နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်သည် နိုင်ငံသားများ၏ ပညာရေးနှင့်ကျန်းမာရေးအဆင့်အတန်းပေါ်တွင် မူတည်

 

ဘားအံ    ဩဂုတ်    ၁၃


၂၀၂၂-၂၀၂၃ ခုနှစ် ကရင်ပြည်နယ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု၊ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တ ပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၁၃ ရက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပ သည်။

 


အခမ်းအနားတွင်    ကရင် ပြည်နယ်ဝန်ကြီးချုပ်   ဦးစော မြင့်ဦးက နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုအနာဂတ်သည် နိုင်ငံ သားများ၏ ပညာရေးနှင့် ကျန်းမာ ရေး       အဆင့်အတန်းပေါ်တွင် မူတည်သည့်အတွက်    နိုင်ငံ၏ အနာဂတ်     လူ့စွမ်းအားအရင်း အမြစ်များဖြစ်သည့် ကျောင်းနေ အရွယ်ကလေးများ ကျန်းမာရေး သည်        အလွန်အရေးကြီးပါ ကြောင်း၊ ကျောင်းသားလူငယ်များ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာ သန်စွမ်းမှသာ  အနာဂတ် နိုင်ငံ တော်ကို   ဦးဆောင်နိုင်မည်ဖြစ် ကြောင်း၊   ဩဂုတ်လ၏  ပထမ ရက်သတ္တပတ်ကို      မိခင်နို့ချို တိုက်ကျွေးရေး  ရက်သတ္တပတ်၊ ဒုတိယ       ရက်သတ္တပတ်ကို ငါးနှစ်အောက်        ကလေးများ နှင့်    ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယ         ရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တ ပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့     ရောဂါများ ပပျောက်ရေး ရက်သတ္တပတ်အနေ ဖြင့်  သတ်မှတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှုအတွက် အခြေခံကျသည့် အာဟာရဖွံ့ဖြိုးမှု   လုပ်ငန်းများ တွင်   ပိုမိုအားဖြည့်ဆောင်ရွက် ကြရန်၊ ဆောင်ရွက်ရာတွင်လည်း အစိုးရဌာနများသာမက ပြည်သူ လူထုအပါအဝင် အဖွဲ့အစည်းများ ၏    အခန်းကဏ္ဍသည်    အလွန် အရေးပါသည့်အတွက်   လက်တွဲ ညီညီဖြင့်   ပူးပေါင်းဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 


ထို့နောက်   ကရင်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးဒေါ်နန့်ဆယ်လီလှိုင်က ကျောင်း ကျန်းမာရေး သီတင်းပတ်ဆိုင်ရာ လှုပ်ရှား     ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး     ပြည်နယ် ပြည်သူ့   ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး    ဒေါက်တာ ကျော်စွာမြင့်က ကျောင်းကျန်းမာ ရေး       သီတင်းပတ်လှုပ်ရှားမှု၊ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် များ လှုပ်ရှားများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ      ကျောင်း ကျန်းမာရေး သီတင်းပတ် အထိမ်း အမှတ် Video Clip အား ဖွင့်လှစ် ပြသသည်။

 


ယင်းနောက်     ပြည်နယ် ဝန်ကြီးချုပ်(အပေါ်ဝဲပုံ)၊ ပြည်နယ် တရားလွှတ်တော်  တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ က ကျောင်းကျန်းမာရေး သီတင်း ပတ်  အထိမ်းအမှတ်  စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများတွင်     ဆုရ ကျောင်းသား  ကျောင်းသူ များအား ဂုဏ်ပြုဆုများ   ပေးအပ် ချီးမြှင့်ကြပြီး  အမှတ်(၄) အခြေခံ ပညာ   အထက်တန်းကျောင်းမှ ကျောင်းသူလေးများက     ကာယ အလှအကဖြင့် သရုပ်ပြဖျော်ဖြေ တင်ဆက်ကြသည်။

 


အခမ်းအနားအပြီးတွင် ကရင် ပြည်နယ်ဝန်ကြီးချုပ်နှင့်   အဖွဲ့ သည်      ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ပြခန်းများ၊ ကျောင်းသား    ကျောင်းသူများ ကျန်းမာရေးစစ်ဆေးခြင်း၊ သန်ချ ဆေးများ       တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်     မိခင်များနှင့် နှစ်နှစ်အောက် ကလေးငယ်များ အား မိခင်နှင့်ကလေးစောင့်ရှောက် မှု    သရုပ်ပြခြင်းများ၊   KG တန်း ကျောင်းသား ကျောင်းသူများအား အာဟာရ   တိုက်ကျွေးခြင်းတို့ကို လှည့်လည်ကြည့်ရှု   အားပေးခဲ့ ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)