မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ရေဘေးသင့်ပြည်သူများအား ဆေးဝါးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

 

နေပြည်တော်  ဩဂုတ်  ၁၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)    ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်အတွင်း သြဂုတ် ၁၂ ရက် ညပိုင်းမှ စ၍  မိုးသည်းထန်စွာရွာသွန်းပြီး  ချောင်းရေများ မြင့်တက်မှုကြောင့်   ကျိုင်းတုံမြို့ပေါ်ရှိ  အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်နှင့်  တာချီလိတ်မြို့ရှိ ပုန်းထော်၊ တာလော့၊ မကာအိုခမ်း၊ ဆန်ဆိုင်း(က)နှင့် ဆန်ဆိုင်း(ခ)၊ မယ်ခေါင်ရပ်ကွက်များ၊ ဆီလီငေါ့ ကျေးရွာနှင့် လမ်းများပေါ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

 


အဆိုပါ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နေရာ များအား  ယနေ့နံနက်ပိုင်းက နယ်မြေခံတပ်မတော် သားများ၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊   မီးသတ် တပ်ဖွဲ့ဝင်များ၊    လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်း၍ ရေဘေး သင့်ပြည်သူများအား  ရေဘေးလွတ်ရာသို့    ကူညီ ရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

 


ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်  မျိုးမင်းထွန်း နှင့်   တာချီလိတ်တပ်နယ်မှ   တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး    ရေဘေးသင့် ပြည်သူများအား ဆေးဝါးများနှင့် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်