဲ့သည့်    လက်နက် များနှင့် ဖမ်းဆီးရမိသူများကို စစ်ဆေးချက်များအရ KIA က လက်နက်များထောက်ပံ့၍ လုပ်ဆောင်ခြင်း ဖြစ်သည်ကို တွေ့ရကြောင်း၊ ၎င်းတို့  ကချင်ပြည်နယ် အထဲတွင်သာမက    စစ်ကိုင်းတိုင်းဒေသကြီးအထိ စစ်မျက်နှာတိုးချဲ့နိုင်ရန်အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ တပ်မတော်၏ KIA အပေါ်ထားရှိသည့် သဘောထားမှာ ၂၀၂၂ ခုနှစ်အထိ   ငြိမ်းချမ်းရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး    လုပ်ဆောင်မည်ဟု ပြောထားပြီးဖြစ်ကြောင်း၊     ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အဖွဲ့အားလုံးအပေါ်တွင်  ထားရှိသည့် သဘောထားဖြစ်ကြောင်း၊ သို့သော် အကြမ်းဖက် အဖွဲ့များကိုကူညီနေသည့် KIA အပေါ် တပ်မတော်က ထားရှိသည့်သဘောထားမှာ “သူပုန်ကို သူပုန်လို့ပဲ သဘောထားသည်” ဟုသာ    ပြောလိုကြောင်း ဆက်လက်ဖြေကြားသည်။

 


တဲ့ပြောသတင်းဌာနမှ       အယ်ဒီတာချုပ် ဇော်မင်းဦးက    ၂၀၁၀ ပြည့်နှစ်   ရွေးကောက်ပွဲ အပြီး  သမ္မတဦးသိန်းစိန်လက်ထက်တွင်  ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီ ဒေါ်အောင် ဆန်းစုကြည် အနိုင်ရလာပြီး  တက်လာကြောင်း၊ လက်ပံတောင်းတောင် စာချုပ်နှင့်   ပတ်သက်၍ ၎င်းကိုယ်တိုင်လည်း တောင်းခဲ့ဖူးကြောင်း၊    ယခု ပြည်သူများ၏ကိုယ်စား    မိမိတို့သတင်းဌာနများမှ ပြန်တောင်းရမည့်  အနေအထားရှိကြောင်း၊ NLD အစိုးရအုပ်ချုပ်သည့်အချိန်တွင် နိုင်ငံ ၇ နိုင်ငံခန့်မှ ငွေများချေးငှားထားသည်ဟု    ပြောပါကြောင်း၊ မြန်မာစကားပုံအတိုင်း ကြွေးတင်လျှင် ရှင်ဘုရင် ဆပ်ဆိုသည့်အတိုင်း ရှင်ဘုရင်ဆိုသည်မှာ ရာသက် ပန် အသက်ရှင်သွားမည်မဟုတ်ကြောင်း၊ ထို့ကြောင့် မိမိတို့က     အသက်ကြီးသွားသည့်အချိန်တွင် နောင်လာနောက်သား    သားစဉ်မြေးဆက်များက ယင်းအကြွေးကို ဆပ်ရမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် အထောက်အထားများကို  သိရှိရန်လိုအပ် ကြောင်း၊ NLD အစိုးရလက်ထက်တွင် နိုင်ငံခြားမှ ချေးငှားထားသည့် ငွေကြေးများနှင့်  ပတ်သက်၍ မည်သို့သော   ကတိကဝတ်များရှိပြီး    မည်သည့် အချိန်တွင်   ပြန်ဆပ်ရမည်    မည်မျှရှိသည်ကို သတင်းစာမှ တိတိကျကျထုတ်ပြန်ပေးရန် ရှိ၊ မရှိနှင့် ထုတ်ပြန်ပေးစေလိုကြောင်း။

 


နိုင်ငံခြားသားပညာရှင်အယောက် ၁၀၀ ကျော် ငှားရမ်းထားသည်ဟု        ၎င်းတို့ပြောကြောင်း၊ မည်သည့်ငွေများဖြင့် ငှားရမ်းသည်ကိုသိလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ဒေါ်လာအခက်အခဲဖြစ်လာပြီး ဆီဈေးများလည်း   တက်နေကြောင်း၊   ဆီဈေးများ တက်နေခြင်းကြောင့် ဆီရောင်းဝယ်ဖြန့်ဖြူးရေး ကော်မတီကိုလည်း   ဖွဲ့စည်းလိုက်သည်ဟု    သိရ ကြောင်း၊ ယနေ့ပေါက်နေသည့် ဆီပေါက်ဈေးထက် တစ်ထောင်ခန့်လျော့နည်းသော     နှုန်းထားဖြင့် ရောင်းပေးနိုင်ရန်အတွက်         ကုမ္ပဏီတချို့က ကမ်းလှမ်းသည်ဟု မိမိတို့သတင်းဌာနများအနေဖြင့် သတင်းရထားကြောင်း၊ မြန်မာငွေဖြင့် ရုရှားကို ရှင်းမည်ဖြစ်ကြောင်း၊ ဆီရောင်းဝယ်သည့် ကိုယ်စား လှယ်များကိုလည်း မြန်မာငွေဖြင့်သာ ယူမည်ဖြစ်ပြီး ကျန်သည်များကို ၎င်းတို့က ကုန်ကျခံမည်ဟု မိမိတို့ ကြားသိထား‌ကြောင်း၊ ယင်းကိစ္စနှင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးတကယ်ရှိလျှင်   လက်ရှိအစိုးရအနေဖြင့် အမြန်ဆုံး ခွင့်ပြုပေးစေလိုကြောင်း၊ မိမိအနေဖြင့် တောင်းဆိုပါကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက   ယင်း      NLD လက်ထက်တွင် ဝန်ကြီးဌာနအလိုက် ပြည်ပချေးငွေ စာချုပ်ချုပ်ဆိုခဲ့သည်မှာ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၁ ခုနှစ် တစ်လပိုင်းအကုန်အထိ ချေးငွေစာချုပ် ၆၉ ယူနစ် ချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဘီလီယံ၊ ၉၀၁၉ ဒသမ ၅၃၁ သန်းဖြစ်ကြောင်း၊ အတိုးနှုန်းများမှာ ချေးငွေစာချုပ်အလိုက် အတိုးနှုန်း ကွာခြားချက်ရှိကြောင်း၊   အနည်းဆုံး   အတိုးမဲ့မှ အများဆုံး ၂ ရာခိုင်နှုန်းအထိဖြစ်ကြောင်း၊ ဆိုင်းငံ့ ကာလမှာ သုံးနှစ်နှင့် သုံးလမှ ၁၅ နှစ်အထိရှိကြောင်း၊ ဆိုင်းငံ့ကာလက ကျော်လွန်မှ ကျော်လွန်ပေးဆပ် ရ မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြောခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း  ပြောခဲ့ကြောင်း၊ တစ်နှစ်တွင် ဒေါ်လာသန်း ၇၀၀ နီးပါး အကြွေး ဆပ်နေရကြောင်း၊ ၎င်းတစ်ယောက်တည်းကို အပြစ် ပြောခြင်းမဟုတ်ကြောင်း၊          ၎င်းရှေ့မှလည်း ပါကြောင်း၊ နိုင်ငံတော်  ကြွေးမြီများနှင့်  စပ်လျဉ်း၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အစိုးရ၏    ကြွေးမြီ ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာများ၊ ပြည်ထောင်စု လွှတ်တော်၏ သတ္တမပုံမှန်အစည်းအဝေးနှင့် စတုတ္ထ ပုံမှန်အစည်းအဝေးများ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ များ၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ဒသမ ပုံမှန်အစည်းအဝေး၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင် ဘာလအထိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကြွေးမြီ ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ      ဒုတိယအကြိမ် တွင် လေ့လာတွေ့ရှိနိုင်ကြောင်း၊      ယင်းကိစ္စများနှင့် ပတ်သက်၍ မိမိတို့တွင်ရှိသည့် အထောက်အထား များကို မီဒီယာများအား ပြောမည်ဖြစ်ကြောင်း။

 


အနီးစပ်ဆုံးအထောက်အထားမှာ   နိုင်ငံတော် ဝန်ကြီးချုပ်ပြောသည့်   မိန့်ခွန်းများတွင်    ပါပြီး ဖြစ်ကြောင်း၊ တချို့မှာ အသေးစိတ်ပါပြီးဖြစ်ကြောင်း၊ သမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် မည်မျှရှိခဲ့ပြီး NLD အစိုးရလက်ထက်တွင် မည်မျှအထိတက်သွား ကြောင်း၊ NLD အစိုးရလက်ထက်တွင် ပြည်တွင်း/ပြည်ပက  မည်မျှရှိသည်ဟု   အသေးစိတ်ပါပြီး ဖြစ်ကြောင်း၊ နိုင်ငံခြားသားပညာရှင်များ၏ အကြံ ပေးဝန်ဆောင်မှုရယူရာတွင် နှစ်ခုလုံးဖြစ်ကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်နှင့် ပြည်ပချေးငွေ အကူအညီ ရငွေတို့မှ ကျခံသုံးစွဲခဲ့ရကြောင်း၊ ချေးငွေပေးအပ် သည့် အဖွဲ့အစည်းများနှင့်ချုပ်ဆိုသည့် ချေးငွေ ဆိုင်ရာစည်းမျဉ်းမှ ဆောင်ရွက်သည်များလည်း ရှိကြောင်း၊     နိုင်ငံခြားပညာရှင်များ၏ အကြံပေးမှု ဝန်ဆောင်မှုဆိုင်ရာ   အသုံးစရိတ်များကို   ချေးငွေ စာချုပ်ပါသတ်မှတ်ချက်များနှင့်အညီ    လုပ်ခဲ့ခြင်းရှိ ကြောင်း၊ ငှားရမ်းသုံးစွဲမှုရရှိသည့် အကျိုးရလဒ်က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရာတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက    စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုအပေါ် မူတည်ကြောင်း၊  တချို့အကြံပေးအမည်ခံ များကိုပေးရခြင်းမရှိကြောင်း၊  ပိုက်ဆံပေးရသည် ထက် ပိုမိုတန်ဖိုးကြီးသည့်အရာများ ပေးရကြောင်း၊ ငွေရေးကြေးရေးအရ ပေးရခြင်းမဟုတ်ကြောင်း၊ သို့သော် နိုင်ငံတော်၏ လျှို့ဝှက်ချက်၊ နိုင်ငံတော်၏ စီမံကိန်းတချို့သည် အရေးကြီးပြီး ပိုက်ဆံက အရေး မကြီးကြောင်း၊ ပိုက်ဆံထက် ပိုတန်ဖိုးကြီးသည့်အရာ များက ပို၍အရေးကြီးသည်ဟု   ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

 


Trend Journal မှ အယ်ဒီတာချုပ် ဦးဝဏ္ဏက တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ် ကွယ်လွန် သွားသည့် မြန်မာသံအမတ်နေရာတွင် အစားထိုး ခန့်အပ်မည့်အစီအစဉ်ကို သိလိုကြောင်း၊    ရုရှားမှ စက်သုံးဆီများ ဝယ်ယူမည့်သတင်း၊ ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အစည်းအဝေး တွင် ဝန်ကြီးချုပ်    ပြောသွားခြင်းလည်းရှိကြောင်း၊ အွန်လိုင်းမီဒီယာများတွင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးပါသည့် ရုရှားမှ ဆီဝယ်ယူရေးကော်မတီအဖွဲ့ကို   ဖွဲ့စည်းလိုက်သည် ဟု   သတင်းထုတ်ပြန်ထားသည့်     သတင်းများ  တက်နေကြောင်း၊    ဆီကိစ္စနှင့်     ပတ်သက်ပြီး   ယမန်နေ့က ၇/၂၀၂၂ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင်  နိုင်ငံတော်ဝန်ကြီးချုပ် က   ဆီကိစ္စကို မပူရန် ဆီသင်္ဘောများလည်း လာနေပြီဟုပြောကြောင်း၊ ရုရှားဆီများ  တကယ် ရောက်လာပြီဆိုပါက   ဆီလိုအပ်ချက်ရှိနေသည့် မြန်မာပြည်သူများအတွက် ဝမ်းသာစရာဖြစ်ကြောင်း၊ ယင်းကိစ္စကို အသေးစိတ်    ရှင်းလင်းပေးစေလို ကြောင်း  မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက  တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်သည့်  မြန်မာနိုင်ငံမှ သံအမတ် ကြီးသည် ကူမင်းမြို့ကို  အစည်းအဝေးသွားရောက် စဉ်    ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊    ၎င်းနှင့် ပတ်သက်၍ မိမိတို့  နိုင်ငံတော်အစိုးရအနေဖြင့် မိသားစုနှင့်အတူ     ထပ်တူထပ်မျှ   ဝမ်းနည်းရပါ ကြောင်း၊ သံအမတ်   အမြန်ဆုံးခန့်အပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီ ခန့်အပ်နိုင် မည်ဟု  မျှော်လင့်ပါကြောင်း၊ ရုရှားနိုင်ငံမှ ဆီဝယ်ယူ ပြီး ဖြန့်ဖြူးရောင်းချနိုင်ရေးကိစ္စမတိုင်မီ ရုရှားနိုင်ငံ ခရီးစဉ်ကို   နိုင်ငံတော်ဝန်ကြီးချုပ်   သွားခဲ့သည်ကို မှတ်မိမည်ဖြစ်ကြောင်း၊     ဒုတိယဗိုလ်ချုပ်ကြီး ညိုစော    လိုက်ပါသွားသည်ကို   တွေ့ရမည်   ဖြစ် ကြောင်း၊ ထိုအချိန်ကတည်းက ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး   ယခင်ကတည်းက   ဆွေးနွေးမှုများရှိခဲ့ ကြောင်း၊ ထိုခရီးစဉ်တွင် အပြီးသတ်သဘောတူညီ ချက်ရယူ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုလောလော ဆယ်တွင်    စင်ကာပူနိုင်ငံမှ   ဆီဝယ်ယူလျက်ရှိ ကြောင်း၊ စင်ကာပူနိုင်ငံသည် ရေနံထွက်သည့် နိုင်ငံမဟုတ်ကြောင်း၊ စင်ကာပူနိုင်ငံသည် တခြား နိုင်ငံများမှ ရေနံနှင့် ရေနံချက် ပစ္စည်းများသွင်းပြီးမှ ရေနံချက်သည့်     လုပ်ငန်းများလည်းရှိကြောင်း၊ ထို့အပြင် တစ်ဆင့်ခံ    ရောင်းချနေခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည်     ရေနံမူရင်း   ထွက်သည့်နိုင်ငံ ဖြစ်ကြောင်း၊ မူရင်းထွက်သည့်နိုင်ငံ   ဖြစ်သော ကြောင့် မိမိတို့အနေဖြင့် လုပ်ဆောင်သည့်နေရာမှာ နှစ်ချက်ရှိကြောင်း၊   နံပါတ်(၁)   ဈေးနှုန်းသက်သာ ရမည်၊ နံပါတ်(၂) အရည်အသွေးပြည့်မီပြီး လျင်လျင် မြန်မြန်ရနိုင်ရမည်ဖြစ်ကြောင်း၊     ယင်းနှစ်ချက် အပေါ်မူတည်ပြီး   ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုရှားနှင့် မြန်မာသည် ဆက်သွယ်ဆက်ဆံမှု မြင့်မား နေသည့်အချိန်ဖြစ်ကြောင်း၊    နောင်တွင်လည်း ဆက်သွယ်ဆက်ဆံမှု   ပိုမိုမြင့်မားလာမည်ဖြစ်သော ကြောင့် စက်သုံးဆီနှင့်ပတ်သက်ပြီး    အာမခံချက် တစ်ခုရရှိပြီးဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် မိမိတို့ လိုသမျှ ရရှိနိုင်မည်ဖြစ်၍       ဈေးနှုန်းအနေဖြင့် ထိန်းနိုင်မည်ဟုပြောနိုင်ကြောင်း၊ မိမိတို့ လက်ရှိ လုပ်နေသည့် ပြည်ပမူရင်းနိုင်ငံများမှ ဝယ်နိုင်သည့် အခွင့်အရေးကို မိမိတို့ရရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပိုမိုပြီး အဆင်ပြေချောမွေလာမည်ဖြစ်ကြောင်းကို သတင်းကောင်းပါးလိုကြောင်း၊ ထို့အပြင်လက်ရှိ မြန်မာနိုင်ငံအတွင်းတွင်    မိမိတို့လုပ်နေသည်မှာ နံပါတ်(၁) ရုရှား နိုင်ငံနှင့်ပူးပေါင်းပြီး ရေနံတူးဖော် ရေးလုပ်ငန်းများ၊      ရေနံရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  ရုရှား နိုင်ငံသာမက တရုတ်နိုင်ငံ အပါအဝင် တခြားနိုင်ငံ များဖြင့်လည်း  ပူးပေါင်းပြီး   လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ယခုလောလောဆယ်တွင် အနီးစပ်ဆုံး လုပ်ဆောင်နေခြင်းသည်     စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ကုန်းတွင်းပိုင်း ရေနံလုပ်ကွက်များတွင် ရေနံအထွက်နှုန်း၊   သဘာဝဓာတ်ငွေ့အထွက်နှုန်း တိုးတက်အောင် ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါ ခေါ်ပြီးဖြစ်ကြောင်း၊ မကြာမီတွင်    လုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း၊       ၎င်းတို့အနေဖြင့် လုပ်ဆောင်သွားမည့် အကြမ်းဖျင်းအစီအစဉ်များ သည် ယင်းတို့ကို တူးဖော်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ထို့နောက် အထွက်တိုးလာလျှင်    ထွက်ရှိလာသည့် အပေါ်တွင် ကုမ္ပဏီနှင့် မြန်မာ့ရေနံတို့က ခံစားမည် ဖြစ်ကြောင်း၊ ယင်းတို့သည် ပြည်သူလူထု လက်ထဲ သို့ ရောက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ရေနံထွက်နှုန်း အသင့်အတင့်ရှိသည့်  တွင်းတိမ်ရေနံတူးဖော်ရေးလုပ်ငန်းများကိုလည်း       စနစ်တကျလုပ်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်က    မှာကြားပြီး ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွင်        တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများအပါအဝင် အစိုးရဝန်ကြီးဌာနများအားလုံးပါဝင်ပြီး အစည်း အဝေးတွင် ယင်းကိစ္စများနှင့်ပတ်သက်၍ မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း။

 


ထို့အပြင် ကျန်သည့်     ရေနံစွမ်းအင်လုပ်ငန်း အတွက်လည်း စွမ်းအင်နှင့်ပတ်သက်ပြီး တိုးတက် ရေးအတွက်လည်း   ဦးစီးကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် ပြောလို သည်မှာ နိုင်ငံတော်အစိုးရအနေဖြင့်   စီးပွားရေးနှင့် ပတ်သက်ပြီး Sector တိုင်း     Sector တိုင်းတွင် တိုးတက်မှုရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ခုဝန်ခံလိုသည်မှာ    အနှောင့်အယှက် အဖျက် အဆီးများရှိနေကြောင်း၊ ဥပမာ MOGE ၏ လုပ်ငန်း များ   တွင်ကျယ်လာပြီး    စွမ်းအင်ဝန်ကြီးဌာန တွင်ကျယ်လာသည်နှင့်အမျှ ဆန့်ကျင်ဘက် အဖွဲ့ အစည်းများက အမျိုးမျိုးပြောဆိုနေကြခြင်းကို မီဒီယာကြီးများအနေဖြင့် ကြားသိမည်ဖြစ်ကြောင်း၊ ယင်းကို Sanction လုပ်ရန် အော်နေသည့် အသံမျိုး များ   ကြားရမည်ဖြစ်ကြောင်း၊    တစ်ဖက်တွင် စားသောက်ကုန်များ အလုပ်ဖြစ်လာလျှင်လည်း အမျိုးမျိုးပြောကြမည်ဖြစ်ကြောင်း၊   ယင်းအဖျက် အဆီးများကို ကြုံတွေ့နေရမည်ဖြစ်ကြောင်း၊ ယင်း ကိစ္စများကို   ယခင်အချိန်ကတည်းက    ကြံ့ကြံ့ခံပြီး ကျော်လွှားခဲ့ကြောင်း၊   ယခုအချိန်အခါတွင်လည်း မိမိတို့ ကျော်လွှားနိုင်မည်ဟု   ယုံကြည်ပါကြောင်း ပြန်လည်ဖြေကြားသည်။ ‌(ဆက်လက်ဖော်ပြပါမည်)၊