ဂီတစာဆိုမောင်ကြေးမုံအမှတ်တရ တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   ဩဂုတ်  ၁၇


ပြည်သူများ   အပန်းပြေစေရန်၊   ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန်အတွက် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  Friday Night Live Show တင်ဆက်မှုအဖြစ် ဂီတစာဆိုမောင်ကြေးမုံ အမှတ်တရ   တေးဂီတဖျော်ဖြေပွဲ  (ပွဲစဉ် - ၁)ကို ဩဂုတ် ၁၉ ရက်(သောကြာနေ့) ည ၈ နာရီ ပြည်တွင်း သတင်းအပြီးတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏     MRTV-HD  Channel  မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။ 

 


ယင်းအစီအစဉ်တွင် The Friends တေးဂီတအဖွဲ့ ၏ တီးခတ်မှုနှင့်အတူ  နေအောင်၊ လွမ်းပို၊ လွှမ်းမိုး အောင်၊ ရွှေဖြူ၊   မြတ်နိုးစံ၊  မို့မို့ကျော်လွင်၊ ရတီ လင်းလက်၊ ရွှေပန်းချီနှင့်   ယွန်းနဒီပိုင်တို့က  သီဆို ဖျော်ဖြေကြမည်ဖြစ်သည်။

 


ထိုသို့တင်ဆက်မှုကို ဩဂုတ် ၂၁ ရက်၊ (တနင်္ဂနွေ နေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံ  ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်