တပ်မတော် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၊ ဂုဏ်ပြုစားပွဲ အတူတကွသုံးဆောင်

 

နေပြည်တော်    ဩဂုတ်   ၁၀


ရဲဘော်စိတ်ဟူသည်        ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာ စောင့်သိမှု တရားပင်ဖြစ်သည်နှင့်အညီ   တပ်မတော် တွင်     တာဝန်ထမ်းဆောင်လျက်ရှိသည့်   အရာရှိ၊   စစ်သည်အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့် ထားရှိပြီး     အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန်   လိုအပ်ကြောင်း တပ်မတော် အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှု     ညီညွတ်မျှတစေရန်အတွက်  ကွပ်ကဲ အုပ်ချုပ်ရာ၌  တပ်မှူးကောင်းစိတ်ဓာတ်  (Com-mander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက် ရှိသည်။ 

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ တြိဂံဒေသတိုင်းစစ် ဌာနချုပ်မှ      တိုင်းမှူးနှင့်    တာဝန်ရှိသူများက သက်ဆိုင်ရာ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များ နှင့် နယ်မြေခံ သင်တန်းကျောင်းများသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး  ဂုဏ်ပြုစားပွဲများ ပြုလုပ်ပေး၍   တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့်     အတူတကွ     လက်ရေတစ်ပြင်တည်း သုံးဆောင်ခဲ့ကြသည်။

 


အလားတူ   တပ်နယ်အသီးသီးမှ တပ်မတော် အရာရှိကြီးများကလည်း   ၎င်းတို့၏  ကွပ်ကဲမှုများ အလိုက် တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံသင်တန်း ကျောင်းများမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဂုဏ်ပြုစားပွဲများ အသီးသီးပြုလုပ်၍ တက်ရောက်အားပေးကာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူတကွ သုံးဆောင်ခဲ့ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်