ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဩဂုတ်   ၁၇


နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးဝဏ္ဏမောင်လွင်သည်  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို လက်တွေ့ကျကျ အပြုသဘောသုံးသပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးထားပြောကြားပြီး မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်း ပြောကြားသည်။ 

 


တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။                                

သတင်းစဉ်