
ရန်ကုန် ဩဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြေးဆွဲနေသော ခရီးသည်တင် YBS ယာဉ်လိုင်းပေါင်း ၂၀ မှ စည်းကမ်းပိုင်းနှင့် ဝန်ဆောင်မှု ကောင်းမွန်သော ယာဉ်မောင်းများ ကို ရွေးချယ်၍ YRTC မှ ဂုဏ်ပြု ချီးမြှင့် သွားမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွင် ကျင်းပသော မီဒီယာရှင်းလင်း ပွဲမှ သိရသည်။
အဆိုပါ ပြည်သူတို့ထံ အသိ ပေးရှင်းလင်းသော မီဒီယာတွေ့ဆုံ ပွဲတွင် YRTC အနေဖြင့် ခရီးသွား ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စီးခပိုမို ကောက်ခံသော ယာဉ်လိုင်းများ အား စုံစမ်းစစ်ဆေးရေး၊ စည်းကမ်း ဖောက်ဖျက်သော မော်တော်ယာဉ် များအား CNG ပိတ်သိမ်းရေးတို့ကို သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ ယာဉ် လိုင်းပေါင်း ၂၀ တွင် စည်းကမ်းပိုင်း နှင့် ဝန်ဆောင်မှုကောင်းမွန်သော ယာဉ်လိုင်းများကို ကုမ္ပဏီတစ်ခု လျှင် ယာဉ်မောင်း သုံးဦးကျ ရွေးချယ်၍ စုစုပေါင်း ယာဉ်မောင်း ၆၀ တို့ကို တစ်ဦးလျှင် ငွေကျပ် သုံးသိန်းဖြင့် ဂုဏ်ပြုမှုကို လည်း ကောင်း၊ အကျင့်စာရိတ္တကောင်း မွန်မှုအဖြစ် ခရီးသည်များကျန်ရစ် ခဲ့သော တန်ဖိုးကြီးပစ္စည်းနှင့် ငွေကြေးများကို ပြည်သူတို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ သော ယာဉ်မောင်း ၂၀ တို့ကို လည်းကောင်း ဩဂုတ် ၂၆ ရက် နေ့တွင် ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်သည်။
ထိုသို့ ဆုများပေးအပ်ချီးမြှင့် နိုင်ရန် YRTC အနေဖြင့် ပို့ဆောင် ရေးဌာန (မြို့တွင်း)၊ ‘ဂ’စင်းလုံး ငှားဌာန၊ ‘ဃ’ ပဋိဉာဉ်ဌာန၊ စည်းကမ်း ထိန်းသိမ်းရေးနှင့် စစ်ဆေးရေးဌာန၊ အဝေးပြေး ခရီးသည် သယ်ယူပို့ဆောင်ရေး ဌာနနှင့် ကုန်စည်ကြီးကြပ်မှုဌာန တို့ဖွဲ့စည်း၍ စည်းကမ်းလိုက်နာ သော ယာဉ်မောင်းများကို အမှတ် ပေးစနစ်ဖြင့် ရွေးချယ်ဂုဏ်ပြုသွား မည်ဖြစ်ပြီး ရန်ကုန်မြို့တွင်းရှိ ခရီးသွားများ စည်ကားရာ မှတ်တိုင်တို့တွင်လည်း ယာဉ်လိုင်း များ အဝင်/အထွက်နှင့် ခရီးသွား များ ကြန့်ကြာမှုမရှိစေရန် YRTC မှ ဝန်ထမ်းနှစ်ဦးစီဖြင့် ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး