
နေပြည်တော် ဩဂုတ် ၁၃
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင် ရွက်နေချိန်တွင် ဒေသတွင်းစားနပ် ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက် အကူဖြစ်စေရန်အတွက် ယနေ့ နံနက်ပိုင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများသည် သာပေါင်း မြို့ နယ်မြေခံတပ်ရင်း၌ စိုက်ပျိုး ရေးဆောင်ရွက်ထားရှိမှု၊ ဥစား ကြက်၊ DYL ၊ နွားနှင့် ဆိတ်များ မွေးမြူထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်