ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများ ဆွမ်းဆန်တော်လှူဒါန်း

 

နေပြည်တော်   ဩဂုတ်   ၁၃


ပြည်ထဲရေးဝန်ကြီးဌာန၊  တပ်ဖွဲ့ဝင်/ ဝန်ထမ်းအရာထမ်း၊  အမှုထမ်း မိသားစုများက   မြို့နယ်အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင်  နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ သဒ္ဓမ္မဝေပုလ္လကျောင်းတိုက်သို့လည်းကောင်း၊  ကချင်ပြည်နယ်   မြစ်ကြီးနားမြို့နယ်ရှိ   မိုးကုတ်ဓမ္မရိပ်သာ ကျောင်းတိုက်သို့လည်းကောင်း၊     တနင်္သာရီတိုင်းဒေသကြီး     မြိတ် မြို့နယ်ရှိ ကောလိပ်ကုက္ကို ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ မွန် ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ စိတ္တသုခကျောင်းတိုက်သို့လည်းကောင်း (အပေါ်ယာပုံ)၊ ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်ရှိ ဓာတ်စွမ်းဟုန် ပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ဓာတုဝိဇ္ဇာ ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက်   ဆွမ်းဆန်တော်များကို   တာဝန်ရှိသူများက    သွား ရောက် ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။                  

(သတင်းစဉ်)